Saturday, December 24, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)


ရေးခိုင်းလို့ရေးပြီနော်။တဂ်ပေးတဲ့မမချိုချဉ်နဲ့မမဂျီးသမံစီးတို့ရေ။
တစ်ခါမှမရေးဖူးတော့ ဘယ်လိုရေးရမှန်းမသိလို့ စာမေးပွဲဖြေသလို သိတာလေးတွေချရေးပေးလိုက်ပါတယ်။



♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ခရစ်စမတ်ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိတဲ့နှစ်တွေ ရှိပါတယ်။ နှစ်တိုင်းတော့မပာုက်ပါဘူး။ မနှစ်ကဆိုပျော်တယ်။ ဘာလို့ပျော်လဲ၊ စိတ်လှုပ်ရှားလဲဆိုတော့ ခရစ်စမတ်ရှိုးကို ကိုသွားချင်တဲ့သူနဲ့ သွားလိုက်ရလို့ပါ။ ဒီနှစ်တော့ မပျော်တော့ပါဘူး..:( ။

♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
ကိုယ့်ရဲ့ အိမ်ကိုတော့ ခရစ်စမတ် သစ်ပင်တွေ ဘာတွေနဲ့ တစ်ခါမှအလှမဆင်ဘူးပါဘူး။

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
နှင်းတွေ အေးခဲနေတဲ့ နေရာကို အရမ်းသွားချင်ပါတယ်။ ဖြစ်နိုင်ရင်အပြီးပါ သွားနေချင်တာ။(အအေးပိုင်းဆိုတော့ မဲနေတဲ့အသားတွေဖြူသွားအောင်လို့..:P ) ။ တကယ်လို့ ကျွန်တော် သာ ခရစ်ယာန်ဘာသာကို ယုံကြည် သက်ဝင်သူတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် နှင်းတွေကျနေတဲ့ ခရစ်စမတ်ကိုပဲဖြတ်သန်းချင်ပါတယ်။ ဖြူဖြူ ဖွေးဖွေး နှင်းတွေကိုမြင်ရတာ စိတ်အေးချမ်းတယ် လို့ခံစားရလို့ပါ။ နှင်းလေးတွေချစ်လို့လဲပါ ပါတယ်(နှင်းတွေကအရောင်မရှိဘဲ ဖြူစင်လို့ပါ)။

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ခရစ်စမတ်ပိတ်ရက်ကို အေးအေးဆေးဆေးပဲဖြတ်သန်းချင်ပါတယ်။ ခရီးတော့ထွက်လေ့ထွက်ထမရှိပါဘူး။

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
လက်ဆောင် ဘယ်သူ့ကိုမှမပေးဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ် တော့ရဖူးတယ်။

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ခရစ်စမတ်မှာတော့ အမှတ်တရတော့မရှိပါဘူး။ ဒါပေမယ့် ခရစ်စမတ်မရောက်ခင် ကျွန်တော်ငယ်ငယ်တုန်းက အမေ့သူငယ်ချင်း ခရစ်ယာန်ဘာသာဝင် အဒေါ်ကြီးက သူတို့အဖွဲ့တွေနဲ့ သီချင်းလာဆိုတာကို အမေကလိမ္မော်သီးတွေဝယ်ပြီး ထွက်ပေးတာ လိမ္မော်သီးတွေ မပေးချင်လို့ ဧည့်သည်တွေရှေ့ မြေကြီးမှာလူးပြီးငိုဖူးတယ်။ ပိာုအဒေါ်ကြီးကယူရမလိုမယူရမလိုနဲ့။ ဧည့်သည်တွေလဲပြန်သွားရော ကျွန်တော်လဲ အမေနှက်တာ တော်တော်လေး ခံလိုက်ရတယ်။

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့အတူရှိချင်လဲဆိုတော့ အမေနဲ့အမ ပြီးတော့ (…)ပေါ့…:P
ဒါပေမယ့်ခုတော့ အခန်းဖော်ကျက်သရေတုံးတွေနဲ့ပဲ ရှိနေရမှာပါ :( (စိတ်ပျက်လိုက်တာဗျာ..)

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
လုပ်လေ့တော့မရှိပါဘူး။ နယူးရီးယားနဲ့ပတ်သက်လို့ အမှတ်တရလဲ သိပ်မရှိပါဘူး ။ ကွန်ပြူတာရှေ့မှာတင် နယူးရီးယား ကိုဖြတ်သန်းခဲ့တာနှစ်နှစ်ရှိပြီ..။

♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော် ပြ ပေး ပါ။
နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ဆိုရင်တော့ နယ်ကအိမ်ကိုပဲ ရွေးမိမှာပါ ။ (အမေ့ကိုလွမ်းလို့) နယူရီးယားမှာ အလည်အပတ် အစီအစဉ် တစ်ခါမှမရှိခဲ့ဖူးပါဘူး။

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
တစ်ခါမှလဲဆုံးဖြတ်ချက်မချဘူးလို့တစ်ခါမှအကောင်အထည်မဖော်ဖူးပါခင်ဗျာ။

♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။ ရှိတယ်။ အသက်ကြီး ကြီးသွားတာကို (ပီား.. သားက အသက်အရမ်းငယ်ချင်တာ..ဗျာ့..:P)

♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
တစ်ခါမှမရှိ….။

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
ခရစ်စမတ်နဲ့နှစ်သစ်ကာလကို ချစ်ခင်ရပါသော အွန်လိုင်းပေါ်မှ Blogger ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီ ညီမလေးများ အားလုံးပဲ ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်း နိုင်ကြပါစေဗျာ။


ဒီပို့စ်လေးရေးဖို့ တဂ်တော်မူပေးကြတဲ့ မမချိုချဉ်(candy)နဲ့ သမံစီး (ခေါ်) ဂျင်စန်မှီ တို့လဲ နှစ်သစ်မှာဝက်ဝက်ကွဲ အစွံ့ထုတ်နိုင်ပါစေလို့…။

ဒီလို တဂ်ပို့စ် ကဒါပထမဆုံးရေးဖူးတာမိုလို့အမှားအယွင်းပါရင် ခွေးလွှတ် အဲလေပာုက်ပါဘူး ခွင့်လွှတ်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်။။


13 စာဖတ်သူတို့အမြင်:

Lps said...

ကိုယ်တို့ကတော့ မရေးတတ်လို့မရေးတော့ဘူးနော် ရေးတဲ့သူတွေကိုပဲအားပေးတော့မယ်ဗျာ

လမင်းငယ် said...

စာဖတ်ပြီလှတပတ ကောင်လေး ပုံကိုကြည့် ပြီး ကျေနပ်သွားပါတယ်

လွင်ပြင်လှိုင်းငယ် said...

ဖတ်သွားညီလေးရေ ပုံလေးလဲကြည့်သွားတယ်နော်

Candy said...

လှတပတဆိုတဲ့ပုံကို မျက်စမှိတ်ကြည့်သွားတယ်...
လှတယ်တော့ အဟတ်ဟတ် :D

တဂ်ပိုစ့်ရေးပေးတာ ကျေးဇူးဗျို့

Angelhlaing(May everybody be happy and healthy! said...

ပျော်ရွင်ဖွယ် ခရစ်စမတ်လေးပါ မောင်လေးရေ..

မိုးသက် said...

အစ်ကိုချောကလတ်ရေ... နှင်းတွေကျနေတဲ့ ခရစ္စမတ် ပေမယ့်
မပျော်နိုင်ပါဘူးဗျာ....။ စာမေးပွဲရှိလို့ပါ..အဟက်..။
နှင်းတွေကတော့ ချစ်စရာကောင်းတာအမှန်ပဲ..။

mstint said...

တဂ်ပို့စ်လေးဖတ်သွားတယ် ချောကလက်လေးရေ။
ခရစ်စမတ်ပွဲတော်အတွက် ချောကလက်ဝယ်ကျွေးး))
Merry Christmas & Happy New Year!!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တွတ်တွတ် said...

မမချိုချဉ်(candy)နဲ့ သမံစီး (ခေါ်) ဂျင်စန်မှီ တို့လဲ နှစ်သစ်မှာဝက်ဝက်ကွဲ အစွံ့ထုတ်နိုင်ပါစေလို့…ဆုတောင်းပေးခြင်းအတွက်...ကန်ဒီနှင့်သမီးစံမှ..မြှားနတ်မောင်လေးအား..ဒိုမိန်းသုံးနှစ်စာ ၀ယ်ယူပေးမည်ဖြစ်ကြောင်းကိုလဲ...ခိုင်လုံသောသတင်းရပ်ကွက်မှသိရှိခဲ့ရပါသည်.....:D (အရာအားလုံးအဆင်ပြေပါစေဗျာ...)

မိုးနင်း said...

အမောင်ကျူးပစ်ရေ... စိတ်တော့ဆိုးနဲ့နော်(စကားကြိုခံထားရသေးတယ်)။
ဟိုဒင်းလေ... ခရစ်စမတ်သစ်ပင်ဘေးက လှန်းထားတဲ့ အကျီ င်္လေးက ဘူ့ဟာလေးလဲဟင်..အရောင်လေးကြိုက်လို့ပါ..ဟီးဟီး

မဒမ်ကိုး said...

ချောကလက်လေးရေ ပျော်ရွှင်ဖွယ် ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေ

အမ

မဒိုးကန်

Thameesan said...

ကိုတွတ်တွတ်ရေ..အဲဒါ
ကောလဟာလတွေပါး)
ဓာတ်ပုံကတော့..ကြည့်ရတာ
ခရစ်စမတ်ပင်ကအသီးတွေ.
“မ”မလို့.ချောင်းနေပုံပဲး)
လူကြီးတွေကို.ကြပ်ကြပ်ပြစ်မှား.သိလား
အဲးဒါကြောင့်တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ဖြစ်နေတာ :P

ခေး(kalaymalay) said...

စာတပုဒ်လုံးဖတ်လာတာ အကောင်း .. အောက်ဆုံးနားရောက်မှ နင် လို့ .. ရေ၀ယ်သောက်ရတယ် ဟိးးးးးးးးးး

အလင်းသစ် said...

ဘယ်သူပြောလဲ.. ကိုယ်ဖြင့် အေးတာမှ (-32*C) လောက်နဲ့နေနေတာ ၃နှစ်ပြည့်တော့မယ်..ခုထိလည်း အနက်နုရောင်က အနက်နုရောင်ပဲ... အေးရင်ဖြူတယ်ဆိုတာ မယုံနဲ့..လကားးးးးး