Monday, April 23, 2012

“ယောက်ျားတွေကိုမယုံတော့ပါဘူး..” လို့ပြောတာကြုံနေရလား


 
“ယောက်ျားတွေကိုမယုံတော့ပါဘူး..” ကျွန်တော်တို့ယောက်ျားလေးတွေ ကိုယ်ချစ်တဲ့ ကောင်မလေးတွေကိုရည်းစားစကားပြောရင်းနဲ့  တစ်ခါတစ်လေမှာ အဲဒီစကားကိုကြားရတက်ပါတယ်။ မိန်းကလေးတွေပာာ သူတို့အချစ်ဦး(သို့)အချစ်ဆုံး နဲ့ ဆုံစဉ်ကာလမှာ ချစ်သူကသစ္စာစောင့်သိမှုမရှိခဲ့ရင်ပဲဖြစ်ဖြစ်၊ အခြားပြသနာအမျိုးမျိုးကြောင့် ချစ်သူနဲ့လမ်းခွဲခဲ့ဘူးရင် အဲဒီလိုမျိုးအမြဲပြောတက်ကြပါတယ်။ တကယ်တော့ သူတို့တွေပာာ ယောက်ျားတွေကို မယုံတော့တာထက် သူတို့ရဲ့ချစ်ဦး ဒါမှမပာုက် အချစ်ဆုံးချစ်သူကို အယုံအကြည်မဲ့သွားပြီး နောက်ထပ် အဲဒီလိုအလားသဏ္ဍာန်တူချစ်သူမျိုးကို ထပ်ပြီးချစ်ရမှာ ကြောက်ရွံ့သွားတာပဲဖြစ်ပါတယ်။ ဒါပေမယ့်တချို့ကျပြန်တော့လဲ ကောင်လေးအထင်ကြီးအောင် သက်သက်အမူပိုကာ ပြောတက်ကြပါတယ်။ ဒါပာာလဲ သူတို့ကိုဘယ်လောက်ချစ်နေလဲဆိုတာကို စမ်းသပ်ဖို့  အတွက်သာဖြစ်လို့ အပြစ်ပြောလို့တော့မရနိုင်ပါဘူး။

အွန်လိုင်းကသူငယ်ချင်းတစ်ယောက်က သူချစ်ခွင့်ပန်ထားတဲ့ကောင်မလေး ကိုသွားတွေ့တော့ အဲဒီလိုစကားကို ကြားခဲ့ရပါတယ်တဲ့ ။ ကောင်မလေးက သူမရဲ့ပထမဆုံးချစ်သူကောင်လေး ကိုသူမသေမတက်အောင်ချစ်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့ချစ်သူက အသစ်တွေ့လို့ သူမကိုပစ်သွားတဲ့ အခါမှာ တော်တော်လေးခံစားခဲ့ရပြီး နောက်လဲအလားတူခံစားချက်မျိုးကို ခံစားရမှာကြောက်သွားလို့ တကယ်ချစ်ရင်တောင် စိတ်ထဲကပဲချစ်တော့မယ်၊မယုံရဲတော့ဘူးတဲ့..။ ဒီစကားကိုကြားခဲ့တဲ့အချိန်မှာ ဆို ကောင်လေးကသူ့ကိုချစ်ပါတယ်ဆိုတာ မသိမသာပြောသွားတယ်ဆိုတာကို နားလည်လိုက်ပါတယ်။ ဒါပေမယ့် “ယောက်ျားတွေကိုမယုံတော့ပါဘူး..” လို့ လဲပြောသွားပြန်တော့ ဘာဆက်လုပ်ရမှန်းမသိအောင် ဖြစ်သွားပါတယ်။ချစ်ခွင့်ပန်ရသူကောင်လေးမှာ အောင့်သက်သက်နဲ့ အင်မတန်မှခံရခက်လှပါတယ်။ သူ့အချစ်ကိုရဖို့မရမကပဲဇွက်တိုးပြီးဆက်ချစ်ရမလား၊ အဲဒီလိုဆို အလိုက်မသိဘူးဆိုပြီး မုန်းသွားမှာလဲ ကြောက်ရပြန်ပါတယ်။ သူစိတ်ချမ်းသာဖို့ခပ်ခွာခွာပဲနေပေးရမလား၊ ဒီလိုဆိုရင်ရော လွယ်လွယ်နဲ့လက်လျော့တက်သူရယ်လို့ စွပ်စွဲခံရမှာလဲ ကြောက်ကြရပြန်ပါတယ်။  စိတ်ထဲမှာဒွိပာအမျိုးမျိုးနဲ့ တွေဝေသွားပါတယ်။ သူဘာဆက်လုပ်လို့လုပ်ရမှန်းမသိလို့ အကြံဥာဏ်တောင်းလာလို့ ဒီပို့စ်လေးကိုရေးဖြစ်လိုက်တာပါ။

ဒီလိုအဖြစ်မျိုးနဲ့ ကြုံလာရင် ကျွန်တော်တို့ယောက်ျားလေးတွေ အနေနဲ့ အောက်ကအချက်လေးတွေအတိုင်းလိုက်နေကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁)လွယ်လွယ်နဲ့လက်လျော့အရှုံးမပေးပါနဲ့။
(၂)သူမရဲ့လိုအပ်ချက်ကိုအတက်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားပါ။
(၃)သူမကိုအကြင်နာဆုံးဆက်ဆံပါ။
 (၄)သူမရဲ့အရင်အဆက်ပောာင်းအကြောင်းစုံစမ်းပြီး အဆက်ပောာင်းနဲ့ဆန့်ကျင်ဘက်ပုံစံနေပြပါ။

ဒီလိုကိစ္စမျိုးတွေကြုံရင် တစ်ချို့ယောက်ျားလေးတွေပာာ လက်လျော့ကာ အရှုံးပေးသွားတက်ပါတယ်။ တကယ်တော့ “ယောက်ျားတွေကိုမယုံတော့ပါဘူး..”ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စကားနောက်ကွယ်မှာ “အယုံရဆုံးသူကိုပဲချစ်တော့မယ်” ဆိုတဲ့ စကားတစ်ခွန်းရှိနေသေးတယ်ဆိုတာ မေ့မနေဖို့ပါပဲ။ ကျွန်တော့်သူငယ်ချင်းကောင်မလေးတစ်ယောက်ကို ဒီစကားနဲ့ပတ်သက်ပြီးမေးကြည့်မိတော့ “ယောက်ျားတွေကိုမယုံတော့ပါဘူး..” ဆိုတာ သူအဆက်ပောာင်းတွေ ၊  အဆက်ပောာင်းတွေနဲ့ ပုံစံတူ အပြုအမူအပြောအဆိုတူတဲ့ ကောင်လေးမျိုးကိုသာဆိုလိုတာပါတဲ့ ။အဓိပ္ပါယ်က အဆက်ပောာင်းတွေနဲ့မတူတဲ့သူဆို ယုံဦးမယ်ဆိုတဲ့သဘောပေါ့။

လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးတက်တဲ့ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေးတော်တော်များများက သဘောကျတက်ပါတယ်။ “ယောက်ျားတွေကိုမယုံတော့ပါဘူး..” လို့ဘယ်လောက်ပင်ပြောနေပါစေ လိုအပ်ချက်တိုင်းအတွက် အလိုက်သိနေတက်တဲ့ သူမျိုးကိုတော့ စိတ်ထဲမှာအသိအမှတ်ပြုပြီး ယုံချင်စိတ်ဖြစ်ပေါ်လာနိုင်ပါတယ်။

အကြင်နာရိပ်သန်းတဲ့မျက်လုံးတွေ ၊ အကြင်နာအငွေအသက်ပါနေတဲ့ အပြုအမူတွေက မိန်းကလေးတိုင်းရဲ့ သည်းခြေကြိုက်ပါ။ ယောက်ျားလေးတွေကိုမယုံပါဘူးဆိုတဲ့ဘယ်လို မိန်းကလေးပဲဖြစ်ဖြစ် အကြင်နာပာန် ထင်ပာပ်နေတဲ့  အပြုအမူ အပြောအဆိုတွေကို မြင်ရဖန်များရင်တော့ ယောက်ျားလေး တစ်ယောက်ကို ယုံကြည့်ဖို့ကြိုးစားကြည့်ချင်စိတ်တော့ ဖြစ်သွားမှာပါ။

သူမရဲ့အရင်အဆက်ပောာင်းအကြောင်းစုံစမ်းပြီး အဆက်ပောာင်းနဲ့ဆန့်ကျင်ဘက်ပုံစံနေပြပါ။ ဒီလိုနေပြတာလဲ သူရဲ့အဆက်ပောာင်းတွေနဲ့ ပုံစံမတူလို့ သူ့စိတ်ထဲမှာ မင်းကို ယုံကြည်ချင်စရာကောင်းတဲ့သူရယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အနည်းဆုံးတော့ မယုံကြည်ချင်တော့တဲ့စိတ်ရဲ့ တစ်ဖက်မှာ ကျန်ရှိနေတဲ့ယုံကြည်ချင်တဲ့စိတ်ထဲမှာ မင်းအတွက်နေရာတစ်ခုတော့ ရနိုင်မှာပါ။


ချောကလက်ကျူးပစ်လေး
10:59 PM
23/4/2012

Tuesday, April 17, 2012

မော်လမြိုင်သင်္ကြန်သို့တစ်ခေါက်

ဒီနှစ်သင်္ကြန်မှာတော့ မော်ရွှေမြိုင်လို့တင်စားခေါ်ဝေါ်ကြတဲ့ရာမညမြေ မော်လမြိုင်မြို့ကိုမထင်မှတ်ဘဲ ရောက်ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့ကျွန်တော်အပါအ၀င်(၃) ယောက်သင်္ကြန်မတိုင်ခင်တစ်ရက်အလိုမှာ ရန်ကုန်ကနေ မွန်တို့ဋ္ဌာနေ ရာမညမြေကို ထွက်ခွာခဲ့ကြပါတယ်။

ကားပေါ်ရောက်ပြီဆိုတာနဲ့လမ်းတစ်လျှောက်လုံးအိပ်ပြီးလိုက်လာခဲ့တဲ့ကျွန်တော် မော်လမြိုင်မြို့ကိုအ၀င်ရောက်တော့ တံတားကိုဖြတ်ပြီးမြို့ထဲဝင်တော့မှာမလို့သံလွင်မြစ်ကြီးကိုကြည့်ဖို့သူငယ်ချင်းကအတင်းနှိုးလို့ထပြီးမြစ်ကြီးကိုကြည့်မိပါတယ်။ 
 မြန်မာနိုင်ငံမှာအရှည်ဆုံးမြစ်လို့ပြောကြတဲ့သံလွင်မြစ်ကိုပထမဆုံးကျွန်တော်မြင်ဖူးခဲ့တာပါ။သံလွင်တံတား(မော်လမြိုင်)ကိုဖြတ်သန်းရင်းနဲ့သံလွင်မြစ်ရဲ့ အလှကိုခံစားရင်း လေကောင်းလေသန့်တွေကိုလဲ တ၀ကြီးရှုရှိုက်ခဲ့မိပါသေးတယ်။

ဒါ့ပြင်ထူးခြားလှတဲ့ ခေါင်းဆေးကျွန်းကို သံလွင်တံတားပေါ်ကနေ တွေ့မြင်ခဲ့ပါသေးတယ်။ ကျွန်းပေါ်က ဘုန်းကြီးကျောင်းနဲ့ စေတီတော်များလည်းကိုအဝေးကနေဖူးမျှော်မြင်တွေ့ရပါတယ်။ မြစ်ထဲမှာသောင်ထွန်းတာပဲမြင်ဖူးတဲ့ ကျွန်တော့်အဖို့ကတော့ဒီလိုကျွန်းကိုမြစ်ထဲမှာ မြင်ရတာအထူးအဆန်း ဖြစ်လို့နေပါတယ်။  ခေါင်းဆေးကျွန်းအပြင်အခြား ကျွန်းငယ်တွေကိုလဲသံလွင်မြစ်ထဲမှာလှပစွာတည်ရှိနေတာတွေ့ခဲ့ရပါတယ်။
ခေါင်းဆေးကျွန်း(သွားနေတဲ့ကားပေါ်ကနေ ဖုန်းကကင်မရာနဲ့ရိုက်လိုက်ရတာဆိုတော့ သိပ်တော့အဆင်မပြေပါဘူး)
 မော်လမြိုင်ရောက်တော့ ကျွန်တော်တို့တည်းခိုဖို့ကို သံလွင်ပိာုတယ်မှာ စီစဉ်ပေးပါတယ်။ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုပဲ ရန်ကုန်ကသူငယ်ချင်းက ဖုန်းဆက်ပြီးအဲဒီမှာ သရဲခြောက်တယ်လို့ သတင်းပေးပါလေရော။ သရဲကိုအယုံအကြည်မရှိတဲ့ ကျွန်တော်အဖို့တော့ မကြောက်ပေမယ့် သူငယ်ချင်းတစ်ယောက်ကတော့ ဖင်တုန်အောင်ကြောက်လို့နေပါတယ်။ ပြီးတော့ဘာမှလဲမပာုက်ပါဘူး။ နောက်ပြီးအဲဒီပိာုတယ်နဲ့ ပတ်သက်တဲ့ ထူးခြားချက်တစ်ခုရှိသေးတယ်။ အဲဒီအကြောင်းလေးလဲပြောချင်တယ် ။မှန်မမှန်တော့ကျွန်တော်လဲမသိ ပါဘူး...ကြားလာတာကိုပြန်ပြောပြတာပါ။ အရင်ပိာုတယ်ပိုင်ရှင် က ဘာမှမရှိတဲ့ ဘိန်းစားကုလားကြီးတစ်ယောက်ပါ။တစ်နေ့သူ က ညောင်ပင်အောက်မှာအိပ်ပြီး ဘိန်းရှုနေရင်း အပင်ပေါ်က ပစ်ချလိုက်ရမလား ဆိုတဲ့အသံကိုခဏခဏကြားရတယ်။နောက်ဆုံးတော့အဲဒီအဘိုးကြီးက စိတ်မရှည်လို့ ပစ်ချလိုက် လို့ပြန်ပြောလိုက်တော့ အထုပ်တစ်ထုပ်ကျလာပါတယ်တဲ့။ အဲဒီအထုပ်ကြိးကစိန်ထုပ်ကြိးတဲ့ဗျာ။ အဲဒါနဲ့ပိာုတယ်ကိုဆောက်ခဲ့တာပါတဲ့။ ခုတော့ပိုင်ရှင်ပြောင်းနေပါပြီ။ 
တည်းခဲ့တဲ့ပိာုတယ်
သင်္ကြအကြိုနေ့နဲ့အကျနေ့ကို အဲဒီမှာကလေးသင်္ကြဆိုပြီးတော့ အဲဒီနေ့တွေမှာ ရေပတ်သူမရှိလောက်အောင် နည်းပါးတာကို တွေ့ရပါတယ်။ဒါနဲ့ ကမ်းနားလမ်းက ဗပိာုမဏ္ဍပ်ကို သင်္ကြအကြိုနေ့ညပိုင်းမှာမှာ သွားကြည့်ခဲ့ကြပါတယ်။ (မကြည့်လဲဘာမှကိုကြည့်စရာမရှိတော့တာပါ)။ ယဉ်ကျးမှုနဲ့အညီ မဏ္ဍပ်ဖွင့်ပွဲမှာ ယိမ်းအကပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပသွားတာတွေ့ရပါတယ်။ ဒါပေမယ့် ကြည့်ရှုသူက မြို့နေလူထုနဲ့စာရင် တော်တော်နည်းပါးတာတွေ့ရပါတယ်။ (နောက်နေ့ခေတ်ပေါ် အဆိုတော်တွေ ဆိုတော့ ကတော့ လာလိုက်ကြတာ...တော်တော်ကိုကွာတယ် ထင်ပါရဲ့နော်)
မော်လမြိုင်ဗပိာုမဏ္ဍပ်
 အကြိုနေ့ညနေပိုင်းမှာပဲ ဗပိာုမဏ္ဍပ်ကဧည့်ခံတဲ့ သင်္ကြန်ထမင်းကို ပထမဆုံးစားဖူးခဲ့ပါတယ်။ ရေစိမ်ထားတဲ့ ထမင်းကို ငါးခြောက်ကြော် ၊ သရက်သီးသုတ်တွေနဲ့ တွဲဖက်စားရတာဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ မကြိုက်လို့ စားတောင်မ၀င်ဖြစ်ခဲ့ပါတယ်။  ကျွန်တော့်ကတော့  ပေါ့ပေါ့ပါးပါးလေးနဲ့ အရသာရှိတာမို့ သင်္ကြန်ထမင်းကို နှစ်ပန်းကန်တောင်အ၀တုတ်ခဲ့ပါတယ်။အကျက်နေ့တွေနဲ့ အတက်နေ့တွေမှာတော်တော်ကိုစည်ကားတာတွေ့ရပါတယ်။ ကမ်းနားလမ်းတစ်လျှောက် ကားတွေ၊ဆိုင်ကယ်တွေ နဲ့ပြည့်ကျပ်နေပါတယ်။ ဒါ့ပြင်ထူးခြားချက်က မော်လမြိုင်ကလူငယ်တွေအားလုံး မျက်နှာကို မိတ်ကပ်အဖြူတွေလိမ်း မျက်လုံးတွေအမဲရောင်တွေ ချယ်ပြီး ကိုယ့်အဖွဲ့နဲ့ကိုယ် တူညီဝတ်စုံတွေနဲ့လည်ကြတာကို ထူးထူးခြားခြားတွေ့ရပါတယ်။
သင်္ကြန်လည်ထွက်လာတဲ့ကားတွေ

 ဒိုင်းဝန်ကွင်းရပ်ကွက်ဘက်တွေမှာလဲတော်တော်ကိုစည်စည်ကားကားနဲ့ ရှိလှပါတယ်။ ကျွန်တော်တို့တွေလဲ နေရာစုံ ရောက်အာင်ဆိုင်ကယ်နှစ်စီးနဲ့ ဆိုင်ကယ်နှစ်စီးနဲ့ လည်ခဲ့ပါတယ်။ ပျော်စရာကောင်းပေမယ့် ဆိုးတာတစ်ခုက မြစ်ရေတွေနဲ့ ပတ်တာဆိုတော့ တော်တော်ကို ယားပါတယ်။ ကျွန်တော်ဆိုအခု နဂိုထဲက မဲနေတဲ့အသားလေးနေလောင်လို့ ထပ်မဲသွားတဲ့အပြင် ဘုတွေပါထနေလို့ တော်တော်ကိုကုယူရဦးမှာပါ..။:P

မညီမညာနဲ့လှနေတဲ့ယိမ်းသမလေးတွေ..:P


ဘာပဲဖြစ်ဖြစ်ပါ..။အခုသွားခဲ့ရတဲ့ခရီးလေးကိုတော်တော်ပျော်ပါတယ်။ ကိုယ်မရောက်ဖူးတဲ့ဒေသဆိုတော့ ဗပာုသုတအတွေ့အကြုံတွေအများကြိးရခဲ့ပါတယ်။ နှစ်ဆန်းတစ်ရက်နေညနေမှာတော့ကျွန်တော်တို့ ရန်ကုန်ကိုပြန်ရောက်ပါတယ်။ အဲ..ထူးခြားတာ တစ်ခုရှိသေးတယ်..သူတို့ဆီမှာက နှစ်ဆန်းတစ်ရက်နေ့ပါ ထူထူးထူးခြားခြားရေပတ်တာတွေ့ရပါတယ်။ ပြီးတော့နှစ်ဆန်းတစ်ရက်နေ့ကပိုစည်တယ်လို့လဲသိရပါတယ်။ ဒါပေမယ့် အင်တာနက်မရှိတော့ ရွစိစိ ဖြစ်ပြီးတားမရဆီးမရ နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်ရွှေမြို့တော်ကြီး ပြန်လာခဲ့ပါတယ်။

...........................................
အိပ်ချင်နေလို့အများကြိးမရေးတော့ဘူးဗျို့..
ဒီမှာမနက်2နာရီခွဲနေပြီ....:P