Tuesday, November 13, 2012

Fancy Idol of Celebrity (ဒီရေတိုး)



Fancy Journal ရဲ့စာချစ်သူတို့အတွက် ဒီတစ်ပတ် Fancy Idol of Celebrity ကဏ္ဍကနေ  ကြိုဆိုပါတယ်။ ဒီကဏ္ဍလေးက အောင်မြင်ကျော်ကြားသူတို့ ရင်ထဲမှာ လေးစားနှစ်သက် ချစ်ခင်ရတဲ့သူတွေ အကြောင်းကို တင်ပြပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်တော့ အဆိုတော်၊ သရုပ်ဆောင် ဒီရေတိုး  နဲ့ သူနှစ်သက်အားကျသူ အနုပညာရှင်အကြောင်းတင်ပြပေးလိုက်ရပါတယ်။
   
 

မေး-   လက်တလော လှုပ်ရှားမှုတွေကနေ စပြီး ပြောပြပေးပါဦး။
ဖြေ- အခုလက်တလောက ကျွန်တော် ကိုရဲလေးရဲ့ VCD ရိုက်ထားတယ် ။ နောက်ထပ် ဖြိုးကျော်ထိုက်တို့     ထိုက်ထိုက်တို့ သူတို့ ရဲ့ VCD တွေမှာ ၀င်သရုပ်ဆောင်ပေးထားတယ်။ နောက်ထပ် ကျွန်တော့်ရဲ့ ဒုတိယအခွေကို လုပ်နေပါတယ်။ ပြီးတော့ TV Program တွေကတော့ Mail Box တို့ တခြားကဏ္ဍလေးတွေလဲ ရိုက်ထားတယ်ဗျာ့။

မေး-   အစ်ကို အကြိုက်ဆုံး နိုင်ငံတကာအနုပညာရှင်က ဘယ်သူများဖြစ်မလဲ။
ဖြေ-     ကျွန်တော်ကြိုက်တဲ့ အနုပညာရှင်တွေက အများကြီးပါ ။ အဲဒီအထဲကမှ အကြိုက်ဆုံးကတော့ Enrique Iglesias ပါ။

မေး-   Enrique Iglesias ကို ဘယ်လိုအချက်တွေကြောင့် အကို ကြိုက်နှစ်သက်တာလဲ။
ဖြေ-     ကျွန်တော်သူ့ကို ကြိုက်တဲ့ အဓိက အကြောင်းအရင်းက သူ့ရဲ့အသံနဲ့ သူရဲ့ဖက်ရှင်ပါ။ သူ့အသံနဲ့ သူ့ဖက်ရှင်က Match ဖြစ်တယ် ။ နောက်တစ်ခု အဲဒါကတော့  သူ့ရဲ့ Life Style ဘက်ကိုကြည့်ရင်လဲ သူက ဘယ်တော့မှရှုပ်ရှုပ်ထွေးထွေး နေခဲ့တာ မရှိဘူး ။ နောက်ထပ်တစ်ခု သူ့အဖေကလဲ အဆိုတော်ပဲ ဒါပေမယ့် သူ့အဖေနဲ့ မတူတဲ့ Genre နဲ့ သူ့အဖေရဲ့ အသံနဲ့မတူတဲ့ နောက်အသံတစ်မျိုးနဲ့  ကမ္ဘာကျော်အောင်လုပ်နိုင်တယ် ။ အဲဒီအချက်ကိုလည်းလေးစားပါတယ်။

မေး-   Enrique Iglesias ရဲ့ သီချင်းတွေထဲက ဘယ်သီချင်းအကို စနားထောင်ပြီးကြိုက်ခဲ့တာလဲဗျာ့။
ဖြေ-     သူရဲ့သီချင်းတွေက စကြိုက်ခဲ့တဲ့သီချင်းက Hero ပါ။ သူရဲ့နာမည်အကြီးဆုံး သီချင်းပါပဲ။ အဲဒီတုန်းထဲက Hero ကို မြန်မာ မှာလဲ ကော်ပီ တွေအများကြီးလုပ်ကြတယ်။သူရဲ့နာမည်အကြီးဆုံး သီချင်းပါပဲ။ ဒါပေမယ့် ပိာုးရင်က ထွက်ခဲ့တဲ့ သူ့သီချင်းတွေကနေ အခုနောက်ပိုင်း သီချင်းတွေအထိ အားလုံးနီးပါး ကျွန်တော်ကြိုက်ပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ သူ့ရဲ့ သီချင်းတွေအားလုံး နားထောင်ဖြစ်တယ်။  Show တွေမှာတောင် တစ်ခါတစ်လေ သူ့ရဲ့သီချင်းတွေဆိုဖြစ်ပါတယ်။

မေး-   Enrique Iglesias က အကို ငယ်ငယ် ကကြိုက်ခဲ့တဲ့ အဆိုတော်တွေ နဲ့ရောထပ်တူကျရဲ့လား။
ဖြေ-     ကျွန်တော် ငယ်ငယ်ကကြိုက်ခဲ့တဲ့ အဆိုတော်တွေက Boy Band တွေ များတယ်။                 Westlife တို့   Backstreet Boys တို့ ပေါ့။ သူတို့တွေက ကျွန်တော်သီချင်းတွေ နားထောင်တက်အောင် သင်ပေးခဲ့တာပေါ့။ အဓိက တော့ Pop တွေပေါ့ ။ အဲဒီနောက်ပိုင်းကျတော့ Pop မကျ Rock မကျ Slow Rock လေးတွေကို ပိုကြိုက် ပိုနားထောင် ဖြစ်လာတယ်။ အဲဒီလို ပုံစံနဲ့အကိုက်ဆုံးကလဲ Enrique ဖြစ်နေတယ်လေ။

မေး-   Enrique Iglesias က သီချင်းဆိုတာအပြင် အချို့ရုပ်ရှင်တွေ မှာလဲ သရုပ်ဆောင်တာတွေ့ရတယ်။ သူသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတွေရော အကိုကြည့်ဖြစ်လား။
ဖြေ-     ပာုက်ကဲ့ ။ ကျွန်တော် သူဇာတ်ပို့လုပ်ထားတဲ့ တစ်ကားကြည့်ဖူးတယ်ဗျာ့ ။ Action ကားလေးပဲ ။ နာမည်တော့ မေ့နေပြီ။ ပြီးတော့ Spanish  TV Series တစ်ခုမှာလဲ သရုပ်ဆောင်တာ တွေ့ဖူးတယ် ။

မေး-   Enrique Iglesias နဲ့ အပြင်မှာတွေ့မယ်ဆိုရင် ဘယ်များပြောချင်လဲ။
ဖြေ-     ကျွန်တော်က သူရဲ့ Fan ဆိုတာပြောမယ်။ သူနဲ့ပတ်သက်တဲ့ ကျွန်တော်မှာရှိတဲ့ Data တွေအကြောင်းပြောပြမယ်။ သူ့ရဲ့အခွေတွေ၊ သူ့ရဲ့ဓါတ်ပုံတွေ ၊ သူ့ရဲ့ ဂျာနယ်မှာပါတဲ့ အကြောင်းတွေ ဖြတ်သိမ်းထားတာမျိုးတွေ ပြဖြစ်မယ်ထင်ပါတယ်။ ပြိးတော့ ကျွန်တော်သူ့သီချင်းတွေကိုလဲ ဆိုပြဖြစ်ပါလိမ့် မယ်။

မေး-   အချိန်ပေးပြိးဖြေပေးတာကျေးဇူးတင်ပါတယ်။
ဖြေ-     ကျွန်တော်က လဲ Fancy ကိုကျေးဇူးတင်ပါတယ်။




ဒီရေတိုးနှစ်သက်တဲ့ အားကျတဲ့ Enrique Iglesias ကတော့ စပိန်နွယ်ဖွား အဆိုတော်တစ်ယောက်ပါ။  Latin pop,  R&B,  dance-pop,  softrock,  rap စတဲ့ ဂီတအမျိုးအစားတွေကို သီဆိုနေသူဖြစ်ပြီး အဆိုတော်တစ်ယောက်အပြင် သီချင်းရေးသူ၊ တေးဂီတထုတ်လုပ်သူ၊သရုပ်ဆောင် နဲ့ မော်ဒယ် အလုပ်တို့ကို လုပ်ကိုင် သူဖြစ်ပါတယ်။

စပိန်လူမျိုး အဆိုတော် Iglesias ကို  မေလ ၈ ရက် ၁၉၇၆ မှာ စပိန်နိုင်ငံ Madridမြို့ မှာမွေးဖွားခဲ့ပါတယ်။ Iglesias ပာာ  စပိန်လူမျိုး အဆိုတော် Julio Iglesias ရဲ. တတိယ မြောက် သားအငယ်ဆုံးဖြစ်ပါတယ် ။ 1994 ခုနှစ်မှာ ဂီတလောကကို စတင်အခြေချခဲ့သူ Iglesias ပာာ စပိန် ၊ အင်္ဂလိပ် နှစ်ဘာသာစလုံးကို ကျွမ်းကျင်စွာ ပြောဆိုတက်သူဖြစ်ပါတယ်။ အဲဒီလို ဘာသာစကားကျွမ်းကျင်မှုက သူ့ရဲ့ တေးသီချင်းသီဆိုမှုကိုများစွာအထောက်အကူပေးခဲ့ပါတယ်။1999 ခုနှစ်ကစလို့ Iglesias ပာာ အင်္ဂလိပ် ဂီတလောကကို ထိုးဖောက်အောင်မြင်လာခဲ့ပါတယ် ။  သူရဲ့ပာာ နာမည်ကြီး လက်တင် အဆိုတော်တွေဖြစ်တဲ့ Ricky Martin တို့ Gloria Estefan တို့ နဲ့တန်းတူ အောင်မြင်မှုရခဲ့ပါတယ်။1999 ခုနှစ် မှာပဲ Iglesias ရဲ့Show ကိုလာရောက်ကြည့်ရှုခဲ့တဲ့ မင်းသား Will Smith က သူရဲ့ Wild Wild West ရုပ်ရှင် အတွက် ဇာတ်ဝင်သီချင်းသီဆိုပေးဖို့ ကမ်းလှမ်း ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ထုတ်ဝေခဲ့တဲ့ Bailamos အခွေပာာလည်း US မှာ နံပါတ်(၁) နေရာကနေ နာမည်ကျော်ခဲ့ပါတယ်။ 

2001 မှာ သူ့ရဲ့ ဒုတိယမြောက် အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့  Album ဖြစ်တဲ့ Escape ကိုထုတ်ဝေခဲ့ပါတယ်။ အဲဒီ Album ထဲက  Hero  သီချင်းပာာ Iglesias ရဲ့ အောင်မြင်မှုတွေကို ထပ်ဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ 2002  နိုဝင်ဘာ မှာတော့ စပိန်ဘာသာစကားနဲ့  သီဆိုထားတဲ့ Quizás  Album ကို ထုတ်ဝေခဲ့ပါတယ် ။ အဲဒီ Album ထဲမှာ သူ့ရဲ့ဘ၀နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ထည့်သွင်းသီဆိုထားတဲ့ သီချင်းတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီ Album ပာာ Bill Board 200  မှာ နံပါတ် (12) ချိတ်ခဲ့ပြီး အခြား စပိန် Album တွေထက် အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။

တေးသီချင်း သီဆိုမှုအပြင် သရုပ်ဆောင်ပညာ ကိုပါ စိတ်ဝင်စားသူ Iglesias  ပာာ 2003 ခုနှစ်မှာ Once Upon a Time in Mexico ရုပ်ရှင်မှာ အခန်းအနည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။2007 ခုနှစ်မှာတော့ တီဗွီပာာသ ဇာတ်လမ်း Two and a Half Men မှာ လက်သမား အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Iglesias ပာာ of CBS ရဲ့နာမည်ကျော်  TV Show ဖြစ်တဲ့ How I Met Your Mother ရဲ့ season 3 မှာလဲ ဧည့်သည်သရုပ်ဆောင်အနေနဲ့ထပ်မံ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အခုဆိုရင် ဒီရေတိုးရဲ့ Idol ဖြစ်တဲ့Iglesias ရဲ့ အောင်မြင်မှုတွေအကြောင်း သိရှိရပြီဖြစ်လို့  ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။
Iglesias ကို တေးသံရှင် ဒီရေတိုး နှစ်သက်သလို Fancy စာချစ်သူတွေလည်း နှစ်သက်လို့ သူအကြောင်းတွေပိုသိချင်ရင်တော့ http://www.enriqueiglesias.com မှာ သူရဲ့ လတ်တလောလှုပ်ရှားမှုတွေကို သိရှိနိုင်သလို facebook ကနေမှ သိကျွမ်းချင်သူတွေကတော့ https://www.facebook.com/Enrique ကို Like လုပ်နိုင်ပါတယ်လို့ သတင်းပေးလိုက်ရပါတယ်။
Fancy စာချစ်သူတွေ ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ကာလလေး ကို ပိုင်ဆိုင်နိုင်ပါစေ  ။

                                                                                                                     ရဲကို

                                                                             Fancy journal Vol(1),No.(9)

Sunday, November 4, 2012

ကျွန်တော့်ရဲ့ပာမ်းစတားလေးများ(2)

ဒီတစ်ခေါက်တင်လိုက်တဲ့ပာမ်းစတားလေးတွေက အသစ်တွေပါ။ အရင်မွေးထားတဲ့ ပာမ်းစတားတွေ ကပေါက်လာတဲ့ ပာမ်းစတားအညိုရောင်အမလေးနဲ့ လက်ဆောင်ရတဲ့ ဖြူဝါကြား အထီးလေးပါ။မိသားစုနဲ့ ခွဲနေတဲ့ ကျွန်တော့်အတွက် မိသားစုဝင်တွေပေါ့...။

အခုကအိမ်မှာလဲ ပာမ်းစတားလေးတွေ ပေါက်နေပြီဖြစ်လို့ ပာမ်းစတားသားပေါက်လေးတွေနဲ့ ပာမ်းစတားတွေ အတွက်လိုအပ်ချက်လေးတွေကို ပာမ်းစတားချစ်သူ တွေပာမ်းစတားဆိုင်ကပြောပြ တဲ့အတိုင်း မျှဝေပါတယ်။

တကယ်လို့ပာမ်းစတားလေးတွေမွေးချင်တယ်ဆိုရင်ီကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။ 
Dennis  နဲ့  Nyomi
ဗိုက်ကြီးသည်Nyomi

- ပာမ်းစတားလေးတွေပေါက်မလာခင် (မွေးခါနီး) အချိန်မှာဆိုရင် အစာနဲ့ရေကိုအပြည့်အ၀    ပိုလျှံစွာ ထည့်ပေးထားရပါမည်။ အကောင်လေးတွေ ပေါက်လာရင်  အစာထည့်ရန် အဆင်မပြေ ဖြစ်တက်ပါတယ်။ 
-ပာမ်းစတားလေးတွေကစားတဲ့Wheelတွေကိုဖြုတ်ထားပေးပါ။ မတော်တဆပြုတ်ကျရင်ကိုယ်ဝန်ပျတ်ကျနိုင်လို့ပါ။
- ပာမ်းစားအမအသိုက်ပြုရန် Tissues(သို့) အိမ်သာသုံးစက္ကူများထည့်ပေးပါ။
 - ပာမ်းစတားလှောင်အိမ်ကို ဆူညံမှုနည်းတဲ့နေရာမှာထားပေးပါ။.
 
သူတို့ကမ္ဘာငယ်လေး
ဘေဘီပာမ်းစတားလေးများ
- ပာမ်းစတားသားပေါက်လေးများကိုလုံးဝမထိမိစေရန်ဂရုပြုပါ။ မိခင်ပာမ်းစတားက   သူမ၏သားပေါက်များကိုပြန်စားတက်သည်။
- နှစ်ပတ်သားအရွယ်ရောက်မှ ပာမ်းစတားလေးများကို စတင်ထိကိုင်နိုင်ပါသည်။
 - ပာမ်းစတားလေးများ(၁၂)ရက်သားအရွယ်ရောက်မှ အောက်ခံ bedding များကိုအသစ်လဲနိုင်သည်။
-သားပေါက်လေးများမွေးဖွားပြီး နှစ်ပတ်ခန့်ကြာမှ လှောင်အိမ်ကိုသန့်ရှင်းရေးလုပ်ပါ။
- လေးပတ်သား အရွယ်ရောက်လျှင် မိခင်နဲ့ခွဲထားလို့ရနိုင်တဲ့ အခြေအနေရောက်ပါပြီ။
 
ပာမ်းစတားတွေရဲ့ ပေါင်ဒါ
ပာမ်းစတားတွေရေချိုးပေးဖို့မလိုဘဲ သန်စင်ပေးဖို့သုံးရပါတယ်။
ပာမ်းစတားလေးတွေ လူးတဲ့ သဲ
ပာမ်းစတားတွေ မှာကပ်နေတဲ့ ပိုးမွှားတွေသန့်စင်ဖို့နဲ့ အနံဆိုးမထွက်အောင် သုံးပေးရပါတယ်။
ပာမ်းစတားတိုင်းမရှိမဖြစ်လိုအပ်တဲ့ Bedding
ပာမ်းစတားလေး တွေအသိုက်ပြုလုပ်ဖို့သုံးပါတယ်။
ပာမ်းစတားအစာတွေထဲတစ်မျိုး (နေကြာစေ့)
နေကြာစေ့ကျွေးတာပာာ ရယ်ဒီမိတ်အစာတွေထက် ပာမ်းစတားလေးတွေစွန်ထုတ်တဲ့ 
မစင်တွေမှာ အနံထွက်မှုနည်းပါးပါတယ်။ 
ပာမ်းစတားအားဆေး
ပာမ်းစတားတွေအတွက်လိုအပ်တဲ့ ဗီတာမင်အားဖြည့်ဆေးပါ။ ကိုယ်ဝန်ဆောင်ပာမ်းစတားတွေနဲ့ ဘေဘီပာမ်းစတားတွေအတွက် အထူးလိုအပ်ပါတယ်။


 


Sunday, October 21, 2012

Fancy Idol of Celeberity (၀င့်ယမုံလှိုင်)


Fancy Journal  ပရိသတ်ကြီးရေ ဒီတစ်ပတ် Fancy Idol of Celeberity ဏဏ္ဍမှာ အခုလက်တလော ဂျာနယ်၊ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ မကြာခဏတွေ့နေရပြီ MRTV-4 ကရိုက်ကူးတင်ဆက်နေတဲ့ The Sign Of Love ရုပ်သံဇာတ်လမ်းတွဲ တွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မော်ဒယ်လ် သရုပ်ဆောင် ၀င့်ယမုံလှိုင် နဲ့ သူမ နှစ်သက်အားကျ တဲ့ အနုပညာရှင်အကြောင်းတင်ဆက်ပေးထားပါတယ်။ 

Photo Credit >>>Original Photographer & myanmarcelebrity.com



လတ်တလော Sign Of Love ဇာတ်လမ်းတွဲအပြင် ညီမဘာတွေလုပ်နေလဲ?
          ဟုတ်ကဲ့ - ညီမ Bangkok Airways ကြော်ငြာလေးတစ်ခု ဘန်ကောက်မှာ သွားရိုက်ဖို့ရှိတယ်။ နောက်ဂျာနယ်တွေ၊ မဂ္ဂဇင်းအတွက် ပုံမှန် ဓာတ်ပုံရိုက်ပေးဖြစ်တယ်။ နောက်ပြီး VCD တွေလည်း ရိုက်ဖို့ရှိပါတယ်။

နှစ်သက်အားကျတဲ့ ပြည်ပက အနုပညာရှင်ဆိုရင် ဘယ်သူဖြစ်မလဲ?
          ပြည်ပက ဆိုရင် ညီမ Megan Fox ကိုသဘောကျပါတယ်။

Megan Fox ကို ညီမလေးသဘောကျရတဲ့ အကြောင်းအရင်းက --------?
          ဟုတ်ကဲ့ - အဓိကကတော့ သူ့ရဲ့ ကိုယ်နေဟန်ပေါ့။ လူတစ်ယောက်မှာ အဓိက ကကိုယ်ပိုင်ဟန်လေ။ အဲ့လို ကိုယ်ပိုင်ဟန်နဲ့ အမိုက်စားဖြစ်နေတဲ့ သူ့ရဲ့ ပုံစံကို သဘောကျတာ။

Megan Fox မှာ အဓိက ထူးခြားချက်က သူမျက်လုံး လို့ပြောကြတယ်လေ။အဲ့ဒီအချက်ကို ညီမကရော ဘယ်လိုယူဆလဲ?
          ဟုတ်ကဲ့ - သူ့ရဲ့ မျက်လုံးက ထူးခြားတယ်၊ ညှို့ငင်အားအပြည့်ရှိတယ်။ ကြ ည့်လိုက်တာနဲ့ သေလောက်တယ်။ နောက်ပြီး သူ့ဆီမှာ ညီမ သဘောကျတာ ရှိသေးတယ်။ အဲ့ဒါက သူ့ရဲ့ နူတ်ခမ်းပါ။ လုံးဝကို ဆွဲဆောင်မှု့ ရှိတဲ့ သူ့ရဲ့ နူတ်ခမ်းကိုလည်းအရမ်းကြိုက်တယ်။

Megan Fox ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး ညီမရဲ့ အမြင်ကိုသိချင်ပါတယ်?
          သူက Professional Model တစ်ယောက်အနေနဲ့ အပြင်လုံးဝ တန်းဝင်မင်းသမီး တစ်ယောက် အနေနဲ့ပါ ရပ်တည်နိုင်တယ်။ အဲ့လို နှစ်ဖက်စလုံးမှာ အောင်မြင်လုပ်နိုင်တဲ့ သူရဲ့ အရည်အချင်းကို လေးစားတယ်။

Megan Fox  ကအခုအချိန်မှာ ဆွဲဆောင်အားအပြည့်ရှိတယ် အဲ့ဒါကြောင့် ညီမက သူ့ကိုသဘောကျတယ်။ Megan Fox ထက် ပိုပြီးတော့ ဆွဲဆောင်အားကောင်း တဲ့ Model တစ်ယောက်ထပ်ပြီးတော့ ပေါ်လာအုံးမယ်ဆိုရင် ညီမ Megan Fox အပေါ်မှာ ထားတဲ့ လေးစားအားကျမှုတွေက လျော့သွားမယ်လို့ညီမ ထင်လား?
                        ဟင့်အင်း -  အဲ့လိုတော့ မရှိပါဘူးရှင့် ညီမ က ကြိုက်မိပြီဆိုရင် အရမ်းအဆွဲကြီးတယ်။ အခုလည်းသူ့ကို ကြိုက်တယ်၊ နောက်လည်းသူ့ကိုကြိုက်နေအုံးမှာပဲ။ သူ့ရဲ့ Style တွေက ညီမအတွက် ရိုးသွားတယ်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ သူ့ကြည့်လိုက်ရင် အမြဲတမ်း Active ဖြစ်ပြီးတော့ အမြဲတမ်း Fashion ကျနေတာကို ညီမ က သဘောကျတယ်။


Megan Fox  ရဲ့ ဆွဲဆောင်မှု့ အပြည့်ရှိတဲ့ Fashion ကို ညီမအနေနဲ့ အတုယူဝတ်ဆင်ကြည့်ချင် တာမျိုးရောရှိလား?
           ဟုတ်ကဲ့ - ညီမ က Megan Fox မှ မဟုတ်ပါဘူး။ အခြား ပြည်ပက Celeberity တွေရဲ့ Fashion တွေကို ကြည့်ပြီးတော့ ဘယ်လို တွဲဝတ်တာမိုက်တယ်၊ အရောင်ဘယ်လို သုံးထားတယ် ၊ ဘယ်နေရာတွေမှာ ဘယ်လိုထွင်ဝတ်ထားတယ် အဲ့ဒါတွေကို ကြည့်ပြီးတော့ အားကျတာတော့ရှိတယ်။ ဒါပေမယ့် အ၀တ်အစားဆိုတာ သူများဝတ်ရင် လှပေမယ့် ကိုယ်ဝတ်ရင်လှချင်မှ လှမှာလေ။ သူအနေနဲ့ လှနေတယ်ဆိုတာ သူနဲ့လိုက်လို့လေ။ မလှတာကို အတင်းလိုက်ဝတ်ရင် ကိုယ်နဲ့ အဆင်မပြေဖြစ်မှာလေ။ အဲ့ဒါကြောင့် ညီမ က Update ဖြစ်တဲ့ Fashion ပေါ်မှုတည်ပြီး ကိုယ်နဲ့လိုက်မယ်ထင်တာတွေကို ရွေးပြီးတော့ ၀တ်ဖြစ်ပါတယ်။


ခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
    ပာုက်ကဲ့ -ညီမကလဲ ကျေးဇူးတင်ပါတယ်။




ကဲ Fancy ပရိသတ်ကြီးရေ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်ဝင့်ယမုံလှိုင် ကတော့ ညှို့အားပြင်းမင်းသမီးလေး  Megan Fox ကို လေးစားအားကျပါတယ်တဲ့။ Megan Fox ကတော့ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတွေ ၊ ညှို့အားပြင်းတဲ့ နှုတ်ခမ်းတစ်စုံနဲ့ ပုရိသအားလုံးကိုတုန်လှုပ်စေသူ လေးပါ။

Megan Fox ကို 1986 ခုနှစ် မေလ  (16)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်းရှိ Oak Ridgeမြို့လေးမှာမွေးဖွားခဲ့ပါတယ်။ အသက်ငါးနှစ်အရွယ်ကပင် အကပညာ နဲ့ သရုပ်ဆောင်ပညာကို လေ့လာသင်သူခဲ့ပါတယ်။  အသက်ဆယ်နှစ်အရွယ်မှာတော့ ဖလော်ရီဒါမြို့ရှိ St. Petersburgကျောင်းကို ပြောင်းရွေ့ခဲ့ပြီး အကပညာကို ဆက်လက်သင်ယူခဲ့ပါတယ်။
1999 ခုနှစ်တွင် American Model Award နှင့် South Carolina ရဲ့Talent Conversation in Hilton Head ပြိုင်ပွဲမှာ ဆုတွေရရှိခဲ့ပြီး အသက်ဆယ်သုံးနှစ် အရွယ်မှာ Fox ပာာ မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။

2001 ခုနှစ်ကစပြီး မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်လိုင်းဘက်ကို စတင်အခြေချလာခဲ့ပါတယ်။
မီဂန်ဖောက်စ်ဟာ ရုပ်မြင်သံကြားအစီအစဉ်တော်တော်များများနဲ့" What I Like About You "နှင့်" Tow and A Half Men"ရုပ်ရှင်ဇာတ်ကားတို့ တွင် ဧည့်သည်သရုပ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့ပြီး 2003 ခုနှစ်တွင် Bad Boy II ရုပ်ရှင်ဇာတ်ကားမှာ    ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

2007 ခုနှစ်မှာတော့ Transformers ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ Transformers ရုပ်ရှင်နဲ့ Fox ပာာ ပရိတ်သတ်များကြားမှာ နာမည်ကြီးရေပန်းစားခဲ့ပါတယ် ။ နောက်ထက် Fox ကို နာမည်ကြီးစေတဲ့ရုပ်ရှင်ကတော့ 2009 ခုနှစ် မှာထွက်ရှိခဲ့တဲ့ Jennifer’s Body ရုပ်ရှင်ကားပါ ။ 2009 ခုနှစ်မှာပဲ Transformers: Revenge of the Fallen ကိုထပ်မံရိုက်ကူးပြိးအောင်မြင်မှုတွေ ရရှိခဲ့ပြန်ပါတယ်။

2010 ခုနှစ် မှာတော့ Foxပာာ Eminem နဲ့ Rihanna တို့ တွဲဆိုထားတဲ့ နာမည်ကြီး သီချင်း အယ်လဘမ် I like the way you lieမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ Eminemရဲ့ သီချင်းအယ်လ်ဘမ်ဟာလဲ သူမကြောင့် နာမည်ပိုကြီးခဲ့တယ်လို့ဆိုကြပါတယ်။ 2010 ခုနှစ်မှာပဲ Foxပာာ သူမရဲ့ချစ်သူ သရုပ်ဆောင်မင်းသား Brian Austin Green နဲ့ လက်ထပ်ခဲ့ပါတယ်။

အသက်၂၄နှစ်အရွယ်မှာတော့ Megan Fox ဟာ World's sexiest women မဂ္ဂဇင်း နဲ့ FHM မဂ္ဂဇင်းတို့မှာ
လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ် အရွေးခံခဲ့ ရပါတယ်။ ဆွဲဆောင်ညှို့ငင်အားကောင်းတဲ့ သူမရဲ့အလှတရားတွေကြောင့် ပုရိသတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားသူဖြစ်ပါတယ်။  သူမကို
လင်းဆေးလိုဟန်နဲ့ ရုပ်ဆင်တူတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ သူမရဲ့ အလှကတော့
အန်ဂျလီနာဂျိုလီလို လိင်ဆွဲဆောင်မှုရှိတဲ့ အလှမျိုး ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အသက်(26)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Megan Fox ဟာ သူမရဲ့အမျိုးသား မင်းသား Brian Austin Green နဲ့ ဘ၀ကိုအတူပျော်ရွှင်စွာ ဖြတ်သန်းနေပြီးတော့ သူတို့ရဲ့ ရင်သွေးလေးမွေးဖွားဖို့ ကိုယ်ဝန်လွယ်ထားပါတယ်ဆိုတာ နောက်ဆုံး သတင်းပေးလိုက်ရပါတယ်။
နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်ရဲ့ Idolအကြောင်းဖတ်ရှုရမလဲဆိုတာ
 စောင့်မျှော်ပေးပါဦး။ Fancy Journal ရဲ့စာချစ်သူများ  သာယာချမ်းမြေ့ကြပါစေ။


                                                                                              ရဲကို

 Fancy Journal Vol(1),No.(8)


                                                                                                                               

Saturday, September 8, 2012

ကျွန်တော့်ရဲ့ပာမ်းစတားလေးများ


ပာမ်းစတားနှစ်ကောင်ကျွန်တော့်ဆီရောက်လာတာမကြာသေးပါဘူး။
ရုံးကအမတစ်ယောက်ကသူမွေးထားတဲ့ပာမ်းစတားတွေထဲကအထီး၊အမတစ်စုံပေးလို့မွေးဖြစ်တာပါ။
ထူခြားတာကသူတို့အိမ်ကိုရောက်လာပြီးနောက်နေ့မှာပဲ အမလေးက ကလေး(5)ကောင်မွေးပါတယ်။
မလုပ်တက်မကိုင်နဲ့ဒီအတိုင်ထိုင်ကြည့်နေလိုက်တာနောက်နေ့ရောက်တော့ကလေးတွေတစ်ကောင်မှ
မရှိတော့ဘူး။အမေကအကုန်ပြန်စားပစ်လိုက်ပါတယ်။ဘာကြောင့်မှန်းအဖြေရှာလို့မရတုန်းမှာပဲ
တိုက်တိုက်ဆိုင်ဆိုင်မစန္ဒကူးရဲ့ကျွန်မ နှင့် Hamster ပေါက်ကလေးများပို့စ်လေးကိုဖတ်မိခဲ့ပါတယ်။
အဲဒီပို့စ်လေးကနေပာမ်းစတာလေးတွေသားပေါက်ရင်ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာသေချာသိခဲ့ရပါတယ်။
နောက်တစ်ခုပာမ်းစတားလေးတွေကိုဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကိုတော့
ပို့စ်လေးကအထောက်အကူပေးပါတယ်။ကဲကဲ..ကျွန်တော့ရဲ့ဘေဘီတွေကို ရှုစားပါဦးဗျာ..:)
Hamsterတို့ရဲ့ကမ္ဘာ
 
အစားမတ်တဲ့ ပာမ်းစတားအထီး

Wheelထဲမှာအလုပ်များနေတဲ့ ပာမ်းစတားအမ
ပာမ်းစတားအိမ်နဲ့ ရေချိုးတဲ့ရေမွှေးသဲ
(လာဗင်ဒါအနံ့ကိုသုံးပေးထားတယ်)
Beddingတွေခင်းထားတဲ့သူတို့နေရာ
အစားမက် သူနဲ့အဆော့သန်သူ
ဖျစ်လိုက်ချင်တယ်

Saturday, September 1, 2012

Fancy Idol of Celebrity (ကောင်းပြည့်)


Fancy Idol of Celebrity ကဏ္ဍလေးကနေ ပုံမှန် တင်ဆက်ပေးနေကျအတိုင်း ပြည်တွင်းက အနုပညာရှင်တွေရဲ့ နှစ်သက်အားကျရသူ ကမ္ဘာကျော် အနုပညာရှင်တွေအကြောင်း မေးမြန်းစကားပြောဆိုပြီး အဲ့ဒီကမ္ဘာကျော် အနုပညာရှင်အကြောင်း တစေ့တစောင်းကို တင်ပြနေသွားဦးမှာပါ။ ယခုအပတ်မှာတော့ လူငယ်အမျိုးသား သရုပ်ဆောင်နဲ့ မော်ဒယ်လ်ဖြစ်သူ ကောင်းပြည့်နဲ့ သူချစ်ခင်မြတ်နိုးသူ အနုပညာရှင်အကြောင်း ခုလို စကားပြောဖြစ် ခဲ့ကြပါတယ်။
 
 
မေး- ကိုကောင်းပြည့် အခုလတ်တလော အနုပညာ လှုပ်ရှားမှုတွေကို သိချင်ပါတယ်။
 
ဖြေ- ကျွန်တော် အခုလတ်တလောကတော့ ဗီဒီယိုကားရိုက်နေတယ်။နောက် ကြော်ငြာတွေလဲ ရိုက်ဖြစ်နေပါတယ်။ အခုနောက်ဆုံး ကော်ဖီမစ် ကြော်ငြာရိုက်ထားပါတယ်
 
မေး- အစ်ကို့အနေနဲ့ ပြည်ပက နှစ်သက်အားကျတဲ့ အနုပညာရှင်ကိုပြောပါဆိုရင် ဘယ်သူဖြစ်မလဲ။
 
ဖြေ- ကျွန်တော်က Michael Jackson ကို ကြိုက်တယ်။
 
မေး- Michael Jackson က သီချင်းသီဆိုမှုလည်းကောင်းသလို၊ ဖျော်ဖြေတင်ဆက်မှုတွေကလည်း ကောင်းတယ် ဆိုတော့ အကိုအနေနဲ့ သူ့သီချင်းတွေကို ကြိုက်တာလား။ ဒါမှမဟုတ် သူ့ရဲ့ Dance Performance တွေကို သဘောကျတာလား။
 
ဖြေ- သူ့ရဲ့ လုပ်ဆောင်မှုအားလုံးကို ကြိုက်တယ်ဗျ။ သူ့ရဲ့ခေတ်မှာ သူလုပ်ပြနိုင်ခဲ့တာတွေက တော်တော်လေးကို ကောင်းခဲ့တယ်။ ကျွန်တော်ကတော့ သူ့ရဲ့ Performance သူ့ရဲ့ သီဆိုမှုတွေအပြင် သူ့ရဲ့ ၀တ်စားဆင်ယင်မှု Fashion တွေကိုပါ သဘောကျပါတယ်။
 
မေး- Michael က သီချင်းသီဆိုမှုအပြင် လူမှုရေး လုပ်ငန်းတွေကိုပါ ဆောင်ရွက်တတ်တယ်လေ။ သူ့ရဲ့ လုပ်ဆောင်ခဲ့တဲ့ လူမှုရေးပရဟိတလုပ်ငန်းတွေအပေါ်မှာ အကို့ရဲ့ အမြင်တွေကိုသိချင်ပါတယ်။
 
ဖြေ- သူ့ရဲ့ အဲလိုဆောင်ရွက်ချက်တွေအပေါ်မှာ ကျွန်တော် အရမ်းသဘောကျပါတယ်။ တကယ်လည်း အားကျမိပါတယ်။
 
မေး- Michael Jackson ရဲ့သီချင်းတွေထဲကမှ အစ်ကိုအကြိုက်ဆုံးသီချင်းကို ရွေးပေးပါဆိုရင် အကိုဘယ်သီချင်းကို ရွေးပေးဖြစ်မလဲ။
 
ဖြေ- Michael Jackson သီချင်းတွေဆို အကုန်ကြိုက်ပါတယ်။ Black or White တို့ Remember the Time တို့ပေါ့။ အကုန်နားထောင်ဖြစ်ပါတယ်။ Remember the Time ဆိုရင် အခုတောင် ကျွန်တော် ကားထဲမှာတောင် နားထောင်ဖြစ်တုန်းပဲ။
 
မေး- Michael Jackson ရဲ့ အောင်မြင်ခဲ့တဲ့ ခေတ်ကလည်း ကြာခဲ့ပြီ၊ အခုထိလည်း သူ သက်ရှိထင်ရှားမရှိတော့သည့်တိုင် အောင်မြင်နေဆဲပဲဆိုတော့ အစ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီး သူ့ကို သဘောကျ နှစ်သက်ခဲ့တာလဲ။
 
ဖြေ- ဟိုးငယ်ငယ်လေးထဲကပေါ့။ ကျွန်တော် သီချင်းတွေစပြီး နားထောင်တတ်တဲ့ အချိန်တည်းက ကျွန်တော့အဖေ ဖွင့်ခဲ့တဲ့ သီချင်းတွေကို နားထောင်ဖြစ်ပြီးတော့ သူ့ကို ကြိုက်ခဲ့တာပါ။
 
မေး- တကယ်လို့ Michael Jackson သာ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်ပေါ့နော် အကိုနဲ့ သူနဲ့ နှစ်ယောက်အတူတူ ပွဲတစ်ခုမှာ ဖျော်ဖြေရမယ်ဆိုရင် အကို ဘယ်လိုခံစားရမယ် ထင်လဲ။
 
ဖြေ- ဒါဆိုရင်တော့ ကိုယ်နှစ်သက်တဲ့ အနုပညာရှင်နဲ့ အတူတွဲပြီး ဖျော်ဖြေခွင့်ရတဲ့ အတွက် အရမ်းကို ပီတိဖြစ်မိမှာပါ။ အရမ်းလည်း ကျေနပ်မိမှာပေါ့။
 
မေး- ဟုတ်ကဲ့ပါအကို။ အခုလိုမျိုး မအားလပ်တဲ့ကြားက အချိန်ပေးပြီးဖြေပေးတဲ့ ကိုကောင်းပြည့်ကို ကျေးဇူး အထူးပဲတင်ပါတယ်။
 
ဖြေ- ဟုတ်ကဲ့။ ကျွန်တော်ကလည်း ပရိသတ်တွေနဲ့ ကျွန်တော့ကို ထိတွေ့ခွင့်ပေးတဲ့ Fancy ဂျာနယ်ကို ကျေးဇူးတင်ပါတယ်။
 

 
 
ကဲ Fancy ပရိသတ်ကြီးရေ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်ကောင်းပြည့်ကြိုက်တဲ့ Michael Jackson ကို အားလုံးက တော်တော်များများသိကြမှာပါ။ လူ့လောကကြီးမှာ သက်ရှိထင်ရှား မရှိတော့သည့်တိုင်အောင် သူ့ရဲ့သီချင်းသံတွေ၊ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်နဲ့ အကပညာတွေ ၊ သူ့ရဲ့ ကိုယ်ပိုင် Fashion တွေဟာဆိုရင် ဒီကနေ့ချိန်ထိတိုင်အောင် ရေပန်းစားနေဆဲပဲဖြစ်ပါတယ်။
Pop ဂီတရဲ့ ဘုရင်တစ်ဆူလို့ တင်စားရတဲ့ Michael Jackson ကို 1958 ခုနှစ် August လ 29 ရက်နေ့မှာ American ပြည်ထောင်စု Indiana ပြည်နယ် Gary မြို့မှာ မွေးဖွားခဲ့ပါတယ်။ R&B, Pop Rock နဲ့ Dance music, Disco Music တွေကို သီဆိုခဲ့ပြီးတော့ အဆိုတော် တစ်ယောက်အနေနဲ့သာမက သီချင်းရေးဆရာတစ်ယောက်အနေနဲ့ပါ နာမည်ကြီး ထင်ရှားခဲ့ပါတယ်။
 
1972 ခုနှစ်မှာ သူတို့ မောင်နှမတွေဟာ The Jackson 5 ဆိုတဲ့ အဖွဲ့ကိုတည်ထောင်ပြီး သီချင်းတွေကို သီဆိုခဲ့ကြပါတယ်။
 
1980 အစောပိုင်းကာလတွေမှာ Michael ဟာ Pop ဂီတလောကရဲ့ ဘုရင်တစ်ဆူဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ Music Video တွေဖြစ်တဲ့ Beat it, Billie Jeans, နဲ့ Thriller အစရှိတဲ့ သီချင်းတွေဟာ ဆိုရင် နိုင်ငံတကာမှာ အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။
 
ပရိသတ်များစွာ နှစ်သက်တဲ့ သူ့ရဲ့ Music Video တွေကို အစပြုပြီး MTV Channel ပေါ်ပေါက်လာတယ်လို့တောင် ပြောစမှတ်ပြုခဲ့ပါတယ်။ သူ့ရဲ့ Black or White နဲ့ Screen တို့ဟာ MTV Channel ရဲ့ လူကြည့်အများဆုံး သီချင်းတွေဖြစ်ခဲ့ပါတယ်။ အဲဒီ သီချင်းတွေနဲ့ပဲ သူဟာ နိုင်ငံတကာမှာ လှည့်လည်ပြီးတော့လည်း ဖျော်ဖြေခဲ့ပါတယ်။
 
သူ့ကို နာမည်ကြီးစေခဲ့တဲ့ အချက်တွေထဲမှာ တေးသီချင်းသီဆိုမှုအပြင် သူ့ရဲ့ ပြောင်မြောက်လှတဲ့ အကဆန်းသစ်မှုများလည်း ယှဉ်တွဲလျက်ပါလာခဲ့ပါတယ်။
 
သူကိုယ်တိုင်တီထွင်ခဲ့တဲ့ Robot နဲ့ Moonwalker အကတို့ဟာ အထူးကို နာမည်ကြီး ထင်ရှား လူကြိုက်များခဲ့ပါတယ်။
 
2008 ခုနှစ်မှာတော့ SONY နဲ့ ပူးပေါင်းပြီးတော့ Thriller Album ရဲ့ 25 နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ Thriller 25 ဆိုတဲ့ Album ကို ပြန်လည်ဆန်းသစ်တီထွင်ခဲ့ပြန်ပါတယ်။ 
 
ပရဟိတနဲ့ ပတ်သတ်ပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေကတော့ HIV / AIDS နဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ ပရဟိတအဖွဲ့တွေကို ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
 
အဲဒီလို ပရဟိတစိတ်ဓါတ်အပြည့်ရှိတဲ့ Pop ဘုရင် Micheal Jackson ဟာ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ California ပြည်နယ် LA မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးချိန်မှာတော့ သူရဲ့အသက်ဟာ ၅၀  နှစ်ရှိခဲ့ပါပြီ။
 
Thriller, Immortal, Bad, Number Ones, Dangerous, Off the Wall, Michael, အစရှိတဲ့ Album များစွာကို သီဆိုခဲ့တဲ့ Micheal Jackson ဟာ သူ့ရဲ့ ဘ၀ကို ပြည်ဖုံးကားချခဲ့ရပေမယ့် သူရဲ့ အောင်မြင်မှုတွေကတော့ ယခုထက်တိုင် အောင်မြင်ကျော်ကြားနေဆဲပါ။ 
 

  ရဲကို
 Fancy Journal Vol.1, No.6