Tuesday, November 13, 2012

Fancy Idol of Celebrity (ဒီရေတိုး)



Fancy Journal ရဲ့စာချစ်သူတို့အတွက် ဒီတစ်ပတ် Fancy Idol of Celebrity ကဏ္ဍကနေ  ကြိုဆိုပါတယ်။ ဒီကဏ္ဍလေးက အောင်မြင်ကျော်ကြားသူတို့ ရင်ထဲမှာ လေးစားနှစ်သက် ချစ်ခင်ရတဲ့သူတွေ အကြောင်းကို တင်ပြပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်တော့ အဆိုတော်၊ သရုပ်ဆောင် ဒီရေတိုး  နဲ့ သူနှစ်သက်အားကျသူ အနုပညာရှင်အကြောင်းတင်ပြပေးလိုက်ရပါတယ်။
   
 

မေး-   လက်တလော လှုပ်ရှားမှုတွေကနေ စပြီး ပြောပြပေးပါဦး။
ဖြေ- အခုလက်တလောက ကျွန်တော် ကိုရဲလေးရဲ့ VCD ရိုက်ထားတယ် ။ နောက်ထပ် ဖြိုးကျော်ထိုက်တို့     ထိုက်ထိုက်တို့ သူတို့ ရဲ့ VCD တွေမှာ ၀င်သရုပ်ဆောင်ပေးထားတယ်။ နောက်ထပ် ကျွန်တော့်ရဲ့ ဒုတိယအခွေကို လုပ်နေပါတယ်။ ပြီးတော့ TV Program တွေကတော့ Mail Box တို့ တခြားကဏ္ဍလေးတွေလဲ ရိုက်ထားတယ်ဗျာ့။

မေး-   အစ်ကို အကြိုက်ဆုံး နိုင်ငံတကာအနုပညာရှင်က ဘယ်သူများဖြစ်မလဲ။
ဖြေ-     ကျွန်တော်ကြိုက်တဲ့ အနုပညာရှင်တွေက အများကြီးပါ ။ အဲဒီအထဲကမှ အကြိုက်ဆုံးကတော့ Enrique Iglesias ပါ။

မေး-   Enrique Iglesias ကို ဘယ်လိုအချက်တွေကြောင့် အကို ကြိုက်နှစ်သက်တာလဲ။
ဖြေ-     ကျွန်တော်သူ့ကို ကြိုက်တဲ့ အဓိက အကြောင်းအရင်းက သူ့ရဲ့အသံနဲ့ သူရဲ့ဖက်ရှင်ပါ။ သူ့အသံနဲ့ သူ့ဖက်ရှင်က Match ဖြစ်တယ် ။ နောက်တစ်ခု အဲဒါကတော့  သူ့ရဲ့ Life Style ဘက်ကိုကြည့်ရင်လဲ သူက ဘယ်တော့မှရှုပ်ရှုပ်ထွေးထွေး နေခဲ့တာ မရှိဘူး ။ နောက်ထပ်တစ်ခု သူ့အဖေကလဲ အဆိုတော်ပဲ ဒါပေမယ့် သူ့အဖေနဲ့ မတူတဲ့ Genre နဲ့ သူ့အဖေရဲ့ အသံနဲ့မတူတဲ့ နောက်အသံတစ်မျိုးနဲ့  ကမ္ဘာကျော်အောင်လုပ်နိုင်တယ် ။ အဲဒီအချက်ကိုလည်းလေးစားပါတယ်။

မေး-   Enrique Iglesias ရဲ့ သီချင်းတွေထဲက ဘယ်သီချင်းအကို စနားထောင်ပြီးကြိုက်ခဲ့တာလဲဗျာ့။
ဖြေ-     သူရဲ့သီချင်းတွေက စကြိုက်ခဲ့တဲ့သီချင်းက Hero ပါ။ သူရဲ့နာမည်အကြီးဆုံး သီချင်းပါပဲ။ အဲဒီတုန်းထဲက Hero ကို မြန်မာ မှာလဲ ကော်ပီ တွေအများကြီးလုပ်ကြတယ်။သူရဲ့နာမည်အကြီးဆုံး သီချင်းပါပဲ။ ဒါပေမယ့် ပိာုးရင်က ထွက်ခဲ့တဲ့ သူ့သီချင်းတွေကနေ အခုနောက်ပိုင်း သီချင်းတွေအထိ အားလုံးနီးပါး ကျွန်တော်ကြိုက်ပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ သူ့ရဲ့ သီချင်းတွေအားလုံး နားထောင်ဖြစ်တယ်။  Show တွေမှာတောင် တစ်ခါတစ်လေ သူ့ရဲ့သီချင်းတွေဆိုဖြစ်ပါတယ်။

မေး-   Enrique Iglesias က အကို ငယ်ငယ် ကကြိုက်ခဲ့တဲ့ အဆိုတော်တွေ နဲ့ရောထပ်တူကျရဲ့လား။
ဖြေ-     ကျွန်တော် ငယ်ငယ်ကကြိုက်ခဲ့တဲ့ အဆိုတော်တွေက Boy Band တွေ များတယ်။                 Westlife တို့   Backstreet Boys တို့ ပေါ့။ သူတို့တွေက ကျွန်တော်သီချင်းတွေ နားထောင်တက်အောင် သင်ပေးခဲ့တာပေါ့။ အဓိက တော့ Pop တွေပေါ့ ။ အဲဒီနောက်ပိုင်းကျတော့ Pop မကျ Rock မကျ Slow Rock လေးတွေကို ပိုကြိုက် ပိုနားထောင် ဖြစ်လာတယ်။ အဲဒီလို ပုံစံနဲ့အကိုက်ဆုံးကလဲ Enrique ဖြစ်နေတယ်လေ။

မေး-   Enrique Iglesias က သီချင်းဆိုတာအပြင် အချို့ရုပ်ရှင်တွေ မှာလဲ သရုပ်ဆောင်တာတွေ့ရတယ်။ သူသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတွေရော အကိုကြည့်ဖြစ်လား။
ဖြေ-     ပာုက်ကဲ့ ။ ကျွန်တော် သူဇာတ်ပို့လုပ်ထားတဲ့ တစ်ကားကြည့်ဖူးတယ်ဗျာ့ ။ Action ကားလေးပဲ ။ နာမည်တော့ မေ့နေပြီ။ ပြီးတော့ Spanish  TV Series တစ်ခုမှာလဲ သရုပ်ဆောင်တာ တွေ့ဖူးတယ် ။

မေး-   Enrique Iglesias နဲ့ အပြင်မှာတွေ့မယ်ဆိုရင် ဘယ်များပြောချင်လဲ။
ဖြေ-     ကျွန်တော်က သူရဲ့ Fan ဆိုတာပြောမယ်။ သူနဲ့ပတ်သက်တဲ့ ကျွန်တော်မှာရှိတဲ့ Data တွေအကြောင်းပြောပြမယ်။ သူ့ရဲ့အခွေတွေ၊ သူ့ရဲ့ဓါတ်ပုံတွေ ၊ သူ့ရဲ့ ဂျာနယ်မှာပါတဲ့ အကြောင်းတွေ ဖြတ်သိမ်းထားတာမျိုးတွေ ပြဖြစ်မယ်ထင်ပါတယ်။ ပြိးတော့ ကျွန်တော်သူ့သီချင်းတွေကိုလဲ ဆိုပြဖြစ်ပါလိမ့် မယ်။

မေး-   အချိန်ပေးပြိးဖြေပေးတာကျေးဇူးတင်ပါတယ်။
ဖြေ-     ကျွန်တော်က လဲ Fancy ကိုကျေးဇူးတင်ပါတယ်။




ဒီရေတိုးနှစ်သက်တဲ့ အားကျတဲ့ Enrique Iglesias ကတော့ စပိန်နွယ်ဖွား အဆိုတော်တစ်ယောက်ပါ။  Latin pop,  R&B,  dance-pop,  softrock,  rap စတဲ့ ဂီတအမျိုးအစားတွေကို သီဆိုနေသူဖြစ်ပြီး အဆိုတော်တစ်ယောက်အပြင် သီချင်းရေးသူ၊ တေးဂီတထုတ်လုပ်သူ၊သရုပ်ဆောင် နဲ့ မော်ဒယ် အလုပ်တို့ကို လုပ်ကိုင် သူဖြစ်ပါတယ်။

စပိန်လူမျိုး အဆိုတော် Iglesias ကို  မေလ ၈ ရက် ၁၉၇၆ မှာ စပိန်နိုင်ငံ Madridမြို့ မှာမွေးဖွားခဲ့ပါတယ်။ Iglesias ပာာ  စပိန်လူမျိုး အဆိုတော် Julio Iglesias ရဲ. တတိယ မြောက် သားအငယ်ဆုံးဖြစ်ပါတယ် ။ 1994 ခုနှစ်မှာ ဂီတလောကကို စတင်အခြေချခဲ့သူ Iglesias ပာာ စပိန် ၊ အင်္ဂလိပ် နှစ်ဘာသာစလုံးကို ကျွမ်းကျင်စွာ ပြောဆိုတက်သူဖြစ်ပါတယ်။ အဲဒီလို ဘာသာစကားကျွမ်းကျင်မှုက သူ့ရဲ့ တေးသီချင်းသီဆိုမှုကိုများစွာအထောက်အကူပေးခဲ့ပါတယ်။1999 ခုနှစ်ကစလို့ Iglesias ပာာ အင်္ဂလိပ် ဂီတလောကကို ထိုးဖောက်အောင်မြင်လာခဲ့ပါတယ် ။  သူရဲ့ပာာ နာမည်ကြီး လက်တင် အဆိုတော်တွေဖြစ်တဲ့ Ricky Martin တို့ Gloria Estefan တို့ နဲ့တန်းတူ အောင်မြင်မှုရခဲ့ပါတယ်။1999 ခုနှစ် မှာပဲ Iglesias ရဲ့Show ကိုလာရောက်ကြည့်ရှုခဲ့တဲ့ မင်းသား Will Smith က သူရဲ့ Wild Wild West ရုပ်ရှင် အတွက် ဇာတ်ဝင်သီချင်းသီဆိုပေးဖို့ ကမ်းလှမ်း ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ထုတ်ဝေခဲ့တဲ့ Bailamos အခွေပာာလည်း US မှာ နံပါတ်(၁) နေရာကနေ နာမည်ကျော်ခဲ့ပါတယ်။ 

2001 မှာ သူ့ရဲ့ ဒုတိယမြောက် အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့  Album ဖြစ်တဲ့ Escape ကိုထုတ်ဝေခဲ့ပါတယ်။ အဲဒီ Album ထဲက  Hero  သီချင်းပာာ Iglesias ရဲ့ အောင်မြင်မှုတွေကို ထပ်ဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ 2002  နိုဝင်ဘာ မှာတော့ စပိန်ဘာသာစကားနဲ့  သီဆိုထားတဲ့ Quizás  Album ကို ထုတ်ဝေခဲ့ပါတယ် ။ အဲဒီ Album ထဲမှာ သူ့ရဲ့ဘ၀နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ထည့်သွင်းသီဆိုထားတဲ့ သီချင်းတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီ Album ပာာ Bill Board 200  မှာ နံပါတ် (12) ချိတ်ခဲ့ပြီး အခြား စပိန် Album တွေထက် အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။

တေးသီချင်း သီဆိုမှုအပြင် သရုပ်ဆောင်ပညာ ကိုပါ စိတ်ဝင်စားသူ Iglesias  ပာာ 2003 ခုနှစ်မှာ Once Upon a Time in Mexico ရုပ်ရှင်မှာ အခန်းအနည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။2007 ခုနှစ်မှာတော့ တီဗွီပာာသ ဇာတ်လမ်း Two and a Half Men မှာ လက်သမား အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Iglesias ပာာ of CBS ရဲ့နာမည်ကျော်  TV Show ဖြစ်တဲ့ How I Met Your Mother ရဲ့ season 3 မှာလဲ ဧည့်သည်သရုပ်ဆောင်အနေနဲ့ထပ်မံ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အခုဆိုရင် ဒီရေတိုးရဲ့ Idol ဖြစ်တဲ့Iglesias ရဲ့ အောင်မြင်မှုတွေအကြောင်း သိရှိရပြီဖြစ်လို့  ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။
Iglesias ကို တေးသံရှင် ဒီရေတိုး နှစ်သက်သလို Fancy စာချစ်သူတွေလည်း နှစ်သက်လို့ သူအကြောင်းတွေပိုသိချင်ရင်တော့ http://www.enriqueiglesias.com မှာ သူရဲ့ လတ်တလောလှုပ်ရှားမှုတွေကို သိရှိနိုင်သလို facebook ကနေမှ သိကျွမ်းချင်သူတွေကတော့ https://www.facebook.com/Enrique ကို Like လုပ်နိုင်ပါတယ်လို့ သတင်းပေးလိုက်ရပါတယ်။
Fancy စာချစ်သူတွေ ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ကာလလေး ကို ပိုင်ဆိုင်နိုင်ပါစေ  ။

                                                                                                                     ရဲကို

                                                                             Fancy journal Vol(1),No.(9)