Wednesday, January 4, 2012

ကိုယ့်ရဲ့ကောင်မလေးကိုယ့်ကိုပိုချစ်စေဖို့


ချစ်သူရှိတဲ့ကောင်လေးတိုင်း ကိုယ့်ရဲ့ကောင်မလေးကိုယ့်ကို ပိုချစ်လာတာခံချင်ရင်
အောက်မှာပေးထားတဲ့ အချက်လေးအတိုင်း ဂရုတစိုက်နေထိုင်ပြုမူကြည့်ပါ။
ရည်းစားရှိတဲ့သူငယ်ချင်းကောင်မလေးတွေကိုသူတို့ရဲ့ချစ်သူကောင်လေးတွေရဲ့
ဘယ်လိုအပြုအမူကိုသဘောကျလဲလို့မေးပြီးဒီပို့စ်လေးကိုရေးထားတာဖြစ်လို့
တော်တော်များများသောကောင်မလေးတွေလိုချင်တဲ့အပြုအမူနဲ့တော့တိုက်ဆိုင်မယ်ထင်ပါတယ်။





  • သူမက အရမ်းလှတယ် အရမ်းဆွဲဆောင်အားကောင်းတယ် ဆိုတာ မကြာခဏ ပြောပေးပါ။
  • သူမရဲ နဖူးလေးကို မကြာခဏ ညင်ညင်သာသာ နမ်းပေးပါ။
  • မနက်အိပ်ယာထချိန်တိုင်း သူမ လူကိုယ်တိုင်မပာုက်ရင်တောင် မက်ဆေ့ နဲ့ပဲဖြစ်ဖြစ် နှိုးပေးပါ။ 
  • တခြား သူငယ်ချင်းကောင်မလေးတွေနဲ. အပြင်သွားမယ်ဆိုတိုင်း သူမကို အမြဲ ခေါ်သွားပါ။ 
  • သူမ ဆံပင်လေးတွေကိုလဲ မကြာခဏ ခပ်ဖွဖွလေးသပ် ပေးပါ။
  • မင်းအသံ ဘယ်လောက်ဆိုးဆိုး သူမကို မကြာခဏသီချင်းဆိုပြ ပါ။ 
  • သူမကို မချီပြီးတော့ပဲဖြစ်ဖြစ် ပွေ့ဖက်ကလိထိုးပြီးတော့ပဲဖြစ်ဖြစ် မကြာခဏ ကစားပေးပါ။ 
  • ရီစရာကောင်းတဲ့ ဟာသလေးတွေကို မကြာခဏ သူမကို ပြောပေးပါ။ 
  • သူမကို ဘယ်လိုချစ်ကြောင်း ဖွဲ့နွဲ့ပြီး အမြဲပြော ပေးပါ။ 
  • တစ်ခါတစ်ရံ သူမကို ကုန်းပိုးပြီးတော့ လမ်းလျှောက်ပါ။ 
  • သူမ အထီးကျန်နေတဲ့ အချိန်ဆိုရင်လဲ သူငယ်ချင်းတစ်ယောက်လို အားပေးပါ။ 
  • သူမရဲ့   မျက်လုံးလေးတွေကို မကြာခဏ  ပြုံးပြီးစိုက်ကြည့်ပါ။
  • သူမနဲ ကျမှ ဘယ်လိုချစ်တက်သွားတယ်ဆိုတာကို ကို မကြာခဏပြောပေးပါ။


ချောကလက်ကျူးပစ်လေး



11 စာဖတ်သူတို့အမြင်:

Anonymous said...

အဲဒါဆို..ပိုချစ်လာရောလား :P
ဘယ်ကဘယ်လို.သုတေသီလုပ်ပြီး
တွေ့ထားတာပါလိမ့်။
ကဲ..ကဲ..သူငယ်ချင်းမိတ်ဆွေ
မိန်းကလေးများအပေါင်းတို့ရေ
ဒါမျိုးလာရင်.သတိထားကြပါနော်
အဲဒါ.မောင်ကျူးပစ်မြှောက်ပေးလိုက်တာပါး)

Thiha Lu Lin said...

စမ်းကြည့်ဦးမယ်... :P

မောင်မောင် said...

လန်းတယ် ညီလေးရေ စမ်းကြည်.အုန်းမှဘဲ နော်။

လမင်းငယ် said...

ကျုးပစ်တို့တော့လုပ်ပြီ မမချစ်သူဆို တခါမှအဲလိုမလုပ်ပါဘူး
ချစ်နေပါတယ်နော် အဓိက ကချစ်နေဖို့ ပဲမဟုတ်လားကွယ် :D
ပိုချစ်လာအောင် သူ့ ကိုဖတ်ခိုင်းရမယ်နော် :P

Unknown said...

တယ်ဟုတ်ပါ့လား... ကိုသုတေသိကျူးပစ်လို့တောင်
အမည်ပြောင်းရမယ့်ပုံပဲ.း)

မှက်ထားလိုက်ပြီဗျာ...

(ဒုတိယ)

လွင်ပြင်လှိုင်းငယ် said...

တယ်ဆိုတဲ့စာပါလား
ကောင်းတယ်

Candy said...

မြားနတ်မောင်တို့က မလွယ်ဘူး.. ချက်ကောင်းတွေကို ဝေမျှနေတယ်... မိန်းကလေးတွေရဲ့ Top Secret တွေ သူလုပ်တာနဲ့ ပေါ်ကုန်ပြီ >.<

တွတ်တွတ် said...

ရီစရာကောင်းတဲ့ ဟာသလေးတွေကို မကြာခဏ သူမကို ပြောပေးပါ..ဆိုပဲဗျာ....ပြောသလားတော့မမေးနဲ့ဗျို့...သူမက သေချာကိုနားထောင်မှတ်သား ရီမောပြီး..သူ့ဘဲနာ ဂတ်ဂတ်အိုကြီးကို ပြန်သွား ပြောပြတာလေ...မှတ်ကရော....မောင်တွတ်....တိန်......:P

စံပယ်ချို said...

ဟိတ်----မစွံသေးတဲ့ဘလော့ဂါ လူပျိုကြီးတွေကိုဖတ်စေချင်လိုက်တာ
ဒါတွေ သူတို့မသိဘူးထင်ပ

925 said...

တိန်....မဂျက် စောင်းပြောနေသလိုပါပဲလား
အာ....ကိုယ့်အထုတ်ကိုယ်ဖြေ သလိုဖစ်တွားပီ :D

မဒမ်ကိုး said...

ကဲဆရာ ကိုကျူးပစ်

အိမ်ကကိုရင်ကိုလာသင်ပေးလှည့်း)

ခင်မင်လျှက်