Sunday, October 21, 2012

Fancy Idol of Celeberity (၀င့်ယမုံလှိုင်)


Fancy Journal  ပရိသတ်ကြီးရေ ဒီတစ်ပတ် Fancy Idol of Celeberity ဏဏ္ဍမှာ အခုလက်တလော ဂျာနယ်၊ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ မကြာခဏတွေ့နေရပြီ MRTV-4 ကရိုက်ကူးတင်ဆက်နေတဲ့ The Sign Of Love ရုပ်သံဇာတ်လမ်းတွဲ တွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မော်ဒယ်လ် သရုပ်ဆောင် ၀င့်ယမုံလှိုင် နဲ့ သူမ နှစ်သက်အားကျ တဲ့ အနုပညာရှင်အကြောင်းတင်ဆက်ပေးထားပါတယ်။ 

Photo Credit >>>Original Photographer & myanmarcelebrity.com



လတ်တလော Sign Of Love ဇာတ်လမ်းတွဲအပြင် ညီမဘာတွေလုပ်နေလဲ?
          ဟုတ်ကဲ့ - ညီမ Bangkok Airways ကြော်ငြာလေးတစ်ခု ဘန်ကောက်မှာ သွားရိုက်ဖို့ရှိတယ်။ နောက်ဂျာနယ်တွေ၊ မဂ္ဂဇင်းအတွက် ပုံမှန် ဓာတ်ပုံရိုက်ပေးဖြစ်တယ်။ နောက်ပြီး VCD တွေလည်း ရိုက်ဖို့ရှိပါတယ်။

နှစ်သက်အားကျတဲ့ ပြည်ပက အနုပညာရှင်ဆိုရင် ဘယ်သူဖြစ်မလဲ?
          ပြည်ပက ဆိုရင် ညီမ Megan Fox ကိုသဘောကျပါတယ်။

Megan Fox ကို ညီမလေးသဘောကျရတဲ့ အကြောင်းအရင်းက --------?
          ဟုတ်ကဲ့ - အဓိကကတော့ သူ့ရဲ့ ကိုယ်နေဟန်ပေါ့။ လူတစ်ယောက်မှာ အဓိက ကကိုယ်ပိုင်ဟန်လေ။ အဲ့လို ကိုယ်ပိုင်ဟန်နဲ့ အမိုက်စားဖြစ်နေတဲ့ သူ့ရဲ့ ပုံစံကို သဘောကျတာ။

Megan Fox မှာ အဓိက ထူးခြားချက်က သူမျက်လုံး လို့ပြောကြတယ်လေ။အဲ့ဒီအချက်ကို ညီမကရော ဘယ်လိုယူဆလဲ?
          ဟုတ်ကဲ့ - သူ့ရဲ့ မျက်လုံးက ထူးခြားတယ်၊ ညှို့ငင်အားအပြည့်ရှိတယ်။ ကြ ည့်လိုက်တာနဲ့ သေလောက်တယ်။ နောက်ပြီး သူ့ဆီမှာ ညီမ သဘောကျတာ ရှိသေးတယ်။ အဲ့ဒါက သူ့ရဲ့ နူတ်ခမ်းပါ။ လုံးဝကို ဆွဲဆောင်မှု့ ရှိတဲ့ သူ့ရဲ့ နူတ်ခမ်းကိုလည်းအရမ်းကြိုက်တယ်။

Megan Fox ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး ညီမရဲ့ အမြင်ကိုသိချင်ပါတယ်?
          သူက Professional Model တစ်ယောက်အနေနဲ့ အပြင်လုံးဝ တန်းဝင်မင်းသမီး တစ်ယောက် အနေနဲ့ပါ ရပ်တည်နိုင်တယ်။ အဲ့လို နှစ်ဖက်စလုံးမှာ အောင်မြင်လုပ်နိုင်တဲ့ သူရဲ့ အရည်အချင်းကို လေးစားတယ်။

Megan Fox  ကအခုအချိန်မှာ ဆွဲဆောင်အားအပြည့်ရှိတယ် အဲ့ဒါကြောင့် ညီမက သူ့ကိုသဘောကျတယ်။ Megan Fox ထက် ပိုပြီးတော့ ဆွဲဆောင်အားကောင်း တဲ့ Model တစ်ယောက်ထပ်ပြီးတော့ ပေါ်လာအုံးမယ်ဆိုရင် ညီမ Megan Fox အပေါ်မှာ ထားတဲ့ လေးစားအားကျမှုတွေက လျော့သွားမယ်လို့ညီမ ထင်လား?
                        ဟင့်အင်း -  အဲ့လိုတော့ မရှိပါဘူးရှင့် ညီမ က ကြိုက်မိပြီဆိုရင် အရမ်းအဆွဲကြီးတယ်။ အခုလည်းသူ့ကို ကြိုက်တယ်၊ နောက်လည်းသူ့ကိုကြိုက်နေအုံးမှာပဲ။ သူ့ရဲ့ Style တွေက ညီမအတွက် ရိုးသွားတယ်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ သူ့ကြည့်လိုက်ရင် အမြဲတမ်း Active ဖြစ်ပြီးတော့ အမြဲတမ်း Fashion ကျနေတာကို ညီမ က သဘောကျတယ်။


Megan Fox  ရဲ့ ဆွဲဆောင်မှု့ အပြည့်ရှိတဲ့ Fashion ကို ညီမအနေနဲ့ အတုယူဝတ်ဆင်ကြည့်ချင် တာမျိုးရောရှိလား?
           ဟုတ်ကဲ့ - ညီမ က Megan Fox မှ မဟုတ်ပါဘူး။ အခြား ပြည်ပက Celeberity တွေရဲ့ Fashion တွေကို ကြည့်ပြီးတော့ ဘယ်လို တွဲဝတ်တာမိုက်တယ်၊ အရောင်ဘယ်လို သုံးထားတယ် ၊ ဘယ်နေရာတွေမှာ ဘယ်လိုထွင်ဝတ်ထားတယ် အဲ့ဒါတွေကို ကြည့်ပြီးတော့ အားကျတာတော့ရှိတယ်။ ဒါပေမယ့် အ၀တ်အစားဆိုတာ သူများဝတ်ရင် လှပေမယ့် ကိုယ်ဝတ်ရင်လှချင်မှ လှမှာလေ။ သူအနေနဲ့ လှနေတယ်ဆိုတာ သူနဲ့လိုက်လို့လေ။ မလှတာကို အတင်းလိုက်ဝတ်ရင် ကိုယ်နဲ့ အဆင်မပြေဖြစ်မှာလေ။ အဲ့ဒါကြောင့် ညီမ က Update ဖြစ်တဲ့ Fashion ပေါ်မှုတည်ပြီး ကိုယ်နဲ့လိုက်မယ်ထင်တာတွေကို ရွေးပြီးတော့ ၀တ်ဖြစ်ပါတယ်။


ခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
    ပာုက်ကဲ့ -ညီမကလဲ ကျေးဇူးတင်ပါတယ်။




ကဲ Fancy ပရိသတ်ကြီးရေ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်ဝင့်ယမုံလှိုင် ကတော့ ညှို့အားပြင်းမင်းသမီးလေး  Megan Fox ကို လေးစားအားကျပါတယ်တဲ့။ Megan Fox ကတော့ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတွေ ၊ ညှို့အားပြင်းတဲ့ နှုတ်ခမ်းတစ်စုံနဲ့ ပုရိသအားလုံးကိုတုန်လှုပ်စေသူ လေးပါ။

Megan Fox ကို 1986 ခုနှစ် မေလ  (16)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်းရှိ Oak Ridgeမြို့လေးမှာမွေးဖွားခဲ့ပါတယ်။ အသက်ငါးနှစ်အရွယ်ကပင် အကပညာ နဲ့ သရုပ်ဆောင်ပညာကို လေ့လာသင်သူခဲ့ပါတယ်။  အသက်ဆယ်နှစ်အရွယ်မှာတော့ ဖလော်ရီဒါမြို့ရှိ St. Petersburgကျောင်းကို ပြောင်းရွေ့ခဲ့ပြီး အကပညာကို ဆက်လက်သင်ယူခဲ့ပါတယ်။
1999 ခုနှစ်တွင် American Model Award နှင့် South Carolina ရဲ့Talent Conversation in Hilton Head ပြိုင်ပွဲမှာ ဆုတွေရရှိခဲ့ပြီး အသက်ဆယ်သုံးနှစ် အရွယ်မှာ Fox ပာာ မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။

2001 ခုနှစ်ကစပြီး မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်လိုင်းဘက်ကို စတင်အခြေချလာခဲ့ပါတယ်။
မီဂန်ဖောက်စ်ဟာ ရုပ်မြင်သံကြားအစီအစဉ်တော်တော်များများနဲ့" What I Like About You "နှင့်" Tow and A Half Men"ရုပ်ရှင်ဇာတ်ကားတို့ တွင် ဧည့်သည်သရုပ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့ပြီး 2003 ခုနှစ်တွင် Bad Boy II ရုပ်ရှင်ဇာတ်ကားမှာ    ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

2007 ခုနှစ်မှာတော့ Transformers ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ Transformers ရုပ်ရှင်နဲ့ Fox ပာာ ပရိတ်သတ်များကြားမှာ နာမည်ကြီးရေပန်းစားခဲ့ပါတယ် ။ နောက်ထက် Fox ကို နာမည်ကြီးစေတဲ့ရုပ်ရှင်ကတော့ 2009 ခုနှစ် မှာထွက်ရှိခဲ့တဲ့ Jennifer’s Body ရုပ်ရှင်ကားပါ ။ 2009 ခုနှစ်မှာပဲ Transformers: Revenge of the Fallen ကိုထပ်မံရိုက်ကူးပြိးအောင်မြင်မှုတွေ ရရှိခဲ့ပြန်ပါတယ်။

2010 ခုနှစ် မှာတော့ Foxပာာ Eminem နဲ့ Rihanna တို့ တွဲဆိုထားတဲ့ နာမည်ကြီး သီချင်း အယ်လဘမ် I like the way you lieမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ Eminemရဲ့ သီချင်းအယ်လ်ဘမ်ဟာလဲ သူမကြောင့် နာမည်ပိုကြီးခဲ့တယ်လို့ဆိုကြပါတယ်။ 2010 ခုနှစ်မှာပဲ Foxပာာ သူမရဲ့ချစ်သူ သရုပ်ဆောင်မင်းသား Brian Austin Green နဲ့ လက်ထပ်ခဲ့ပါတယ်။

အသက်၂၄နှစ်အရွယ်မှာတော့ Megan Fox ဟာ World's sexiest women မဂ္ဂဇင်း နဲ့ FHM မဂ္ဂဇင်းတို့မှာ
လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ် အရွေးခံခဲ့ ရပါတယ်။ ဆွဲဆောင်ညှို့ငင်အားကောင်းတဲ့ သူမရဲ့အလှတရားတွေကြောင့် ပုရိသတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားသူဖြစ်ပါတယ်။  သူမကို
လင်းဆေးလိုဟန်နဲ့ ရုပ်ဆင်တူတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ သူမရဲ့ အလှကတော့
အန်ဂျလီနာဂျိုလီလို လိင်ဆွဲဆောင်မှုရှိတဲ့ အလှမျိုး ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အသက်(26)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Megan Fox ဟာ သူမရဲ့အမျိုးသား မင်းသား Brian Austin Green နဲ့ ဘ၀ကိုအတူပျော်ရွှင်စွာ ဖြတ်သန်းနေပြီးတော့ သူတို့ရဲ့ ရင်သွေးလေးမွေးဖွားဖို့ ကိုယ်ဝန်လွယ်ထားပါတယ်ဆိုတာ နောက်ဆုံး သတင်းပေးလိုက်ရပါတယ်။
နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်ရဲ့ Idolအကြောင်းဖတ်ရှုရမလဲဆိုတာ
 စောင့်မျှော်ပေးပါဦး။ Fancy Journal ရဲ့စာချစ်သူများ  သာယာချမ်းမြေ့ကြပါစေ။


                                                                                              ရဲကို

 Fancy Journal Vol(1),No.(8)