Friday, December 9, 2011

အလင်းပျောက်နေတဲ့ ကြယ်ပွင့်လေး


















စပွန်ဆာကြီးနဲ့ပါကွာ…ဘာမှအထင်ကြီးစရာမရှိပါဘူး..

အခန်းဖော်တွေပြောနေကြလို့ ကျွန်တော် ၀ရန်တာကိုထွက်ကြည့်လိုက်မိပါတယ်။တစ်ဘက်အခန်းက ကျွန်တော်နဲ့ ခင်မင်သိကျွမ်းတဲ့ မော်ဒယ်ကောင်မလေး ကိုပြောနေတာမှန်း အဲဒီတော့မှ သိလိုက်ပါတော့တယ်။ ခေတ်လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အဖို့ စပွန်ဆာ ဆိုတဲ့စကားက စိမ်းမနေပါဘူး..အမြဲတမ်း ကြားနေရတဲ့ စကားတစ်ခွန်းပါ။ကြားနေကျစကားလုံးဖြစ်ပြီး ဘာအဓိပ္ပာယ်လဲဆိုတာကိုလဲ ကောင်းကောင်းကြီးသိလို့စပွန်ဆာဆိုတဲ့စကားလုံးကို အရမ်းလဲမုန်းမိတယ်၊အမြင်လဲကပ်မိပါတယ်။ ခက်တော့လဲခက်ပါတယ်.. ဒီနေ့လိုခေတ်ကြီးထဲမှာ စပွန်ဆာဆိုတဲ့ အသုံးအနှုန်း ကိုလူငယ်တော်တော်များများက နေရာတကာမှာ ဖက်ရှင်တစ်ခုလို ကျယ်ကျယ်ပြန်ပြန့်အသုံးပြုလာကြပါတယ်။တချို့လူငယ်တွေဆိုရင်စပွန်ဆာဆိုတဲ့စကားလုံးပေါ် ဂုဏ်ယူကျေနပ်သလို ပြောဆိုနေကြတာ တွေ့နေရပြီး ဒါပာာ ကိုယ်ပိုင် အရည်အသွေးတွေ ဆုံးရှုံးဖို့လမ်းစ ဆိုတာ မသိလေလျော့ လားလို့ကျွန်တော် တွေးပူပြန်ပါတယ်။ ခုလဲအဲဒီကောင်မလေး အတွက်ပါ ကျွန်တော်တွေးမိပြီး ရင်မောမိပြန်ပါတယ်။ ကောင်မလေးက မသကာ ရှိလှမှ ဆယ်ရှစ်၊ဆယ့်ကိုးအရွယ်ပါ။ ကိုယ့်ညီမလေး အရွယ်လဲဖြစ်၊ ခင်မင်သိကျွမ်းပြီးသားဖြစ်လို့ ကျွန်တော် ဒီကောင်မလေးကို ဆုံးမဖို့တာဝန်ရှိသလို ခံစားမိပါတယ်။ဒါကြောင့် ရှိပြီးသား အရည်အသွေးကို အကောင်းဆုံးမသုံးမချဘဲ အမြင့်ကိုအလွယ်တကူ ခုန်တက်ချင်တဲ့ ကလေးမကို ဆုံးမကြည့်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်မိပါတယ်။

××××××××××××××××××××××××××××××××××××××××××××××××××××××

တစ်ရက်မှာ အဲဒီကောင်မလေးနဲ့ ကျွန်တော် ဆိုင်တစ်ဆိုင်မှာတွေ့ဆုံဖြစ်ခဲ့ပါတယ်။ ဘာအတွက်ချိန်းတယ်ဆိုတာ သေချာမသိပေမယ့် သူ့ကိုမမြင်မတော်ရင် မကြာခဏဆုံးမတက်သူ ဖြစ်တဲ့အတွက် ကျွန်တော်တစ်ခုခုကိုပြောတော့မယ်ဆိုတာ သူသိနေပါတယ်။

ညီမလေး…အကိုအနေနဲ့ မင်းကို ညီမလေးတစ်ယောက်လိုသဘောထားတာရော၊ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်က ပြောတာတွေ အကိုအနေနဲ့ကြားထဲက မခံနိုင်တာရယ်ကြောင့် ညီမလေးကို ပြောစရာစကားလေးတွေရှိလာလို့ပါ

ဘာကိုပြောချင်တာလဲအကို…ပိာု သူများတွေပြောနေကြတဲ့ ကိစ္စကိုလား..

ကောင်မလေးက မျက်လွှာလေးချရင်း ခပ်တိုးတိုးအသံနဲ့ဆက်ပြောပါတယ်။

 ဒီကိစ္စနဲ့ပက်သက်ပြီး တော့ အကိုညီမကိုမပြောခင် ညီမလေး ပြောတာတွေအရင် နားထောင်ကြည့်စေချင်တယ်။ ညီမဆယ့်ငါးနှစ် သမီးအရွယ်မှာ ညီမအဖေဆုံးခဲ့ရတယ်…။ဈေးတောင်းခေါင်းရွက် ရောင်းစားရတဲ့ ဈေးသည်အမေက ညီမကို ပညာတက်ကြီးတစ်ယောက်ဖြစ်ဖို့ အိမ်မက်အမြဲမက်ခဲ့တယ်။ ခေတ်ပညာတက်တစ်ရောက်ဖြစ်ဖို့ လုံလောက်တဲ့ငွေကြေးကိုလဲ သူမတက်နိုင်ရှာတော့ သူ့ငယ်သူငယ်ချင်းပွဲစား တစ်ယောက်ကို သူလက်ထပ်ခဲ့တယ်။ ဒါပေမယ့် အဲဒီပွဲစားက လူကောင်းသူကောင်းမပာုက် ဘဲ ညီမကို ထိကပါးရိကပါး လုပ်ဖို့ကြိုးစားလာလို့ ညီမ အိမ်ကထွက်ပြေးလာခဲ့မိတယ်။ ဒီလိုနဲ့ ရန်ကုန်ရောက်တော့ အလှပြင်ဆိုင်တစ်ဆိုင်မှာ ၀င်လုပ်ရင်းကဆိုင်ရှင်ရဲ့မိတ်ဆက်ပေးမှုကြောင့် ကိုကြီးနဲ့ညီမတွေ့ခဲ့ရပါတယ်..။သူ့ရဲ့အကူအညီနဲ့ညီမမော်ဒယ်သင်တန်းတက်ခဲ့တယ်..အနုပညာလောကထဲ တိုးဝင်ဖို့ကြိုးစားမိခဲ့တယ်။ ဒီလို ရင်းနှီးလာရာက အားကိုးချင်တဲ့စိတ်ရယ်၊ ရင်းနှီးမှုလဲပိုလာတာရယ်ကြောင့်သူနဲ့ညီမ ချစ်သူတွေဖြစ်လာခဲ့တယ်။ချစ်သူဆိုပေမယ့် အားကိုးဖို့ ၊မှီခိုဖို့ ဆိုပိုမှန်တော့ထင်ပါတယ်။ ဒီအနုပညာလောကမှာနေရာ သေးသေးလေးပိုင်ထားရတဲ့ အချိန်မှာ ညီမသိလိုက်ရတာက သူ့မှာမိန်းမနဲ့ကလေးရှိနေတယ်…အကိုရယ်..။ ဒါပေမယ့်ညီမနောက်ဆုတ်ဖို့နောက်ကျသွားခဲ့ပြီ..။ အနုပညာလောကထဲတိုးဝင်စပြုနေတဲ့ ညီမအတွက်လိုအပ်တဲ့ ငွေကြေးကိုထောက်ပံ့ပေးနိုင်တာက သူပဲရှိတော့ ညီမသိသိကြိးနဲ့ပဲ ဆက်ပြီးတွဲနေခဲ့ရတယ်…။ သူ့အမျိုးသမီးလဲ လာပြီးတော့ ညီမကိုတောင်းပန်ခဲ့တယ်..။ ညီမမိန်းမသားချင်း ကိုယ်ချင်းစာခဲ့ပါတယ်အကိုရယ်..။ ကလေးကိုလဲသနားမိပါတယ်။ ဒါပေမဲ့ ဒီလိုသာနောက်ဆုတ်ပေးလိုက်ရင် ညီမဘ၀တစ်စဆီ ပျောက်ဆုံးသွား လိမ့်မယ်အကို..။ညီမရဲ့အောင်မြင်မှုလမ်းစတွေ ပျောက်ဆုံးကုန်တော့မယ်။ ညီမဘ၀ကြီးအဓိပ္ပာယ် မဲ့ရတော့မယ်။ညီမ ဘယ်လိုမှနောက်ဆုတ်လို့မရတော့ဘူး..။ တကယ်တော့ ညီမဘ၀က  နွံ့အိုင်ထဲမှာနစ်နေရတဲ့ဘ၀ပါ။ရုန်းထွက်ချင်ပေမယ့် လှုပ်လေမြုပ်လေမို့ ရုန်းထွက်ဖို့ ကိစ္စကိုမစဉ်းစားရဲဘူးအကိုရယ်..။

ခပ်တိုးတိုးငိုကြွေးနေတဲ့ကောင်မလေးကိုကြည့်ပြီး သူ့ကိုဆုံးမဖို့ စဉ်းစားလာခဲ့စကားလုံးတွေ အလိုလို ပျောက်ဆုံး ကုန်ပါတယ်။ စပွန်ဆာဆိုတဲ့စကားလုံးအောက်မှာ ပျော်မွေ့နေမယ်လို့ ကျွန်တော်ထင်ထားတဲ့ကောင်မလေး ဆီကကြားရတဲ့စကားလုံးတွေကြောင့် အံ့အားသင့်သလို၊ ရင်ပါနင့်လို့သွားခဲ့ပါတယ်။မထင်မှတ်ဘဲ အမြင့်ကိုရောက်ခဲ့ရတဲ့သူမ လက်ရှိနေရာပာာ မကောင်းဘူးလို့သိလိုက်ရပေမယ့် သူမဘယ်လိုမှပြန်ဆင်းလို့မရတော့ဘူး။ အမြင့်ဆုံးကနေအနိမ့်ဆုံးကို ရုတ်ရက်ကျဆင်းသွားချိန်မှာ ခံစားရမယ့်နာကျင်မှုတွေကိုလဲ သူမ ကြောက်လို့နေပြီလေ ။

××××××××××××××××××××××××××××××××××××××××××××××××××××××××

ကျွန်တော်ဆိုင်လေးကနေ ကောင်မလေးနဲ့လမ်းခွဲပြီး ပြန်လာခဲ့ပါတယ်။ဒါပေမယ့်အတွေးထဲမှာ သူမအတွက်ကျွန်တော် တော်တော်တွေးဖြစ်ခဲ့ပါတယ်။ဘယ်လိုနည်းလမ်းနဲ့များသူမနစ်မွန်းနေတဲ့နွံ့ထဲကရုန်းထွက်နိုင်မှာလဲလို့ပါ…။

×××××××××××××××××××××××××××××××××××××××××××××××××××××××

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မှိတ်တုက်တုက်နဲ့ အလင်းအားနည်းရှာတဲ့ ကြယ်ပွင့်ငယ်လေးတွေပာာ သူတို့ရဲ့ အလင်းရောင်ပိုမိုတောက်ပစေဖို့ အလင်းအားကြီးတဲ့လမင်းကြီးတွေကိုချဉ်းကပ်နေကြပါတယ်။ ဒါပာာကိုယ်ပိုင်အလင်းနဲ့ ထွန်းလင်းတာမပာုက်မှန်းသိလို့ သူတပါးအားကိုးနဲ့ လင်းလက်နေတဲ့ကြယ်ပွင့်လေးတွေကို ကျွန်တော်တို့တွေပာာရှု့ံချမိကြတယ်၊ အပြစ်တင်မိကြတယ်။

ဒါပေမယ့် ကျွန်တော်တို့ မေ့နေခဲ့တာက လမင်းအားကိုးနဲ့တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေထဲမှာ အမှန်တကယ် ကိုယ်ပိုင်အလင်းနဲ့ ထွန်းလင်းချင်ကြပေမယ့် အခြေအနေမပေးလို့ လမင်းအလင်းအောက်မှာပဲ ဆက်လက် အလင်းပျောက်နေခဲ့ရတဲ့ ကြယ်ပွင့်လေးတွေရှိသေးတယ်ဆိုတာပါပဲ…….။


ချောကလက်ကျူးပစ်လေး
5:26 PM
7/12/2011



12 စာဖတ်သူတို့အမြင်:

Anonymous said...

တော်သေးတာပေါ့ရှင်..သွားပြီး.မေးမိတဲ့သူကို
ပတ်ဝန်းကျင်က.တစ်ညိုးမထင်လို့း))
ကလေးမလေးက..အိုင်ကျူနည်းနည်းလိုသေးတယ်
ဒီလိုမတွေးသင့်ဘူး..သူနဲ့စာရင်
ရင်ငြိမ်းပွင့်ကမှ..တော်သေးတယ်းP

လေးစားလျှက်..

နှင်းဆီ said...

မောင်လေးရေ
ရေးထားတာလေး ကောင်းပါတယ်
ကလေးမလေးတွေ အတွက် မှတ်သားပြီးရှောင်ရှားရမဲ.အရာလို. ထင်မိပါတယ်
အားပေးနေတယ်နော်

Anonymous said...

အင်း.........

ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး

ကျူးပစ်လေးကိုဘဲပြောတော့မယ်

အားပေးနေတယ်နော်

ဆက်လက်ပြီးတော့ပေါ့

yinminkhine said...

ဟုတ်တယ် မရှောင်မတိမ်းသာ အကျဉ်းအကျပ်ထဲရောက်ရင် ထွက်ပေါက်ပျောက်တော့

ဘ၀တွေ လှပမှန်းမသိ နစ်မှန်းမသိ ဖြစ်ကုန်တော့တာလေနော်

သေချာစဉ်းစားကြည့်ပြန်ရင် ဘယ်သူမှဒီဘ၀မျိုးမရောက်ချင်ကြပါဘူး

ဒါပေမဲ့သူဘ၀ ကံကြမ္မာက ဒီလိုဒီအကြောင်း ဖြစ်လာတော့

သံသရာ ၀ဋ်ကြွေးရှိသလောက်ပေါ့ ကံ ကံ၏အကျိုးတရားပေါ့

တတ်နိုင်ရင်တော့ မချမ်းသာရင်နေမယ်

မြန်မာပြည်မှာ ထမင်းတစ်လုတ် မငတ်ပါဘူး

ဒါပေမဲ့ခုခေတ်ကတော့ ဒါမျိုးတွေပေါနေတယ်
အလွယ်ရမဲ့လမ်းကို လိုက်နေကြတယ်

Candy said...

အရမ်းအဓိပ္ပာယ်ရှိတဲ့ ပိုစ့်လေးပဲ ကျုပစ်လေးရေ..
လုံးဝထောက်ခံတယ်.. လူတယောက်ကို သူ့အပေါ်ယံကိုကြည့်ပြီး မရှုံ့ချသင့်ဘူး.. အားလုံးမှာ သူ့အကြောင်းနဲ့သူ ရှိကြတယ်လေ :)

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးနေပါတယ်ဗျာ

လမင်းငယ် said...

အကြောင်းကြောင့်အကျိုးဖြစ်တယ်လို့ ပဲမှတ်လိုက်ပါစေ ကျုးပစ်ရေ
လမင်းလည်းနေရဲ့ အလင်းရောင်ကိုယူကြရတာပဲလေ
ဒီလိုပါပဲလူဘ၀ဆိုတာ နိမ့်တဲ့သူကမြင့်သူကိုအားကိုးနဲ့ 
ကိုယ်ပိုင်အရည်အချင်တွေပျောက်ကုန်တာပေါ့လေ
ပိုစ့်လေးပြီ အတွေးများ၇ှိလာပါတော့တယ် :)

Thiha Lu Lin said...

ညီက သနားပြီးများး........ကိုယ်ချင်းစာပါတယ်ဗျာ။

Anonymous said...

အင်း ဘဝက နိမ်.ပါးလွန်းတော. တွယ်မိတွယ်ရာ တွယ်ထားရတာပေါ.နော် အစကတည်းကလဲ ရိပ်မိမှာပါ အိမ်ထောင်ရှင်မှန်းသေချာမသိသောငြား. ဖြတ်လမ်းလိုက်တယ်လို.ပြောရမှာပေါ.နော်.. ကိုယ်.ဟာကို အလှပြင်ဆိုင်မှာ ရိုးရိုးသားသား ကြိုးစားမယ်ဆိုရင်လဲ ဒီလောကထဲကို မဝင်နိုင်သော်လည်း ဘဝတခုကို ရပ်တည်လို.တော.ရပါတယ် ဒါပေမဲ. ကျောထောက်နောက်ခံ မရှိတဲ. ဘဝတွေဆိုတော. ရုန်းကန်ရတာ ဆင်းရဲမှာပေါ.နော် ဆင်းရဲတဲ.ဘဝကလာတဲ.သူတွေကလဲ အဲဒီဘဝထဲကို ပြန်မသွားချင်ဘူးလေ.

စံပယ်ချို said...

လူတိုင်းကတော့ဖြူစင်မြင့်မားတဲ့နေရာကိုလိုချင်ကြတာပဲ
ဒါပေမယ့်လဲ ဘ၀အကျိုးပေးတာရှိသေးတယ်
ဒီထက်ဆိုးတာကတော့ ခပ်ကဲကဲကောင်မလေးတွေပါပဲ
တစ်ချို့ကတော့အကျိုးပေးမကောင်းလို့ တစ်ချို့ကတော့လူကိုယ်တိုင်မကောင်လို့ပေါ့

Unknown said...

တစ်ကယ့်ကောင်းတဲ့ အက်ဆေး လေးပဲဗျာ
အားပေးသွားပါတယ်
ခင်မင်လေးစားလျှက်
(ဒုတိယ)

mstint said...

လူတိုင်းမှာကိုယ်ပိုင်စွမ်းအားရှိကြသလို
ကိုယ့်စွမ်းအားနဲ့သာ ဘဝကိုရပ်တည်ချင်တာ လူ့သဘာဝပါ။
ဒါပေမယ့်လည်း ဘဝပေး အခြေအနေအရ
ကိုယ်ပိုင်စွမ်းအားနဲ့ မရပ်တည်နိုင်သူတို့အဖို့
အားမတန်လို့မာန်လျော့ရတာကိုတော့ စာနာနားလည်ပေးသင့်တယ်လို့
ထင်မြင်မိတယ် ချောကလက်လေးရယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်