Thursday, December 15, 2011

မျှော်လင့်ခြင်းဆည်းဆာ


(၁)

မြို့လေးတစ်မြို့၏ ဆည်းဆာချိန်ရဲ့ တောင်ကုန်းလေးတစ်ခုပေါ်မှာ အဘွားအိုတစ်ယောက်ပာာ ပျောက်ကွယ်တော့မယ့် နေမင်းကြီးကိုကြည့်ပြီးပြုံးနေတယ်။  သူမရဲ့အပြုံးထဲမှာ ကျေနပ်မှုတွေ အများကြီးပျော်ဝင်နေတာကို တွေ့နေရပါတယ်။ သူမရဲ့အပြုံးတွေပာာ လင်းလက်တောက်ပပြီး  မျှော်လင့်ချက်တွေနဲ့ လှပလို့နေတယ်။

×××××××××××××××××××××××××××××××××××××××××××××××××××××

(၂)

မောင်နဲ့ကျွန်မချစ်ခဲ့တာ နှစ်တွေတော်တော် ကြာခဲ့ပြီလေ ။ ပိာုးအရင်ခေတ်တွေတုန်းက ချစ်သူစုံတွဲတွေပာာ ချစ်သက်တမ်း သုံးနှစ်ပြည့်တာနဲ့ လက်ထပ်ကြတယ်တဲ့။  ဒါပေမယ့် လက်ထပ်ဖို့ ကိစ္စကို မောင်ရော ကျွန်မပါ မစဉ်းစားရဲကြသေးပါဘူး။ မပြည့်စုံတဲ့ဘ၀နှစ်ခု နဲ့ ယိုင်နဲ့နေတဲ့အိမ်ထောင်ရေးကို မတည်ဆောက်ချင်ဘူး ၊ ကြိုးစားချင်သေးတယ် မောင်ကပြောပါတယ်။ကျွန်မလဲ အဲဒီစကားအပေါ် အကြွင်းမဲ့ ထောက်ခံမိတယ်။ ဘာပဲပြောပြောလေ ငွေမရှိဘဲ ကျပ်တည်းကျဉ်းမြောင်းတဲ့  မင်္ဂလာဦးကာလ တွေ ကို မဖြတ်သန်းချင်တာတော့ အမှန်ပါပဲ။  ဒါကြောင့် ကျွန်မတို့နှစ်ယောက် အမြန်ဆုံးပေါင်းစပ်နိုင်ဖို့  ဆုံးဖြတ်ချက်တစ်ခုကို မောင်နဲ့ကျွန်မ သဘောတူဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်မ နဲ့ အဝေးတစ်နေရာ မှာမောင် ကျောက်တူးတဲ့အလုပ်ကို လုပ်ဖို့ပါ။

×××××

မောင်အဝေးကိုမသွားခင် မောင် နဲ့ ကျွန်မ ကတိသစ္စာပြုခဲ့ကြတယ်။ ကျွန်မက မောင် ပြန်လာမယ့် အချိန်ကို သစ္စာရှိရှိစောင့်နေပေးဖို့ရယ် ၊ မောင်ကလဲ ကျွန်မဆီကို အမြန်ဆုံးပြန်လာဖို့ရယ်ပါ ။ပြီးတော့ မောင်က နေမင်းကြီး ထာဝရပျောက်ကွယ်မသွားခင်အထိ ဒီတောင်ကုန်းလေး ပေါ်မှာ ညနေဆည်းဆာချိန်တိုင်း စောင့်နေပေးပါတဲ့ ။ တစ်နေ့တာအချိန်ကုန်ဆုံးတိုင်း နေမင်းကြီး ပာာ ပျောက်ကွယ်သွားတက်ပေမယ့် ဒါပာာ ခေတ္တ ပျောက်ကွယ်မှုပါပဲ။ နောက်တစ်နေ့ အတွက် ထွန်းလင်းဖို့ အားယူနေတာလေ။ ဒီလိုပဲ မောင်ပာာ ကျွန်မရှေ့က ခေတ္တ ပျောက်ဆုံး သွားပေမယ့် မကြာခင်မှာ အားသစ်တွေ နဲ့ ကျွန်မတို့ အတူပေါင်းစည်းနိုင်ဖို့ သူပြန်လာမှာပါ။ 

×××××

ဝေးနေတဲ့အချိန်တွေမှာမှ အလွမ်းဆိုတာကို ကျွန်မ သေသေချာချာ နားလည်လာမိတယ်။ လွမ်းတယ်ဆိုတာ လူခြင်းဝေးကွာ နေတာကြောင့် မပာုက်ပါဘူး နှလုံးသားခြင်း ဝေးကွာနေတာကြောင့် ဖြစ်လာရတာပါ။ မောင်နဲ့ ဝေးကွာနေတဲ့ ကျွန်မရဲ့ နှလုံးသားပာာလည်း လွမ်းတယ်ဆိုတဲ့ အရသာကိုခံစားတက်နေပြီ။ စာမလာ သတင်းမကြား နဲ့ အလှမ်းဝေးလှတဲ့ ကျောက်တွင်းတွေ ရှိရာက မောင့်ကို   ကျွန်မ ဆက်သွယ်ဖို့ ရာ ဘယ်လို့မှမတက်နိုင်ခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်မယုံတယ် ။ မောင် လဲကျွန်မကို လွမ်းနေမယ်ဆိုတာ..။

×××××

မျှော်လင့်ချက် ဆိုတာ လူတွေရဲ့အသက်ကို ပိုရှည် စေတယ်တဲ့ ။  အဲဒီလိုကြားဖူးပါတယ်။ တကယ်သာမှန်ခဲ့ရင် ကျွန်မ တော်တော်လေးကို အသက်ရှည် ဦးမှာပါ ။ မောင့်အပေါ်ထားတဲ့ မျှော်လင့်ချက် တွေကြောင့် ပေါ့။ မောင်ပြန်လာမယ် ဆိုတာ သေချာသိနေလို့ နေ့တိုင်း မျှော်လင့်မိနေတယ်။ မျှော်လင့်ချက်အတွက် စောင့်စားနေရတဲ့ နေ့ရက်တွေ ကြားမှာ ကျွန်မ ပျော်နေတက်ပါပြီ ။ မောင်လဲ မျှော်လင့်ချက် တွေကြားမှာ ပျော်နေမယ်ဆိုတာ ကျွန်မ  ယုံနေတယ်။
×××××

မောင် ပြန်လာမယ့် ရက်တွေ နီးကပ်လာပြီ ဆိုတာကို ကျွန်မ နှလုံးသား က အလိုလိုသိနေခဲ့တယ်။ ဒါမောင် နဲ့ကျွန်မ ရဲ့ဘယ်သူ မှမသိတဲ့ ဆက်နွယ်နေတဲ့ အရာပါပဲ။ မောင် ပြန်လာခဲ့ရင် ကျွန်မတို့ ပျော်စရာဘ၀လေး ကို တည်ဆောက်ကြတော့မှာလေ။ အချစ် တွေနဲ့ပြည့်နေမယ့် ကျွန်မတို့ ဘ၀လေး ထဲကနေ အဝေးကို မောင်ရော ကျွန်မပါ ဘယ်တော့မှထွက်ခွာ သွားတော့မှာမပာုက်ဘူး။  

××××××

 နေမင်းကြီး ခေတ္တ ပျောက်ဆုံးသွားတက်တဲ့ ဆည်းဆာချိန်တိုင်း ဒီတောင်ကုန်းလေးပေါ်မှာ မောင်ကိုတွေ့ ဖို့ ကျွန်မစောင့်နေမိတယ် ။ ပျောက်ကွယ်လုနိုးနိုး နေမင်းကြီးထဲမှာ မောင်မျက်နှာကို ကျွန်မတွေ့တွေ့နေရပါတယ် ။ ခပ်ပြုံးပြုံး မောင့်မျက်နှာမှာလဲ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ် ။ မကြာခင် ပြန်လာတော့မယ့် မောင့်ကို စောင့်စားမိနေတဲ့ ကျွန်မမျက်နှာမှာလဲ မျှော်လင့်ချက်တွေ ပြည့်နေတယ်။

××××××××××××××××××××××××××××××××××××××××××××××××××××××××

(၃)

မြို့လေးတစ်မြို့ရဲ့ တောင်ကုန်းလေးထက်မှာ အဘွားကြီးတစ်ယောက် ညနေဆည်းဆာချိန်တိုင်း ရောက်လာပြီး ပျောက်ကွယ်လုဆဲဆဲနေမင်းကြီးကို ခပ်ပြုံးပြုံးကြည့်နေတက်တာကို အဲဒီမြို့ကလူတိုင်း သိကြပါတယ်။ ကျောက်တူးသွားရင်း ကျောက်တွင်းပြိုပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို ပြန်လာနိုးနိုး နဲ့စောင့်နေခဲ့တဲ့ ရူးသွပ်နေတဲ့ အဘွားကြီး ရဲ့ ရင်နင့်စရာဇာတ်ကြောင်းလေး ကိုရောပေါ့။



ချောကလက်ကျူးပစ်လေး
1:38 PM
16/12/2011

4 စာဖတ်သူတို့အမြင်:

Anonymous said...

လူတိုင်းက အဘွားအိုလိုပဲ တစ်ခုခုသောမျှော်လင်.ချက်များနဲ.အသက်ဆက်နေကြ တာချည်းပါပဲ

mstint said...

မျှော်လင့်ချက်ဆိုတာလူတွေရဲ့အသက်ကိုပိုရှည်စေသလို
လျော့သွားတဲ့ အားအင်တွေကိုလည်း ပြန်လည်
ဖြည့်ဆည်းနိုင်စွမ်းရှိတယ် ချောကလက်လေးရေ။
ဇာတ်လမ်းလေးထဲကလိုမျိုး လက်တွေ့ဘဝမှာလည်း
ရင်နာစရာဇာတ်လမ်းလေးတွေ ဒုနဲ့ဒေးရှိတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

သနားစရာ :(

လမင်းငယ် said...

ဖတ်သွားပါတယ်ကျုးပစ်ရေ