Thursday, February 2, 2012

Valentine's Day ရဲ့ သင်္ကေတများ


ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ(၁၄)ရက်နေ့လို့သတ်မှတ်ထားပါတယ်။ဒါ့ပြင်ပညာရှင်တွေကလဲ ဖေဖော်ဝါရီလဟာအချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့လတစ်လလို့ သတ်မှတ်ကြပြန်ပါသေးတယ်။Valentine'sDayဆိုတာကိုရောက်ပြီဆိုတာနဲ့ချစ်သူစုံတွဲတိုင်းပာာတစ်ဦးနဲ့တစ်ဦးအပြန်အလှန်လက်ဆောင်လေးတွေပေးလေ့ရှိတက်ပါတယ်။ဒီလိုလက်ဆောင်ပေးတဲ့နေရာမှာValentine'sDayရဲ့သင်္ကေတလေးတစ်ခုခုကိုထည့်ပေးလိုက်ရင်ပိုပြီးတော့ပြီးပြည့်စုံတဲ့ချစ်လက်ဆောင်တစ်ခုဖြစ်သွားမှာသေချာပါတယ်။ဒါ့ကြောင့်Valentine'sDayမှာလက်ဆောင်ပေးတော့မယ်ဆိုရင်အောက်မှာရေးပေးထားတဲ့အရာတွေထဲကတစ်ခုခုကိုထည့်ပေးဖြစ်အောင်ပေးဖို့မမေ့ကြနဲ့နော်။

နှင်းဆီနီ


ဒဏ္ဍာရီတွေရဲ့အဆိုအရအနီရောင်နှင်းဆီပန်းပာာအချစ်နတ်ဖုရားမVenusရဲ့ကြိုက်နှစ်သက်ဆုံးပန်းလို့ဆိုပါတယ်။လက်ဆတ်တဲ့နှင်းဆီနီတွေကိုလက်ဆောင်ပေးတယ်ဆိုတာပာာကိုယ်ချစ်တဲ့သူအပေါ်မှာလေး စားရာ၊ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကိုဖော်ပြရာရောက်သလိုပေးသူရဲ့နှလုံးသားပေါ်ကမေတ္တာတရားကိုပါသိမြင်နိုင်စေတယ်လို့ဆိုထားတာလဲတွေ့ရပါတယ်။ဒါ့ပြင်နှင်းဆီနီနီတွေပာာချစ်ခွင့်ပန်သူတွေအတွက်မိမိချစ်ရသူမငြင်းဆန်အောင် စွမ်းဆောင်ပေးနိုင်တဲ့ပြိုင်ဘက်ကင်းလက်ဆောင်တစ်မျိုးလဲဖြစ်ပါတယ်။

အသဲပုံ



အသဲနှလုံးဆိုတာကိုရှေးယခင်ကထဲကလူသားတွေရဲ့ချစ်ခြင်းနဲ့ဆိုင်တဲ့စိတ်ခံစားမှုသိမ်းဆည်းရာလို့ယုံ ကြည်ခဲ့ကြပါတယ်။ဒါ့ပြင်အသဲပုံစံလက်ဆောင်လေးတွေပေးတာပာာကိုယ့်ရဲ့အချစ်တွေကိုတစ်ကိုယ် ကောင်းဆန်မှုမရှိဘဲနဲ့ပေးခြင်းဖြစ်တယ်လို့လဲဆိုကြပြန်ပါသေးတယ်။ရောမလူမျိုးတွေကတော့နှလုံးသားဆိုတာသွေးလည်ပတ်မှုတစ်ခုလုံးအတွက်သွေးတွေကိုစုပ်တင်ပေးရာနေရာဖြစ်လို့လူတစ်ကိုယ်လုံးမှာရှိတဲ့ခံစားချက်တွေရဲ့စုစည်းရာနေရာလို့သတ်မှတ်ထားကြပါတယ်။ဒါ့ကြောင့်အသဲပုံလက်ဆောင်ပေးခြင်းပာာကိုယ်ရဲ့အနက်ရှိုင်းဆုံးခံစားချက်တွေနဲ့ချစ်ရသူကိုဘယ်လောက်ချစ်ကြောင်းသက်သေပြရာရောက်တယ်လို့လဲပြောလို့ရပါတယ်။

မြှားနတ်မောင်


Valentine's Day ရဲ့ သင်္ကေတတွေထဲမှာထင်ရှားတဲ့ Cupid ဆိုတဲ့ဖူးစာရေးနတ်ကလေးကတော့
ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီးတောင်ပံတစ်စုံနဲ့ မြှားနဲ့လေးကို ကိုင်ဆောင်ထားတဲ့ နတ်သားလေးပါ။
ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့သားတော်Erosလို့ဆိုထားပါတယ်။ရှေးဂရိလူမျိုးတွေကတော့လူတွေရဲ့ချစ်တက်ခြင်းတွေကိုမြှားပစ်ပြီးတော့ယူဆောင်ပေးတက်သူလို့ယုံကြည်ကြပါတယ်။ဒါ့ကြောင့်cupidရုပ်လက်ဆောင်လေးပေးခြင်းဖြင့်လည်းသင့်ချစ်သူအတွက်ချစ်တက်ခြင်းတွေကိုပိုတိုးအောင်လုပ်ဆောင်လိုက်ပါ။

ဖဲကြိုးနဲ့ဇာပန်း



ဖဲကြိုးနဲ့ဇာပန်းလေးတွေပာာလဲအချစ်ကိုရစ်ပတ်ဆက်နွယ်တယ်ဆိုတဲ့သင်္ကေတလေးတွေပါပဲ။ရောမခေတ်တွေတုန်းကတိုက်ပွဲဝင်မဲ့သူရဲကောင်းတွေပာာတိုက်ပွဲဝင်ချိန်မှာသူ့ချစ်သူပေးလိုက်တဲ့ဖဲကြိုး၊ဖဲပြားစလေးတွေကိုလည်ပင်းမှာစီးပြီးတိုက်ပွဲဝင်ကြပါတယ်။ဒါ့ပြင်အဲဒီခေတ်ကအမျိုးသမီိးတွေပာာလဲအမျိုးသားတွေအပေါ်မှာသူတို့ချစ်ကြောင်းကိုပြချင်တဲ့အခါမှာအမျိုးသားများသွားတဲ့လမ်းတွေပေါ်မှာပိုးဖဲတွေနဲ့ပြုလုပ်ထားတဲ့ပ၀ါစတွေကိုချထားတက်တယ်လို့ဆိုပါတယ်။ဒါ့ကြောင့်သင့်ချစ်သူကိုပေးမဲ့လက်ဆောင်ပေါ်မှာဖဲပြားလေးတွေစည်းပြီးပေး ခြင်းပာာလဲသင့်ချစ်သူကိုသင့်ရဲ့အချစ်တွေနဲ့ရစ်ပတ်ချည်နှောင်လိုက်ခြင်းပဲဖြစ်ပါတယ်။



10 စာဖတ်သူတို့အမြင်:

ချစ်စံအိမ် said...

ဒီကလေးပျောက်နေပါတယ်လို့ 
အခုမှပဲစိတ်အေးရတော့တယ်
Valentine's Day ရဲ့ သင်္ကေတတွေဖတ်သွားတယ်ကွယ်

မိုးသက် said...

ပျောက်လှချည်လား..ညီလေးရာ.။ သိပ်အကြာကြီးမပျောက်နဲ့ကွ. ညီလေးမရှိရင်. အစ်ကိုအငယ်ဆုံး
မို့လို့..း)။Valentine လက်ဆောင်လေးတွေ ဖတ်ပြီး ပြုံးသွားတယ်. ။ (ပို့လိုက်တဲ့ထဲမှာ တစ်ခုမှ မပါလို့..း)။

မဒမ်ကိုး said...

သူကလဲချောကလက်မကြိုက်ကိုယ်ကလဲမကြိုက် ဘိန်းမုန့်ပေးရင်ရောမရဘူးလားဟင်း)))

မေမြို့မိုးကွန်းမန့်ကိုတော်တော်သဘောကျသွားတယ်း))

အန်တီ မဒိုးကန်

Lps said...

ပျောက်တယ်ဟနင်လည်း ဘယ်တွေရောက် လေ့လာသွားတယ်ဟေး ဘာပေးရမယ်ဆိုတာ
ခင်မင်လေးစားစွာဖြင့် (လွမ်း)

Candy said...

မြှားနတ်မောင်တို့က Vday ကယ်လို့ ပြန်ပေါ်လာတာ.. ဟွန်း ပြောချင်ဘူး

သမီးစံ said...

ဟုတ်သားပဲ..အဲ့နေ့ကိုမေ့နေတား))

လွင်ပြင်လှိုင်းငယ် said...

မဒမ်းလွင်ပြင်ကို ဘာပေးရရင်ကောင်းမလဲ

Anonymous said...

ကျူးပစ်လေးရေ..

အမလာသွားတယ်နော်... ချစ်သူများနေ့အမီ ကူညီအုန်းလေ.....

Thiha Lu Lin said...

မတွေ့တာကြာလို့ သတိရပါ့....

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မှတ်သားသွားပါတယ် ရှင်။

ခင်တဲ့
မြတ်