Tuesday, February 14, 2012

ကျွန်တော်နဲ့ချစ်သူများနေ့


ချစ်သူများနေ့မရောက်ခင်ကတည်းက facebookမှာသူများတွေပြောနေကြပါတယ်။ ချစ်သူများနေ့ဆိုတာ မြန်မာလူမျိုးတွေနဲ့မဆိုင်ဘူးတဲ့…။ကျွန်တော်လဲထောက်ခံပါတယ်(အပဲာ..တကယ်ကရည်းစားလက်မဲ့ဖြစ်နေလို့)။ဒါပေမယ့်မဆိုင်ဘူးသာပြောနေရတယ်မနက်မိုးလင်းတာနဲ့စိတ်ထဲမှာတော့တမျိုးတမည်ခံစားရပါတယ်။ရည်းစားလက်တလောမဲ့နေတဲ့ကျွန်တော်တောင်ဒီလိုဖြစ်နေရင်ရည်းစားနဲ့လျှောက်လည်ဖို့ပြင်ဆင်ထားသူတွေ၊ရည်းစားနဲ့ဝေးနေသူတွေဆိုရင်ပိုလို့တောင်မရိုးမရွဖြစ်နေမှာကျိန်းသေပါတယ်။ကဲ..လျှာရှည်မိနေပြန်ပြီဗျာ။အဓိကပြောချင်တာက ကျွန်တော်ရဲ့ ချစ်သူများနေ့ ဖြတ်သန်းခဲ့တဲ့ အကြောင်းလေးပါ။

မနက်အိပ်ရာကနိုးတော့တိုက်ခန်းတံခါးဖွင့်ပြီးအပြင်ကိုကြည့်မိတယ်။ကျွန်တော်တို့အခန်းနဲ့ကပ်ရပ်အခန်းမှာကလဲအကိုကြီးတွေငှားနေတာပါ။ဒါပေမယ့်သူတို့အခန်းတံခါးမှာပန်းစည်းလေးထိုးလို့။ကောင်မလေးတွေပို့ထားတယ်ထင်တယ်။အားကျလိုက်တာ..ကိုယ်တွေအခန်းကိုတော့ပန်းအစည်းလိုက်မပြောနဲ့တစ်ပွင့်တစ်လေတောင်လမ်းမှားပြီးမလာဘူး(အခန်းကလေးယောက်လုံးအဲလောက်စွံ့တာ)။ဒါနဲ့မနာလိုလို့ခပ်တည်တည်နဲ့ ပန်းစည်းချွတ်ယူပြီးစာအိတ်ကြီးပဲထားခဲ့မလို့ကြံလိုက်သေးတယ်(အကျင့်မကောင်းချက်)။နောက်မှဝဋ်လည်မှာကြောက်လို့အကြံဖျတ်လိုက်ရတယ်။



 
ခဏနေတော့သူငယ်ချင်းကဖုန်းဆက်လာတယ်။ဘာအစီစဉ်ရှိလဲတဲ့။မရှိရင်သူတို့အခန်းကကြေးသွန်းဘုရားကိုရောင်ခြည်တော်ဖွင့်ရအောင်တဲ့။တခြားသူငယ်ချင်းတစ်ကောင်လဲ ရောက်နေတယ်ဆိုတာနဲ့ အဲဒီကောင်အိမ်ပြေးပြီးဘုရားကိုမန်ကျည်းသီး၊ကြေးသန့်တဲ့ဆေးတွေနဲ့ ရောင်ခြည်တော်ဖွင့်ကုသိုလ်ယူလိုက်ပါတယ်။




ရောင်ခြည်တော်ဖွင့်ပြီးတဲ့အချိန် နောက်တစ်ကောင်ထပ်ယောက်လာပြီး တစ်ဆယ်တန်အသစ်တွေနဲ့ အားရုံစားအောင် ပိုက်ဆံခေါက်ခိုင်းပါတယ်။ သူ့ကောင်မလေးကိုပေးမလို့တဲ့။ ခုမှရည်းစားစကားမပြောမလို့ ကြိုးစားနေတဲ့သူဆိုတော့ ၀ိုင်းဝန်းကူညီဆောင်မပေးလိုက်ပါတယ်။ပိုက်ဆံခေါက်တာ အဆင်ပြေသွားတယ်။ နည်းလည်းမှတ်ထားလိုက်တယ်။ကိုယ်လဲနောက်သုံးရအောင်..:)။





နေ့လည်ပိုင်းအချိန်သွားစရာမရှိတော့  စိန်ဂေပာာလှည်းတန်းစင်တာမှာလုပ်တဲ့ စုံတွဲအဆိုပြိုင်ပွဲနဲ့ ဖက်ရှင်ပြိုင်ပွဲဆီလိမ့်ခဲ့ပါတယ်။ချစ်သူများနေ့အတွက်တော်တော် ပြင်ဆင်ထားတာတွေ့ရပါတယ်(၁၃ရက်နေ့ကိုသာအဲဒီလိုပြင်ဆင်ဂုဏ်ပြုဖို့သတိရမယ်ဆိုရင်…)
အဆိုပြိုင်ပွဲကတော့ပြောစရာမလို၊အသံအားကောင်းကောင်းတွေနဲ့အစီအစဉ်အချို့ကပြိုင်နေကြလူတွေရောမပြိုင်ဖူးတဲ့သူတွေရောင်လာပြိုင်တာတွေ့ရပါတယ်။ဒိုင်တွေက ဇ၀ါနဲ့ရွှေဂျော်ဂျော်ပါ။ပြိုင်ပွဲမှာ ယောက်ျားလေးနဲ့မိန်းကလေးအတွဲအပြင်ယောက်ျားလေးနှစ်ယောက်အတွဲပါထူးထူးဆန်းဆန်းတွေ့ရပါတယ်။ပြောသေးရဲ့သူတို့က အချစ်ဆိုတာဘယ်လိုပုံစံမျိုးကမဆိုပေါက်ဖွားနိုင်တယ်တဲ့..:D။ နောက်ထူးခြားတဲ့အတွဲကအစ်မတော်သမီးစံတို့သန်လျင်မြို့တော်ကြီးကတဲ့။လူငယ်တွေနဲ့အပြိုင်ကလေးလေးယောက်ရပြီးသားလင်မယားအသက်က(၄၅)လောက်အတွဲလာပြိုင်တာပါ။ခုချိန်ထိကြင်ကြင်နာနာနဲ့အားကျစရာကောင်းလှပါတယ်။






အဆိုပြိုင်ပွဲပြီးတော့စုံတွဲဖက်ရှင်ပြိုင်ပွဲစပါတယ်။ အဲဒီပွဲကြည့်မိခါမှာ မြန်မာပြည်မှာ လွတ်လပ်မှုကို တလွဲဆံပင်ကောင်း အသုံးချနေတဲ့ သူတွေကို ကောင်းကောင်းတွေ့လိုက်ရပါတယ်။ ဘာပဲပြောပြော ဖက်ရှင်ပြိုင်ပွဲ ဖြစ်လို့ ကျောပေါက်နောက်ပြဲရင်ပြတ်ဝတ်တာအဆိုးမဆိုလိုပါဘူး။ ဆိုးတာက လူရှေ့သူ့ရှေ့မှာ ပို့စ်ပေးတဲ့ အခါ ပါးတွေကိုနမ်းပြကြတာပါ။ အဲဒီလောက်လုပ်ပြနေစရာမလိုဘူးလို့ ကျွန်တော်တော့ထင်တာပဲ။ ပါးနမ်းတာထက်ပိုဆိုးတာက နှုတ်ခမ်းချင်းနမ်းလိုက်တာပါ။အဲဒီအတွဲဆိုပွဲမှာ ကြည့်တဲ့လူတကာအော့ကြောလန်ဖြစ်ရော။ဒိုင်တွေတောင်လန့်သွားကြရအောင် လုပ်ပြလိုက်တာပါ။ အရှက်တရားဘယ်နားရောက်နေလဲလို့ကိုသွားမေးရမလိုလိုပါပဲ။သိက္ခာလဲမရှိ ၊ ရှက်ရကောင်းမှန်းလဲ အဲဒီလိုအစားတွေ လာပြိုင်တာ ကျွန်တော်တော့ပြိုင်ပွဲတောင်ကျက်သရေယုတ်တယ်ထင်မိတယ်။ ဒါတောင်လူမြင်ကွင်းပြိုင်ပွဲမှာမလို့ပါ။ နမ်းပြတဲ့သူမှန်သမျှ ဆုရတာလဲမတွေ့လိုက်ရပါဘူး။

အဲဒီကနေပြန်လာတော့ ညခုနှစ်နာရီထိုးနေပြီမို့ ထမင်းဆိုင်ဝင်ပြီးမိုင်မိုင်ဆွဲ၊ အခန်းပြန်ရေချို့းပြီး ဒီပို့စ်လေးကိုရေးလိုက်တာပါ။ ချစ်သူများနေ့သည် မြန်မာတွေနဲ့မဆိုင်ဘူးလို့ကျွန်တော်မပြောလိုပါဘူး။ ဒါပေမယ့်အထိန်းအကွပ်မဲ့စွာနဲ့အရှက်အကြောက်တရားကင်းမဲ့ရလောက်အောင် ပြုမူနေထိုင်မှုတွေမလုပ်ကြဖို့သာပြောချင်တာပါ။ ချစ်သူများနေ့တိုင်း ကိုယ့်ရဲ့ အပျိုလူပျိုဂုဏ်သိက္ခာလေးတွေကို မြန်မာလူငယ်တိုင်း ထိန်းသိမ်းတက်နိုင်ကြပါစေ…။



ကဲ…အားလုံးပဲ ပျော်ရွှင်စရာချစ်သူများနေ့လေးပါခင်ဗျာ။

12 စာဖတ်သူတို့အမြင်:

မောင်စေတနာ said...

ဟီးးး ညီလေးက လျှောက်သွားရသေးတယ်နော်
အကိုက မသွားရဘူးလေ ...
ပျော်ပါစေနော် ...

Anonymous said...

ကြိုးတစ်လုံ စကပ်တိုတို ပုံလေးတွေရိုက်ခဲ့ဟ..ဦးလေးက ညံ့ပ..ဟိဟိ အဖမ်းခံရရင် နာမပါဝူးနော်

မောင်မောင် said...

နောက်နှစ်တွေမှာတော. ချစ်သူနဲ.ပျှော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ ညီလေး။

မိုးသက် said...

အားပေးတယ်ညီလေး..ချသာချ. အစ်ကိုလည်းလက်မခံဘူး..။အဲဒါမျိုးကို...။
ဟဟ အစ်ကိုကတော့ ညီလေးကိုပြောသလိုပဲ.. အိပ်ယာထဲမှာ ဖျားနေတယ်ကွယ်.။ ချွဲစရာလူကလည်း
ဗယ်လင်မတိုင်းခင်နေ့က ချိတ်ကောက်သွားလို့ မချော့ရတေးဘူး..။

Sandakuu said...

ပန်းလိုချင်ရင်စောစောပြောပါလားလို့.. ပန်းပို့ပေးမှာပေါ့..း)

နောက်တာနော်.. လာဖတ်သွားတယ်..

ချစ်စံအိမ် said...

ဒီကောင်လေးကြော်ငြာဝင်သွားတာပဲ ဟွန့် 

Lps said...

ကောင်းပါတယ် ကျူးပစ်ရေ
ခင်မင်လေးစားလျှက် (လွမ်း)

Candy said...

ရှားပါးတဲ့ ၁၀ကျပ်တန်တွေ တွေ့လိုက်ရတယ် ဟိဟိ
ကုသိုလ်ရတာပေါ့ မြှားနတ်မောင်တို့က :D

နွေလ said...

ဖေဖော်ဝါရီ ၁၄ ရက်
မိုးလင်းကတည်းက ရောက်လာတဲ့ အလွမ်းတွေနဲ့
တစ်နေကုန်ခဲ့ပါတယ်
ကိုကျူုးပစ်ရေ . . . .

မဒမ်ကိုး said...

ပြောပြန်ရင်လဲအောင်မင်းလွန်ရာကျဦးမယ်း))))

ရောင်တော်ဖွင့်တော့ကုသိုလ်တောင်ပိုရသေးမဟုတ်လား မောင်ကျူးပစ်ရယ်

ခင်တဲ့

အမဂျီး
ဒိုးကန်

အလင်းသစ် said...

အေးဟ... ချစ်သူများနေ့တုန်းက ငါဘာလုပ်နေမိပါလိမ့်..။။
မှတ်တောင် မမှတ်မိလိုက်ဘူး..ဟီးးးးးးး။။။

Mrs. Bagel said...

လူရှေ့သူရှေ့နမ်းပြတဲ့ ခေတ်တောင်ရောက်ရေပြီလား? ရောင်တော်ဖွင့်တာ သဘောကျမိတယ်။ :) ဘာပဲပြောပြော သူများတွေပျောနေချိန်မှာ ကုသိုလ်လုပ်ဖြစ်လိုက်တာပေါ့။