Sunday, February 5, 2012

ဘ၀ရဲ့အမှတ်တရနေ့စွဲများ(Tag)


ဘ၀ရဲ့အမှတ်တရနေ့စွဲများ ဆိုတဲ့ ဒီပို့စ်လေး ရေးဖို့တဂ်ထားတဲ့သူက မှတ်သားစရာ အတွေးစာစုလေးတွေ ရေးတက်တဲ့ ဘလော့ဂါ ပိစိလေး ညီလေးနွေလပါ။သူ့ရဲ့ပို့စ်လေး မှာခုနှစ်သက္ကရာဇ် ရက်စွဲ တိတိကျကျလေးရေးထားလို့ ကျွန်တော်ကိုယ်တိုင်လဲ ရက်စွဲတွေကိုပြန်ပြီး သေသေချာချာ စဉ်းစား ပါတယ်။ ဒါပေမယ့် ရက်စွဲတစ်ချို့ပဲ မှတ်မိပြီး အချို့ကိုမမှတ်မိတာ ကြောင့် အဆင်ပြေသလိုပဲရေးလိုက်ပါတယ်။

အမှတ်တရနေ့စွဲ(၁)
၂၈.၁၀.၁၉၉၂(ဗုဒ္ဓပာူးနေ့)
ကိုယ်ဝန်ဆောင်သည် တစ်ယောက်ရဲ့ ဒုက္ခကို အမေ နှစ်ရက်တိတိ ခံစားပြီးတော့ အဲဒီနေ့မှာ လူ့လောကထဲမှာ ထင်ရာစိုင်းဖို့ ကျွန်တော့်ကိုမွေးခဲ့တယ်။ အဲဒီနေ့လေးဟာ ဘယ်သူ့ကိုမှဂရုမစိုက် မိဘစကားနားမထောင်တက်တဲ့ ကျွန်တော် လူလောကထဲ အခြေစချခွင့် ရခဲ့လို့ ကျွန်တော့် ရဲ့အမှတ်တရနေ့လေးဖြစ်ခဲ့ပါတယ်။

အမှတ်တရနေ့စွဲ(၂)
ဆယ်တန်းအောင်စာရင်းမထွက်ခင်နေ့(ရက်စွဲမမှတ်မိတော့ပါ)
ကိုယ့်ကိုကိုယုံကြည်မှုနည်းတက်လွန်းတဲ့ ကျွန်တော် ဆယ်တန်းအောင်စာရင်းမထွက်ခင် နေ့မှာ အောင်စာရင်းကိုရင်မဆိုင်ရဲလို့ မြို့ကအိမ်ကနေ ရွာကိုပြေးခဲ့တဲ့နေ့ပါ။ တကယ်တမ်း ညရောက်တော့ အောင်စာရင်းကြည့်ချင်စိတ်က ထိန်းမရလို့ ၁၅မိုင်လောက်ဝေးတဲ့ မြို့ကို ည၉နာရီခွဲလောက် တစ်ယောက်တည်းပြန်ဖို့ကြံမိခဲ့တယ်။ နောက်ဆုံးတော့ ဘယ်လိုပြောလို့ဆိုလို့ မရလို့ ၊ တဇွတ်ထိုးလုပ်တက်တဲ့ ကျွန်တော်နဲ့ ကျွန်တော့်အဒေါ်အပျိုကြီးက ပာင်းလှီးဓါးကို အိတ်ထဲထည့်ပြီး လိုက်ပေးခဲ့ရတယ်။ ညမှောင်ထဲမှာ ကျွန်တော်ပထမဆုံး ဆိုင်ကယ်စီးပြီး ခရီးသွားခဲ့တဲ့နေ့ ၊ အောင်စာရင်းကို သိချင်စိတ်နဲ့ လူပြတ်တဲ့လမ်းပေါ်မှာ မကြောက်ချင်ယောင် ဆောင်ပြီး သွားခဲ့ အဲဒီနေ့ကိုလဲ ပြန်တွေးမိတိုင်း အမှတ်ရနေတုန်းပဲ။

အမှတ်တရနေ့စွဲ(၃)
၂၈.၁၀.၂၀၁၀
ကျွန်တော့်ရဲ့(၁၈)နှစ်ပြည်မွေးနေ့လေးပါ။ အဖေနဲ့အမေက အဲဒီနေ့မှာ အဲဒီအချိန်က ကျွန်တော်လိုချင်နေဆုံး ပစ္စည်းတစ်ခုကို လက်ဆောင်ပေးခဲ့လို့ ကျွန်တော်အရမ်းပျော်ခဲ့တယ်။ အဲဒါပစ္စည်းလေးက ကျွန်တော်ခုအချိန်ထိ ကျွန်တော်နဲ့အမြဲ မခွဲအတူယူသွားတက်တဲ့ဖုန်းစုတ်လေးပါ အဲဒီကျွန်တော့်ရဲ့ဖုန်းလေးကို အဖေလာပေးတဲ့ အချိန်မှာ အဖေ့ရဲ့ ကင်ဆာရောဂါ အစပျိုးနေပြီ။ တကယ်တော့ အဲဒီကိစ္စတွေမတိုင်ခင် အဖေနဲ့ ကျွန်တော်စကားများပြီး မခေါ်ကြဘူး။ ဒါပေမယ့်ကျွန်တော်ဘာလိုချင်လဲဆိုတာကို အမကနေတဆင့်မေးပြီး သူမွေးနေ့လက်ဆောင်ပေးခဲ့တာ။ အဲဒီနေ့ကဖုန်းရလို့အပျော်လွန် ပြီးအဖေကိုနေကောင်းရဲ့လား တောင်မမေးမိပဲ ပြန်လာခဲ့မိတယ်။ကျွန်တော်ပြန်သွားတော့ သူ့ကိုနှုတ်လေးတာင် ဆက်မသွားလို့ အဖေ ၀မ်းနည်းပြီး မျက်ရည်ကျတာကို အဖေဆုံးမှ အမေပြန်ပြောလို့ကျွန်တော်သိခဲ့ရတယ်။ ကျွန်တော်လိုချင်တာရလို့ ပျော်ခဲ့ပေမယ့် ၊ ကျွန်တော့်ကြောင့်စိတ်ဓါတ်ခိုင်မာလွန်းတဲ့ အဖေ မျက်ရည်ကျခဲ့ရတဲ့ အဲဒီနေ့ကို ပြန်တွေးတိုင်းဒေါသထွက်မိတယ်။

အမှတ်တရနေ့စွဲ(၃)
၉.၄.၂၀၁၁
အဖေမရှိတဲ့လူတစ်ယောက်ရဲ့ခံစားချက်တွေကိုစတင်ခံစားခဲ့ရတဲ့နေ့ပါ။ အဖေ့ရဲ့ ကျေးဇူးတွေကို ကျွန်တော်နောင်တများစွာနဲ့ နားလည်လိုက်တဲ့ နေ့လေးဖြစ်ခဲ့တယ်။ အဖေမရှိတော့တာကိုပျော်နေမယ့် လူ အချို့ရဲ့ သနားတဲ့ အကြည့်တွေကို မခံချင်လို့ မွန်းကျပ်ကျပ်ခံစားမှုကြီးကို အတင်မျိုချရင်း အဖေ့ ဓျာပန ကိုကျွန်တော်မငိုပဲ အားတင်းပြီးဖြတ်သန်းခဲ့ရတယ်။ အဲဒီနေ့လေးကို ဘယ်တော့မှ ကျွန်တော်မမေ့ခဲ့ဘူး။

အမှတ်တရနေ့စွဲ(၄)
၁၆.၁.၂၀၁၂
ကျွန်တော်အရမ်းတက်ချင်တဲ့ Myanmar Media Development Center ကဖွင့်တဲ့ Taste of TV သင်တန်းကိုတက်ဖို့အကြောင်းကြားခံရတဲ့နေ့ပါ။ အရမ်းပျော်လွန်းလို့ ထတောင်ခုန်မိတယ်။ ခုတော့အဲဒီသင်တန်း (၂)လပိုင်း (၁၃)ရက်နေ့မှာတက်ဖို့စောင့်နေပါတယ်။
××××

လူတိုင်းလူတိုင်းရဲ့ ဘ၀မှာအမှတ်တရနေ့ရက်တွေဆိုတာရှိတက်ကြပါတယ်။အဲဒီနေ့ရက်လေးတွေမှာ ပျော်ရွှင်တာတွေ ၊၀မ်းနည်းတာတွေ ၊ လွမ်းမောဖွယ်ရာတွေ၊ စသဖြင့်ခံစားချက်အမျိုးမျိုးနဲ့ရှိနေပါတယ်။
ဒီလိုနေ့ရက်လေးတွေကို ဝေမျှခံစားနိုင်ဖို့ ဘဝ၏အမှတ်တရနေ့စွဲများ တဂ်ပို့စ်လေးကိုရေးပေးပါလို့ အောက်ပါဘလော့ဂါ ကိုကိုမမဦးဦးဒေါ်ဒေါ်တို့တိုက်တွန်းလိုက်ပါတယ်ဗျာ။



ကိုကြီးလွင်ပြင်လှိုင်းငယ်ကိုတွံတေးသိန်းတန်(ခ) ကိုမေမြို့မိုးကိုတွက်တွက်(ကျောက်မဲ)ကို925ကိုမိုးဇက်ကိုလွမ်းပိုင်ရှင်ကိုကြီးမောင်မောင်(မြစ်ဆုံ)ကိုကြီးအလင်းသစ်ကိုချမ်းမင်းကို(ထာဝရသစ္စာ)
ကိုသီပာ(သီပာလုလင်)ကိုမောင်ဘုန်း(ကောင်းကင်ဖြူ)၊ ဦးဦးစွယ်စုံ
 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


16 စာဖတ်သူတို့အမြင်:

ချစ်စံအိမ် said...

မောင်လေးရေ အဖေမရှိတဲ့ဘ၀ကို မမကိုယ်ချင်စားမိပါတယ်
ဘ၀မှလိုရာပြည့်ပါစေကွယ်

Angelhlaing(May everybody be happy and healthy! said...

အမှတ်တရလေးတွေက လွမ်းမောစရာ အပြည့်ပါလားမောင်လေးရေ..

Kyaw Swar 100 said...

ဖတ်ရတာ ရင်ထဲအထိရောက်တယ် ညီလေး...တစ်ပုဒ်လုံးကောင်းတယ်..( အောက်ဆုံးက တွံတေး သိန်း
တန်ဆိုတာကလွဲလို့..ပေါ့.. နာမည်ကလဲ ပေါလိုက်တာကွာ.. လက်နှစ်ဖက်နဲ့မဆန့်တော့ဘူး..။ )

မိုးသက် said...

အော်..တစ်ခြားဘလော့ ၀င်ထားလို့နော်.. အစ်ကို့နည်းပညာဆိုက်ကို ပြန်လုပ်နေလို့ညီ
အပေါ်က ဟိန်းလင်းထွန်းနဲ့တစ်ယောက်တည်းပဲ.. ဟဟ

အလင်းသစ် said...

ကျစ်ပုရေ.. အကိုလာဖတ်သွားပီကွာ.. :)

Lps said...

အမှတ်တရတွေကို တူးဆွရင်း အမှတ်တရလေးတွေကို ပုံဖော်ထုဆစ်လျှက် ဖတ်ဂှုသွားတယ် ညီရေ

ချောကလက်ကျူးပစ်လေး said...

ပာုက်ပါပြီဗျာ...

တွံတေးသိန်းတန်လို့ခေါ်လို

နာမည်ပေါကြောင်းလာကြွားတာပေါ့..:P

mstint said...

တစ်ခါမှားပြီးတဲ့အမှားပေါ်မှာရခဲ့တဲ့နောင်တကိုသင်္ခန်းစာယူပြီး
ကျန်ရစ်နေသေးတဲ့မိခင်အပေါ်မှာအဆပေါင်းများစွာပေးဆပ်ရင်း
နောင်တကိုသင်ပုန်းချေနိုင်ပါစေ ချော့ကလက်လေးရေ။
လူသားတိုင်းအမှားနဲ့မကင်းကြတာတော့သဘာဝတရားပါ။
တက်ခွင့်ရခဲ့တဲ့သင်တန်းလေးမှာအောင်မြင်ထူးချွန်ပါစေလို့-
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

အဖေအကြောင်းဖတ်ရတော့ စိတ်မကောင်းဘူး..
တက်ချင်တာ တက်ခွင့်ရတယ်ဆိုတော့ ၀မ်းသာတယ်..
သတိတရ တဂ်ထားတယ်ဆိုတော့ ရေးရမှာပေါ့..
လာမည် ကြာမည်ပေါ့ ဟိဟိ xD

မြတ်ပန်းနွယ် said...

ပထမဆုံးသိလိုက်ရတာတော့ ကျူးပစ်လေး ငယ်သေးတယ်ဆိုတာပါပဲ။ Taste of TV ဆိုတာက ဘာတွေ သင်ပေးမှာလဲ။ ပုံလေးတွေနဲ့အတူတူ ပြန်ရှယ်ဦးနော်။း)

အစ်မကို တက်ဂ်တဲ့အတွက်လည်း ကျေးဇူး မောင်လေး။
အမြန်ဆုံး ကြိုးစားပေးမယ်။ :)

ခင်တဲ့
မြတ်

Anonymous said...

တဂ်ပို့ လေးကို ခံစာမှုအစုံနဲ့  ဖတ်သွားပါတယ်ဗျာ ရေးပါ့မယ်နော်

Anonymous said...

အေးကွယ်..မောင်ကျူးပစ်လည်းအဖေမရှိတော့ဘူးပဲကိုး
စိတ်မကောင်းပါဘူး။ကျန်ခဲ့တဲ့အမေ့အပေါ်.တတ်နိုင်သမျှ
ကျေးဇူးပြန်ဆပ်ပေါ့။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေနော်


ခင်မင်လျှက်
သမီးစံ

Anonymous said...

ပျော်ရွင်စရာ.. ၀မ်းနည်းစရာတွေနဲ့ တွန်တွဲနေတဲ့ ညီရဲ့ ငယ်ဘ၀အကြောင်းလေးကို ဖတ်သွားတယ်..။
ဆန္ဒနဲ့ ဘ၀တစ်ထပ်ထဲကျပါစေ..ညီမောင်ရေ

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ..

Thiha Lu Lin said...

ဖတ်ပြီး မှတ်ပြီး.... :)

စံပယ်ချို said...

ချောကလက်လေးရေ----ခုသူများလာပြောလို့အမသိရတာ
အပေါ်ကကွန်မက်က အမရေးတာမဟုတ်ပါဘူး မိမစစ်တွေလက်ကမြင်းသွားတာပါ
ရေးထားတဲ့အကြောင်းအရာအားလုံးကလဲဆန့်ကျင်ဖက်တွေပါပဲ
(မလေးရှားတိုင်းမင်းကြီးရုံးမှာနိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာအဆင်မချောသေး
တော့)ဆိုတာလုံးဝမဟုတ်ပါဘူး အားနေတာလဲမဟုတ်ပါဘူး
ဒါကြောင့်အဲဒီကွန်မက်ကိုဖျက်ပေးစေလိုပါတယ်
အမကွန်မက်အားလုံးက အမဆိုဒ်နာမည်နဲ့ပေးတာပါ။
ခင်တဲ့ jasmine

နွေလ said...

အစ်ကိုရေ . . .
အစ်ကိုလို မခံစားဖူးပေမယ့်လည်း
ဘာသားနဲ့မှ ထုထားတာမဟုတ်တဲ့ လူသားတစ်ယောက်မို့
ထပ်တူထပ်မျှ မဟုတ်တောင်
ထပ်တူထပ်မျှနီးပါး ခံစားရပါတယ်ဗျာ
စိတ်ဓာတ်ကိုလည်း လေးစားရပါ၏
ပျော်ရွှင်စရာတွေ အများကြီးကြုံတွေ့ရပါစေ
ဆုတောင်းရင်းးးးးးးးးးးးးးးးးးးးးးးးးးးး
ခင်မင်ရပါသော ညီ - မောင်နွေလ