Friday, November 25, 2011

ပထမဆုံးအကြိမ်ချစ်သူနဲ့ချိန်းတွေ့မယ်ဆိုရင်



လောကမှာရှိတဲ့လူတွေအားလုံးအချစ်နဲ့မကင်းတက်ကြပါဘူး။
အရွယ်ရောက်တဲ့သူတိုင်းပဲချစ်သူကိုရှာတက်ကြပါတယ်။
ချစ်သူရည်းစားရပြီဆိုတာနဲ့ပဲချိန်းတွေ့ခြင်းဆိုတဲ့အရာကလဲ
တွဲပါတက်ပါတယ်။
ချိန်းတွေ့တယ်ဆိုတဲ့အချိန်လေးပာာလဲချစ်သူစုံတွဲတိုင်းရင်ခုန်စွာ
စောင့်မျှော်တက်တဲ့အချိန်လေးမို့
တစ်ခါမှမချိန်းဘူးသေးတဲ့သူတွေအတွက်ရှောင်ရန်အချက်လေးတွေကို
တင်ပြပေးလိုက်ပါတယ်။



1.ပထမဆုံးအကြိမ်ချိန်းတွေ့မည့်နေရာကိုအရမ်းလူပြတ်တဲ့နေရာမဖြစ်ပါစေနဲ့ ။
ချစ်သူအချင်းချင်းယုံကြည်မှုကိုလျော့နည်းစေတက်ပါတယ်။

2.တစ်ခါမှမ၀တ်ရသေးတဲ့အင်္ကျီအသစ်ကိုမ၀တ်ပါနဲ့။
မိမိနဲ့လိုက်ဖက်တယ်လို့ခံစားရတဲ့ဝတ်ဖူးပြီးသားအင်္ကျီများကိုသာဝတ်ဆင်ပါ။
အင်္ကျီအသစ်နဲ့အဆင်ပြေပါ့မလားဆိုတဲ့အတွေးက
မင်းရဲ့စိတ်ကိုကြဉ်းကြပ်စေပြီးတွေ့ဆုံမှုမှာအဆင်မပြေဖြစ်တက်ပါတယ်။

3.ခံတွင်းနံ့ကင်းစေရန်ဂရုစိုက်ပါ။
တကယ်လို့ခံတွင်းနံ့တွေနံနေခဲ့ရင်၊အနီးကပ်စကားပြောရမှာဖြစ်လို့
ပထမဆုံးအကြိမ်မှာပဲမင်းရဲ့ချစ်သူကမင်းအပေါ်အထင်ကြီးမှုကိုလျော့နည်းစေပါတယ်။

4.အနံပြင်းတဲ့ရေမွှေးတွေမသုံးပါနဲ့။
အနံပြင်းတဲ့ရေမွှေးတွေပာာလဲအနီးကပ်နေရမဲ့မင်းရဲ့ချစ်သူကို
အနှောက်အယှက်ဖြစ်စေတက်ပါတယ်။

5.မျက်နှာမှာအဆီတွေပျံမနေအောင်ဂရုစိုက်ပါ။
တကယ်လို့မင်းမျက်နှာမှာအဆီတွေပျံနေရင်ပထမဆုံးအကြိမ်မှာပဲ
မင်းရဲ့ချစ်သူကမင်းကိုစိတ်ကုန်မှာမလွဲမသွေပါပဲ။

6.အပိုစကားတွေမပြောပါနဲ့။
ချစ်သူအချင်းချင်းစိတ်ကျေနပ်စေမဲ့စကားမျိုးသာရွေးပြောပါ။
တကယ်လို့အပိုစကားတွေများနေရင်ပထမဆုံးအကြိမ်မှာပဲ
မင်းရဲ့ချစ်သူကမင်းကိုစိတ်ညစ်သွားပါလိမ့်မယ်။

7.ခပ်စိမ်းစိမ်းအမူအရာမျိုးမလုပ်မိပါစေနဲ့။
ချစ်သူကိုနူးညံ့တဲ့အမူအရာနဲ့ကြင်နာပာန်လေးမင်းဆီမှာထင်ပာပ်နေပါစေ။
ဒါပာာလဲပထမဆုံးချိန်းတွေ့စဉ်မှာပဲမင်းရဲ့ချစ်သူကမင်းကိုပိုချစ်သွားစေပါတယ်။




6 စာဖတ်သူတို့အမြင်:

သန်လျင်သား said...

ကွက်တိပဲ..အမောင်ချောကလက်ရေ..မှန်မမှန်သိရအောင် ငါးယောက်လောက်နဲ့ပတ်ချိန်းပြီး စမ်းလိုက်ဦးမယ် ဟီးဟီး

ချောကလက်ကျူးပစ်လေး said...

ပဲာပဲာစမ်းကြည့်လိုက်ဥိးဗျို့..ဒါပေမဲ့ဒါကအတွေ့အကြုံမရှိသူတွေအတွက်ပဲနော်....
အတွေ့အကြုံရှိသူတွေကတော့တစ်မျိုးပေါ့ဗျာ....ကြုံဖူးသူတွေသိပါတယ်...:P

လမင်းငယ် said...

မှတ်ထားမယ်နော်
အပျိုကြီးစာတတ်တာပေါ့ :P

Candy said...

အဟီး... ချောကလတ်ကျူးပစ်လေးဆိုတာ မြှားနတ်မောင်လေးလား.. ဒါမျိုးလေးတွေ ပြောပြတယ်ဆိုတော့.. အဟိ :D :D

ဘလော့လေး အရမ်းချစ်ဖို့ကောင်းတယ်.. မိန်းကလေး ဘလော့ထင်နေတာ.. ယောကျာ်းလေးဖြစ်နေတယ်. :D :D :D

mstint said...

မသင်ပဲတတ်တဲ့ပညာတွေပါလားး)) ချိုချဉ်လေးတို့ လမင်းတို့ ချော့ကလက်လေး ပြောတာတွေကို သေချာမှတ်ထားနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုတူး said...

အို .. လူပြတ် တဲ့နေရာမှာပဲတွေ့ချင်တာ ဆို ဟီးဟီးးး ထင်ချင်သလိုထင် လူပြတ်တဲ့နေရာမှာပဲ တွေ့မယ် .. :D