Tuesday, November 15, 2011

အချစ်ဆိုတာ...ပန်းချီဆန်ပြီး စိမ်းလန်းတယ်...














အချစ်ဆိုတာလှပတယ်
အချစ်ဆိုတာသိမ်မွေ့တယ်
အချစ်ဆိုတာနူးညံ့တယ်
သက်ရှိတိုင်းအချစ်ကိုရှာတယ်….
လိုအပ်လို့……

အမျိုးမျိုးအဓိပ္ပာယ်တော့ဖွင့်တယ်… အချစ်ကို

အချို့က ပေးဆပ်ခြင်း
အချို့က ရယူခြင်း
အချို့က ပျော်ရွှင်ခြင်း
အချို့က ၀မ်းနည်းခြင်း..စသည်ဖြင့်စသည်ဖြင့်….

မှားတယ်…လို့ထင်တယ်….

တကယ်တော့ အချစ်ဆိုတာ
လိုသလိုချယ်မှုန်းလို့ရတဲ့
ပန်းချီကင်းဗက်စအဖြူထည်တစ်ခုပဲ….
ချယ်မှုန်းသူပေါ်မူတည်ပြီး ပုံစံပြောင်းလဲတယ်...


 အချစ်ဆိုတာ ဒီလိုပြောချင်သေးတယ်…


အချစ်ကြောင့်
သက်ရှိတွေဆုံတွေ့တယ်…….
မျိုးဆက်သစ်တွေဖြစ်ထွန်းတယ်….
သေကြေတယ်....
မြေသြဇာရတယ်…
တောင်သဘာဝပတ်ဝန်းကျင်ကိုစိမ်းလန်းစေတယ်…

ဒါကြောင့်
အချစ်ဆိုတာ...ပန်းချီဆန်ပြီး စိမ်းလန်းတယ်...

6 စာဖတ်သူတို့အမြင်:

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေးပါ
အားပေးသွားပါတယ်

April said...

ချယ်မှုန်းသူပေါ် မူတည်ပြီး ပုံစံပြောင်းလဲတယ် ..
အို .. မိုက်အိ ~ ရှင်သန်စိမ်းလန်းတဲ့ အချစ်တွေကို ခံစားသွားမိပါအိ

ခင်မင်စွာဖြင့်
April

လမင်းငယ် said...

သူပြောတော့လဲဟုတ်သာပဲနော်

မောင်မောင် said...

ကဗျာလေး ကောင်းတယ် ညီလေးရေ ။ အားပေးနေမယ်။

laminlwinpyin said...

ကောင်းတဲ့ကဗျာလေးပါအားပေးသွားတယ်နော်

စံပယ်ချို said...

ဟယ် အချစ်ဆိုတာ တစ်ကယ်ပဲ
ပန်းချီဆန်သလားကွယ်