Saturday, September 1, 2012

Fancy Idol of Celebrity (ကောင်းပြည့်)


Fancy Idol of Celebrity ကဏ္ဍလေးကနေ ပုံမှန် တင်ဆက်ပေးနေကျအတိုင်း ပြည်တွင်းက အနုပညာရှင်တွေရဲ့ နှစ်သက်အားကျရသူ ကမ္ဘာကျော် အနုပညာရှင်တွေအကြောင်း မေးမြန်းစကားပြောဆိုပြီး အဲ့ဒီကမ္ဘာကျော် အနုပညာရှင်အကြောင်း တစေ့တစောင်းကို တင်ပြနေသွားဦးမှာပါ။ ယခုအပတ်မှာတော့ လူငယ်အမျိုးသား သရုပ်ဆောင်နဲ့ မော်ဒယ်လ်ဖြစ်သူ ကောင်းပြည့်နဲ့ သူချစ်ခင်မြတ်နိုးသူ အနုပညာရှင်အကြောင်း ခုလို စကားပြောဖြစ် ခဲ့ကြပါတယ်။
 
 
မေး- ကိုကောင်းပြည့် အခုလတ်တလော အနုပညာ လှုပ်ရှားမှုတွေကို သိချင်ပါတယ်။
 
ဖြေ- ကျွန်တော် အခုလတ်တလောကတော့ ဗီဒီယိုကားရိုက်နေတယ်။နောက် ကြော်ငြာတွေလဲ ရိုက်ဖြစ်နေပါတယ်။ အခုနောက်ဆုံး ကော်ဖီမစ် ကြော်ငြာရိုက်ထားပါတယ်
 
မေး- အစ်ကို့အနေနဲ့ ပြည်ပက နှစ်သက်အားကျတဲ့ အနုပညာရှင်ကိုပြောပါဆိုရင် ဘယ်သူဖြစ်မလဲ။
 
ဖြေ- ကျွန်တော်က Michael Jackson ကို ကြိုက်တယ်။
 
မေး- Michael Jackson က သီချင်းသီဆိုမှုလည်းကောင်းသလို၊ ဖျော်ဖြေတင်ဆက်မှုတွေကလည်း ကောင်းတယ် ဆိုတော့ အကိုအနေနဲ့ သူ့သီချင်းတွေကို ကြိုက်တာလား။ ဒါမှမဟုတ် သူ့ရဲ့ Dance Performance တွေကို သဘောကျတာလား။
 
ဖြေ- သူ့ရဲ့ လုပ်ဆောင်မှုအားလုံးကို ကြိုက်တယ်ဗျ။ သူ့ရဲ့ခေတ်မှာ သူလုပ်ပြနိုင်ခဲ့တာတွေက တော်တော်လေးကို ကောင်းခဲ့တယ်။ ကျွန်တော်ကတော့ သူ့ရဲ့ Performance သူ့ရဲ့ သီဆိုမှုတွေအပြင် သူ့ရဲ့ ၀တ်စားဆင်ယင်မှု Fashion တွေကိုပါ သဘောကျပါတယ်။
 
မေး- Michael က သီချင်းသီဆိုမှုအပြင် လူမှုရေး လုပ်ငန်းတွေကိုပါ ဆောင်ရွက်တတ်တယ်လေ။ သူ့ရဲ့ လုပ်ဆောင်ခဲ့တဲ့ လူမှုရေးပရဟိတလုပ်ငန်းတွေအပေါ်မှာ အကို့ရဲ့ အမြင်တွေကိုသိချင်ပါတယ်။
 
ဖြေ- သူ့ရဲ့ အဲလိုဆောင်ရွက်ချက်တွေအပေါ်မှာ ကျွန်တော် အရမ်းသဘောကျပါတယ်။ တကယ်လည်း အားကျမိပါတယ်။
 
မေး- Michael Jackson ရဲ့သီချင်းတွေထဲကမှ အစ်ကိုအကြိုက်ဆုံးသီချင်းကို ရွေးပေးပါဆိုရင် အကိုဘယ်သီချင်းကို ရွေးပေးဖြစ်မလဲ။
 
ဖြေ- Michael Jackson သီချင်းတွေဆို အကုန်ကြိုက်ပါတယ်။ Black or White တို့ Remember the Time တို့ပေါ့။ အကုန်နားထောင်ဖြစ်ပါတယ်။ Remember the Time ဆိုရင် အခုတောင် ကျွန်တော် ကားထဲမှာတောင် နားထောင်ဖြစ်တုန်းပဲ။
 
မေး- Michael Jackson ရဲ့ အောင်မြင်ခဲ့တဲ့ ခေတ်ကလည်း ကြာခဲ့ပြီ၊ အခုထိလည်း သူ သက်ရှိထင်ရှားမရှိတော့သည့်တိုင် အောင်မြင်နေဆဲပဲဆိုတော့ အစ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီး သူ့ကို သဘောကျ နှစ်သက်ခဲ့တာလဲ။
 
ဖြေ- ဟိုးငယ်ငယ်လေးထဲကပေါ့။ ကျွန်တော် သီချင်းတွေစပြီး နားထောင်တတ်တဲ့ အချိန်တည်းက ကျွန်တော့အဖေ ဖွင့်ခဲ့တဲ့ သီချင်းတွေကို နားထောင်ဖြစ်ပြီးတော့ သူ့ကို ကြိုက်ခဲ့တာပါ။
 
မေး- တကယ်လို့ Michael Jackson သာ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်ပေါ့နော် အကိုနဲ့ သူနဲ့ နှစ်ယောက်အတူတူ ပွဲတစ်ခုမှာ ဖျော်ဖြေရမယ်ဆိုရင် အကို ဘယ်လိုခံစားရမယ် ထင်လဲ။
 
ဖြေ- ဒါဆိုရင်တော့ ကိုယ်နှစ်သက်တဲ့ အနုပညာရှင်နဲ့ အတူတွဲပြီး ဖျော်ဖြေခွင့်ရတဲ့ အတွက် အရမ်းကို ပီတိဖြစ်မိမှာပါ။ အရမ်းလည်း ကျေနပ်မိမှာပေါ့။
 
မေး- ဟုတ်ကဲ့ပါအကို။ အခုလိုမျိုး မအားလပ်တဲ့ကြားက အချိန်ပေးပြီးဖြေပေးတဲ့ ကိုကောင်းပြည့်ကို ကျေးဇူး အထူးပဲတင်ပါတယ်။
 
ဖြေ- ဟုတ်ကဲ့။ ကျွန်တော်ကလည်း ပရိသတ်တွေနဲ့ ကျွန်တော့ကို ထိတွေ့ခွင့်ပေးတဲ့ Fancy ဂျာနယ်ကို ကျေးဇူးတင်ပါတယ်။
 

 
 
ကဲ Fancy ပရိသတ်ကြီးရေ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်ကောင်းပြည့်ကြိုက်တဲ့ Michael Jackson ကို အားလုံးက တော်တော်များများသိကြမှာပါ။ လူ့လောကကြီးမှာ သက်ရှိထင်ရှား မရှိတော့သည့်တိုင်အောင် သူ့ရဲ့သီချင်းသံတွေ၊ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်နဲ့ အကပညာတွေ ၊ သူ့ရဲ့ ကိုယ်ပိုင် Fashion တွေဟာဆိုရင် ဒီကနေ့ချိန်ထိတိုင်အောင် ရေပန်းစားနေဆဲပဲဖြစ်ပါတယ်။
Pop ဂီတရဲ့ ဘုရင်တစ်ဆူလို့ တင်စားရတဲ့ Michael Jackson ကို 1958 ခုနှစ် August လ 29 ရက်နေ့မှာ American ပြည်ထောင်စု Indiana ပြည်နယ် Gary မြို့မှာ မွေးဖွားခဲ့ပါတယ်။ R&B, Pop Rock နဲ့ Dance music, Disco Music တွေကို သီဆိုခဲ့ပြီးတော့ အဆိုတော် တစ်ယောက်အနေနဲ့သာမက သီချင်းရေးဆရာတစ်ယောက်အနေနဲ့ပါ နာမည်ကြီး ထင်ရှားခဲ့ပါတယ်။
 
1972 ခုနှစ်မှာ သူတို့ မောင်နှမတွေဟာ The Jackson 5 ဆိုတဲ့ အဖွဲ့ကိုတည်ထောင်ပြီး သီချင်းတွေကို သီဆိုခဲ့ကြပါတယ်။
 
1980 အစောပိုင်းကာလတွေမှာ Michael ဟာ Pop ဂီတလောကရဲ့ ဘုရင်တစ်ဆူဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ Music Video တွေဖြစ်တဲ့ Beat it, Billie Jeans, နဲ့ Thriller အစရှိတဲ့ သီချင်းတွေဟာ ဆိုရင် နိုင်ငံတကာမှာ အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။
 
ပရိသတ်များစွာ နှစ်သက်တဲ့ သူ့ရဲ့ Music Video တွေကို အစပြုပြီး MTV Channel ပေါ်ပေါက်လာတယ်လို့တောင် ပြောစမှတ်ပြုခဲ့ပါတယ်။ သူ့ရဲ့ Black or White နဲ့ Screen တို့ဟာ MTV Channel ရဲ့ လူကြည့်အများဆုံး သီချင်းတွေဖြစ်ခဲ့ပါတယ်။ အဲဒီ သီချင်းတွေနဲ့ပဲ သူဟာ နိုင်ငံတကာမှာ လှည့်လည်ပြီးတော့လည်း ဖျော်ဖြေခဲ့ပါတယ်။
 
သူ့ကို နာမည်ကြီးစေခဲ့တဲ့ အချက်တွေထဲမှာ တေးသီချင်းသီဆိုမှုအပြင် သူ့ရဲ့ ပြောင်မြောက်လှတဲ့ အကဆန်းသစ်မှုများလည်း ယှဉ်တွဲလျက်ပါလာခဲ့ပါတယ်။
 
သူကိုယ်တိုင်တီထွင်ခဲ့တဲ့ Robot နဲ့ Moonwalker အကတို့ဟာ အထူးကို နာမည်ကြီး ထင်ရှား လူကြိုက်များခဲ့ပါတယ်။
 
2008 ခုနှစ်မှာတော့ SONY နဲ့ ပူးပေါင်းပြီးတော့ Thriller Album ရဲ့ 25 နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ Thriller 25 ဆိုတဲ့ Album ကို ပြန်လည်ဆန်းသစ်တီထွင်ခဲ့ပြန်ပါတယ်။ 
 
ပရဟိတနဲ့ ပတ်သတ်ပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေကတော့ HIV / AIDS နဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ ပရဟိတအဖွဲ့တွေကို ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
 
အဲဒီလို ပရဟိတစိတ်ဓါတ်အပြည့်ရှိတဲ့ Pop ဘုရင် Micheal Jackson ဟာ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ California ပြည်နယ် LA မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးချိန်မှာတော့ သူရဲ့အသက်ဟာ ၅၀  နှစ်ရှိခဲ့ပါပြီ။
 
Thriller, Immortal, Bad, Number Ones, Dangerous, Off the Wall, Michael, အစရှိတဲ့ Album များစွာကို သီဆိုခဲ့တဲ့ Micheal Jackson ဟာ သူ့ရဲ့ ဘ၀ကို ပြည်ဖုံးကားချခဲ့ရပေမယ့် သူရဲ့ အောင်မြင်မှုတွေကတော့ ယခုထက်တိုင် အောင်မြင်ကျော်ကြားနေဆဲပါ။ 
 

  ရဲကို
 Fancy Journal Vol.1, No.6

4 စာဖတ်သူတို့အမြင်:

Mrs. Bagel said...

စာတွေ ပြန်ရေးနေပါလား? ပျောက်သွားတာ ကြာပြီနော်။ ပြောမယ့်သာပြောတာ အစ်မလည်း အခုမှ ဘလော့ပေါ် ပြန်တက်ဖြစ်တယ်။

Anonymous said...

ကိုကောင်းပြည့်ဆက်ပြီးကြိုးစားပါ။အမြဲအားပေးနေမယ်နော်။

Unknown said...

ဖုန်းဆက်တိုင်းမရှိဘူးဘယ်ရောက်အဖွားနဲ့ဘဲတွေဒယ်

Unknown said...

hi