Monday, April 23, 2012

“ယောက်ျားတွေကိုမယုံတော့ပါဘူး..” လို့ပြောတာကြုံနေရလား


 
“ယောက်ျားတွေကိုမယုံတော့ပါဘူး..” ကျွန်တော်တို့ယောက်ျားလေးတွေ ကိုယ်ချစ်တဲ့ ကောင်မလေးတွေကိုရည်းစားစကားပြောရင်းနဲ့  တစ်ခါတစ်လေမှာ အဲဒီစကားကိုကြားရတက်ပါတယ်။ မိန်းကလေးတွေပာာ သူတို့အချစ်ဦး(သို့)အချစ်ဆုံး နဲ့ ဆုံစဉ်ကာလမှာ ချစ်သူကသစ္စာစောင့်သိမှုမရှိခဲ့ရင်ပဲဖြစ်ဖြစ်၊ အခြားပြသနာအမျိုးမျိုးကြောင့် ချစ်သူနဲ့လမ်းခွဲခဲ့ဘူးရင် အဲဒီလိုမျိုးအမြဲပြောတက်ကြပါတယ်။ တကယ်တော့ သူတို့တွေပာာ ယောက်ျားတွေကို မယုံတော့တာထက် သူတို့ရဲ့ချစ်ဦး ဒါမှမပာုက် အချစ်ဆုံးချစ်သူကို အယုံအကြည်မဲ့သွားပြီး နောက်ထပ် အဲဒီလိုအလားသဏ္ဍာန်တူချစ်သူမျိုးကို ထပ်ပြီးချစ်ရမှာ ကြောက်ရွံ့သွားတာပဲဖြစ်ပါတယ်။ ဒါပေမယ့်တချို့ကျပြန်တော့လဲ ကောင်လေးအထင်ကြီးအောင် သက်သက်အမူပိုကာ ပြောတက်ကြပါတယ်။ ဒါပာာလဲ သူတို့ကိုဘယ်လောက်ချစ်နေလဲဆိုတာကို စမ်းသပ်ဖို့  အတွက်သာဖြစ်လို့ အပြစ်ပြောလို့တော့မရနိုင်ပါဘူး။

အွန်လိုင်းကသူငယ်ချင်းတစ်ယောက်က သူချစ်ခွင့်ပန်ထားတဲ့ကောင်မလေး ကိုသွားတွေ့တော့ အဲဒီလိုစကားကို ကြားခဲ့ရပါတယ်တဲ့ ။ ကောင်မလေးက သူမရဲ့ပထမဆုံးချစ်သူကောင်လေး ကိုသူမသေမတက်အောင်ချစ်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့ချစ်သူက အသစ်တွေ့လို့ သူမကိုပစ်သွားတဲ့ အခါမှာ တော်တော်လေးခံစားခဲ့ရပြီး နောက်လဲအလားတူခံစားချက်မျိုးကို ခံစားရမှာကြောက်သွားလို့ တကယ်ချစ်ရင်တောင် စိတ်ထဲကပဲချစ်တော့မယ်၊မယုံရဲတော့ဘူးတဲ့..။ ဒီစကားကိုကြားခဲ့တဲ့အချိန်မှာ ဆို ကောင်လေးကသူ့ကိုချစ်ပါတယ်ဆိုတာ မသိမသာပြောသွားတယ်ဆိုတာကို နားလည်လိုက်ပါတယ်။ ဒါပေမယ့် “ယောက်ျားတွေကိုမယုံတော့ပါဘူး..” လို့ လဲပြောသွားပြန်တော့ ဘာဆက်လုပ်ရမှန်းမသိအောင် ဖြစ်သွားပါတယ်။ချစ်ခွင့်ပန်ရသူကောင်လေးမှာ အောင့်သက်သက်နဲ့ အင်မတန်မှခံရခက်လှပါတယ်။ သူ့အချစ်ကိုရဖို့မရမကပဲဇွက်တိုးပြီးဆက်ချစ်ရမလား၊ အဲဒီလိုဆို အလိုက်မသိဘူးဆိုပြီး မုန်းသွားမှာလဲ ကြောက်ရပြန်ပါတယ်။ သူစိတ်ချမ်းသာဖို့ခပ်ခွာခွာပဲနေပေးရမလား၊ ဒီလိုဆိုရင်ရော လွယ်လွယ်နဲ့လက်လျော့တက်သူရယ်လို့ စွပ်စွဲခံရမှာလဲ ကြောက်ကြရပြန်ပါတယ်။  စိတ်ထဲမှာဒွိပာအမျိုးမျိုးနဲ့ တွေဝေသွားပါတယ်။ သူဘာဆက်လုပ်လို့လုပ်ရမှန်းမသိလို့ အကြံဥာဏ်တောင်းလာလို့ ဒီပို့စ်လေးကိုရေးဖြစ်လိုက်တာပါ။

ဒီလိုအဖြစ်မျိုးနဲ့ ကြုံလာရင် ကျွန်တော်တို့ယောက်ျားလေးတွေ အနေနဲ့ အောက်ကအချက်လေးတွေအတိုင်းလိုက်နေကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁)လွယ်လွယ်နဲ့လက်လျော့အရှုံးမပေးပါနဲ့။
(၂)သူမရဲ့လိုအပ်ချက်ကိုအတက်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားပါ။
(၃)သူမကိုအကြင်နာဆုံးဆက်ဆံပါ။
 (၄)သူမရဲ့အရင်အဆက်ပောာင်းအကြောင်းစုံစမ်းပြီး အဆက်ပောာင်းနဲ့ဆန့်ကျင်ဘက်ပုံစံနေပြပါ။

ဒီလိုကိစ္စမျိုးတွေကြုံရင် တစ်ချို့ယောက်ျားလေးတွေပာာ လက်လျော့ကာ အရှုံးပေးသွားတက်ပါတယ်။ တကယ်တော့ “ယောက်ျားတွေကိုမယုံတော့ပါဘူး..”ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စကားနောက်ကွယ်မှာ “အယုံရဆုံးသူကိုပဲချစ်တော့မယ်” ဆိုတဲ့ စကားတစ်ခွန်းရှိနေသေးတယ်ဆိုတာ မေ့မနေဖို့ပါပဲ။ ကျွန်တော့်သူငယ်ချင်းကောင်မလေးတစ်ယောက်ကို ဒီစကားနဲ့ပတ်သက်ပြီးမေးကြည့်မိတော့ “ယောက်ျားတွေကိုမယုံတော့ပါဘူး..” ဆိုတာ သူအဆက်ပောာင်းတွေ ၊  အဆက်ပောာင်းတွေနဲ့ ပုံစံတူ အပြုအမူအပြောအဆိုတူတဲ့ ကောင်လေးမျိုးကိုသာဆိုလိုတာပါတဲ့ ။အဓိပ္ပါယ်က အဆက်ပောာင်းတွေနဲ့မတူတဲ့သူဆို ယုံဦးမယ်ဆိုတဲ့သဘောပေါ့။

လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးတက်တဲ့ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေးတော်တော်များများက သဘောကျတက်ပါတယ်။ “ယောက်ျားတွေကိုမယုံတော့ပါဘူး..” လို့ဘယ်လောက်ပင်ပြောနေပါစေ လိုအပ်ချက်တိုင်းအတွက် အလိုက်သိနေတက်တဲ့ သူမျိုးကိုတော့ စိတ်ထဲမှာအသိအမှတ်ပြုပြီး ယုံချင်စိတ်ဖြစ်ပေါ်လာနိုင်ပါတယ်။

အကြင်နာရိပ်သန်းတဲ့မျက်လုံးတွေ ၊ အကြင်နာအငွေအသက်ပါနေတဲ့ အပြုအမူတွေက မိန်းကလေးတိုင်းရဲ့ သည်းခြေကြိုက်ပါ။ ယောက်ျားလေးတွေကိုမယုံပါဘူးဆိုတဲ့ဘယ်လို မိန်းကလေးပဲဖြစ်ဖြစ် အကြင်နာပာန် ထင်ပာပ်နေတဲ့  အပြုအမူ အပြောအဆိုတွေကို မြင်ရဖန်များရင်တော့ ယောက်ျားလေး တစ်ယောက်ကို ယုံကြည့်ဖို့ကြိုးစားကြည့်ချင်စိတ်တော့ ဖြစ်သွားမှာပါ။

သူမရဲ့အရင်အဆက်ပောာင်းအကြောင်းစုံစမ်းပြီး အဆက်ပောာင်းနဲ့ဆန့်ကျင်ဘက်ပုံစံနေပြပါ။ ဒီလိုနေပြတာလဲ သူရဲ့အဆက်ပောာင်းတွေနဲ့ ပုံစံမတူလို့ သူ့စိတ်ထဲမှာ မင်းကို ယုံကြည်ချင်စရာကောင်းတဲ့သူရယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အနည်းဆုံးတော့ မယုံကြည်ချင်တော့တဲ့စိတ်ရဲ့ တစ်ဖက်မှာ ကျန်ရှိနေတဲ့ယုံကြည်ချင်တဲ့စိတ်ထဲမှာ မင်းအတွက်နေရာတစ်ခုတော့ ရနိုင်မှာပါ။


ချောကလက်ကျူးပစ်လေး
10:59 PM
23/4/2012

12 စာဖတ်သူတို့အမြင်:

မိုးသက် said...

မိုက်တယ်ညီ..။ ညီလေးလည်း ဂုရုကြီးထင်တယ်.။ ဟီး. ဆရာတင်ရမယ်.။

ချစ်စံအိမ် said...

ကျုးပစ်တို့ဒါလည်းရတာပဲလား။။

Unknown said...

တယ်ဟုတ်ပါ့လား ကိုယ့်ညီ ရ

စန္ဒကူး said...

ယောက်ျားတွေကိုမယုံတော့ပါဘူး... ဆိုတော့ တော်တော်များများကြုံခဲ့ပုံရတယ်...
စိတ်ရှည်သီးခံနည်းလမ်းမှန်..တစ်ကယ်ချစ်ရင်တော့ သီးခံပြုပြင်ကြိုးစားရမှာအမှန်ဘဲ..

Candy said...

Good Advise ပဲ မြှားနတ်မောင်ရေ :D :D

Mrs. Bagel said...

တော်တယ် :)ဒါပေမယ့် တစ်ချက်ရှိတယ်။ အလိုသိပ်လိုက်ပြီး ဖြည့်ဆည်းပေးရင် နွားပြာကြီး အောက်သွားမပါ မဖြစ်အောင် ဂရုပြုဖို့လိုမယ်ထင်တာပါပဲ။ ကြုံဖူးတာပြောတာ။ :)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ယောင်္ကျားတွေကို မယုံကြည်တာမဟုတ်ဘဲ အဲဒီအမျိုးသမီးဟာ သူမအချစ်ကိုသူမ ကိုယ်တိုင် မယုံတာမျိုးဆိုရင်ကော ဘယ်လိုလုပ်မလဲ မောင်လေး။

ခင်တဲ့
မြတ်

မိုးဇက် said...

ဟိုးးးးးးးးးး.............. ချောကလု ညီလေး ၊ အချစ်ရေးနှင့်ပတ်သက်တာအတော်ကြွမ်းကျင်တာပဲ ၊ ဆရာတင်ပါတယ် ဆာကလေးရယ် ၊ နောက်ထပ်နည်းလေးရှိရင် ဝေမျှပါအုံးကွယ် ..........

စံပယ်ချို said...

ယုံကြည်မှုမှာတော့ယောက်င်္ကျား မိန်းမ ဆိုတာမဆိုင်ပါဘူးမောင်လေးရေ
တစ်ချို့က ယုံကြည်ရတယ် လူတစ်ချို့က မယုံကြည်ရဘူး

Anonymous said...

ယောက်ျားတွေကိုမယုံတော့ပါဘူးး))

Anonymous said...

ဖတ်သွားပါတယ်မောင်လေး..။

ဝိ၀ိ said...

တော်တော်တန်ဖိုးရှိတဲ့ ပို့ စ်လေးပဲ