ပာမ်းစတားနှစ်ကောင်ကျွန်တော့်ဆီရောက်လာတာမကြာသေးပါဘူး။
ရုံးကအမတစ်ယောက်ကသူမွေးထားတဲ့ပာမ်းစတားတွေထဲကအထီး၊အမတစ်စုံပေးလို့မွေးဖြစ်တာပါ။
ထူခြားတာကသူတို့အိမ်ကိုရောက်လာပြီးနောက်နေ့မှာပဲ အမလေးက ကလေး(5)ကောင်မွေးပါတယ်။
မလုပ်တက်မကိုင်နဲ့ဒီအတိုင်ထိုင်ကြည့်နေလိုက်တာနောက်နေ့ရောက်တော့ကလေးတွေတစ်ကောင်မှ
မရှိတော့ဘူး။အမေကအကုန်ပြန်စားပစ်လိုက်ပါတယ်။ဘာကြောင့်မှန်းအဖြေရှာလို့မရတုန်းမှာပဲ
တိုက်တိုက်ဆိုင်ဆိုင်မစန္ဒကူးရဲ့ကျွန်မ နှင့် Hamster ပေါက်ကလေးများပို့စ်လေးကိုဖတ်မိခဲ့ပါတယ်။
အဲဒီပို့စ်လေးကနေပာမ်းစတာလေးတွေသားပေါက်ရင်ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာသေချာသိခဲ့ရပါတယ်။
နောက်တစ်ခုပာမ်းစတားလေးတွေကိုဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကိုတော့
ပူးပူးရေးထားတဲ့hamster လေးတွေ မွေးချင်သူများအတွက် လမ်းညွန်
ပို့စ်လေးကအထောက်အကူပေးပါတယ်။ကဲကဲ..ကျွန်တော့ရဲ့ဘေဘီတွေကို ရှုစားပါဦးဗျာ..:)
![]() |
Hamsterတို့ရဲ့ကမ္ဘာ |
![]() | ||
အစားမတ်တဲ့ ပာမ်းစတားအထီး |
![]() |
Wheelထဲမှာအလုပ်များနေတဲ့ ပာမ်းစတားအမ |
![]() |
ပာမ်းစတားအိမ်နဲ့ ရေချိုးတဲ့ရေမွှေးသဲ (လာဗင်ဒါအနံ့ကိုသုံးပေးထားတယ်) |
![]() | |
Beddingတွေခင်းထားတဲ့သူတို့နေရာ |
![]() |
အစားမက် သူနဲ့အဆော့သန်သူ |
![]() |
ဖျစ်လိုက်ချင်တယ် |
8 စာဖတ်သူတို့အမြင်:
ဟမ်းစတားလေးတွေလာကြည့်သွားပါတယ်
လာတော့ကြည့်တာပဲ..မိုးနတ်ဆီက လိုင်းမကောင်းလို့လားမသိ..
ပုံတွေလဲတွေ့ရ၀ူး....ဟင့်.....
အကောင်လေးတွေအကြောင်းလာဖတ်သွားတယ်..
ကူးကူးမှာ နောက်နှစ်ကောင်ထပ်ပေါက်တယ်...
အမေကိုခွဲထားရတယ်..
အမြဲနို့စို့နေတာ.... သူတို့က... အမေက သွားကြည့်ရင်နို့မတိုက်တော့ဘူး... wheel ထဲမှာဘဲပတ်ပြေးနေတာ...
5 Plus မှာ Pet Lovers အစီအစဉ်မှာ
ဟမ်းစတားလေးတွေအကြောင်း ကြည့်ပြီးကတည်းက
မွေးချင်နေတာ ... တော်တော်ချစ်ဖို့ကောင်းတယ်ဗျ
လုံးလုံးလေးတွေ
ချောကလက်ရဲ့ ဘေဘီလေးတွေလာရောက်ကြည့်နေတယ်နော် ချစ်ချာလေးတွေ
လင့်တွေပျက်ကုန်လို့ခုပြန်ချိပ်ထားပြီနော်
ဘလော့ကနေအတော်ကြာကြာပျောက်သွားပါလား ချော့ကလက်လေးရေး)
တီတင့်သားတွေလည်း အရင်အိမ်မှာ နှစ်ကောင်မွေးရာကနေ ဆယ်နှစ်ကောင်ထိဖြစ်လာလို့ တူ တူမလေးတွေကို ပေးလိုက်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Cuteeeeeeeeeeeeeeeeeeeeee
ဟဟ ချစ်စရာလေးတွေနော် မွေးချင်လိုက်တာ ဘယ်လိုလုပ်ရပါ့နော်
Post a Comment