Saturday, December 24, 2011
ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 9:42 AM 13 စာဖတ်သူတို့အမြင်
အမျိုးအစား တဂ်ပို့စ်
Monday, December 19, 2011
အခိုက်အတန့်(သီချင်း)
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 8:37 AM 7 စာဖတ်သူတို့အမြင်
အမျိုးအစား ကြိုက်မိတဲ့သီချင်းများ
Friday, December 16, 2011
ရည်းစားစကားမပြောခင်လေးမှာ
ရည်းစားစကားပြောတယ် ဆိုတာ
တကယ်တော့လွယ်မယောင်နဲ့ တော်တော်ခက်ကြတာ အားလုံးလည်းသိမှာပါ။
ဒီတော့ ကိုယ်ချစ်တဲ့ကောင်မလေးကို ရည်းစားစကား စမပြောခင်မှာ ဘာလုပ်သင့်တယ်ဆိုတာလေး တွေကို အောက်မှာဖတ်ကြည့်ရအောင်နော်။
သူမရဲ့ သူငယ်ချင်းတွေနဲ့ ခင်အောင်ကြိုးစားပါ။
မင်းသူမကို စိတ်ဝင်စားနေပြီဆိုတာနဲ့ သူမနဲ့ ပတ်သက်တဲ့ အခင်ဆုံး သူငယ်ချင်းတွေနဲ့
ခင်မင်အောင်ကြိုးစားပါ။ ဘာလို့လည်းဆိုတော့ ကောင်မလေးတော်တော် များများ(၇၀%)
လောက်ဟာ ရည်းစားရွေးပြီဆိုရင် အခင်ဆုံးသူငယ်ချင်းတွေကို တိုင်ပင်တက်ကြလို့ပါ။
သူမ မင်းကို ယုံကြည်လာအောင်ကြိုးစားပါ။
ယုံကြည်လာအောင်ကြိုးစားပါလို့ ပြောတဲ့နေရာမှာလည်း လိမ်လည်လှည့်ဖြားတာမျိုး
မဟုတ်ဖို့ တော့လိုအပ်ပါမယ်။ဘာလို့လည်းဆိုတော့မိန်းကလေးတွေဟာ
ယောင်္ကျားလေးတွေရဲ့ရုပ်ရည်ထက်၊ သူရဲ့ အပြုအမူ၊ အလုပ်အကိုင်၊ အဆင့်အတန်းတွေကို သူမရဲ့ယုံကြည်မှုမှာထည့်တွေးတက်ကြလို့ပါ။ ဒီအပြုအမူ အဆင့်အတန်းတွေကို
လိမ်ညာထားရင်တော့အဖြစ်မှန်ပေါ်တဲ့ တစ်နေ့မင်းကိုဂွမ်းသွားမှာသေချာပါတယ်။
ဒါကြောင့်မင်းကိုတိုင်မှန်ကန်တဲ့ယုံကြည်မှုပေးနိုင်အောင်ကြိုးစားပါ။
သူမနဲ့တွေ့ရင်ကြင်နာပြပါ။
သူမနဲ့တွေ့ရင်ကြင်နာပြပါဆိုတာကလည်း အရမ်းအိုဗာ ဖြစ်ဖို့တော့မလိုပါဘူး။
တော်သင့်ရုံပေါ့။ ဥပမာ-သူ့မရဲ့ထီးကိုကိုင်ပေးတာမျိုး၊ သူမ စားမဲ့မုန့်ကိုယူ ပေးတာမျိုး၊
သူမသောက်မဲ့ ရေဘူးကို ဖောက်ပေးတာမျိုးပေါ့။ ဒီလိုလုပ်ပေးတဲ့နေရာ မှာလဲ
မင်းရဲ့မျက်လုံးမှာကြင်နာရိပ်လေးတော့ သန်းနေသင့်တာပေါ့နော်……………။
သူမဘက်ကဘယ်လို သဘောထားလည်းလေ့လာပါ။
တကယ်တော့ ကောင်လေးတော်တော်များများဟာ ရည်းစားစကားမပြောခင်မှာ
ကောင်မလေးကကိုယ့်ကိုဘယ်လို သဘောထားလည်းဆိုတာ နားလည်တယ်လို့တော့
ထင်ပါတယ်။အောက်ကအချက်လေးတွေ သူမမှာတွေ့နေရင်တော့ သေချာပါတယ်။
သူမ မင်းကိုပြန်ချစ်မယ်လို့ (55%) ယူဆနိုင်ပါတယ်။
1. တစ်နေရာရာသွားမယ်ဆိုတိုင်း မင်းကိုခေါ်နေပြီဆိုရင်
2. မင်းကသူ့မကို ပိုးပန်းတဲ့ အနေနဲ့ သူ့မရဲ့သူငယ်ချင်းတွေကို မုန့်ကျွေးနေတာကို
သူမကမကြိုက်တဲ့ ပုံစံနဲ့ပြနေရင်
3. မင်းအကြောင်းတွေကို သူ့မသူငယ်ချင်းတွေဆီမှာ မေးနေရင်
4. မင်းစိတ်မကောင်းဖြစ်နေတိုင်း သူမမျက်နှာမကောင်းဘူးဆိုရင်
5. မင်းပျော်နေတဲ့ အခါသူမမျက်နှာ ပြုံးနေရင်
6. “နင်ဒီအကျီင်္နဲ့ မလိုက်ဖူး” စသည်ဖြင့် မင်းရဲ့ဝတ်စားဆင်ယင်မှုတွေမှာ စွက်ဖက်လာပြီဆိုရင်
7. မင်းငွေတွေ အပိုသုံးနေတာတွေကို သူမ မကြိုက်ကြောင်းပြောလာပြီဆိုရင်
8. မင်းတိုးတက်ဖို့ သူမဂရုတစိုက်နဲ့ လမ်းညွှန်မှုတွေ လုပ်လာပြီဆိုရင်
စသည်ဖြင့် မင်းကိုဂရုစိုက်လာခဲ့ရင်တော့ သူမက မင်းကိုပြန်ချစ်ဖို့ သေချာသလောက်ရှိ နေပြီလို့
ယူဆလို့ရပါတယ်။
ဒါဆိုရင်တော့မင်းသူမကိုရည်းစားစကားစပြောလို့ရပါပြီ။
~~~နိုင်ဆိုဒ်တွေမှာတင်ခဲ့ဖူးတဲ့ပို့စ်လေးပါ~~~
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 8:46 PM 7 စာဖတ်သူတို့အမြင်
အမျိုးအစား အချစ်
Thursday, December 15, 2011
မျှော်လင့်ခြင်းဆည်းဆာ
ချောကလက်ကျူးပစ်လေး
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 10:58 PM 4 စာဖတ်သူတို့အမြင်
အမျိုးအစား ရေးမိရေးရာများ
Tuesday, December 13, 2011
ယောက်ျားလေးတွေရဲ့အပျော်ဆုံးအချိန်

ချစ်သူ၏လက်ကိုခပ်တင်းတင်းဆုပ်ထားခွင့်ရသောအချိန်လေးသည်ယောက်ျားလေး
များ၏အပျော်ဆုံးအချိန်ဖြစ်သည်။

ချစ်သူ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးခွင့်ရသောအချိန်လေးသည်ယောက်ျားလေး
များ၏အပျော်ဆုံးအချိန်ဖြစ်သည်။

ချစ်သူ၏ဘေးမှာကာကွယ်စောင့်ရှောက်ခွင့်ရသောအချိန်လေးသည်ယောက်ျားလေး
များ၏အပျော်ဆုံးအချိန်ဖြစ်သည်။

ပျော်ဆုံးအချိန်ဖြစ်သည်။

အပျော်ဆုံးအချိန်ဖြစ်သည်။
ပုံတွေရဲ့မူရင်းလင့်ကဒီနေရာမှာပါ။
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 5:19 AM 11 စာဖတ်သူတို့အမြင်
အမျိုးအစား ရေးမိရေးရာများ
Friday, December 9, 2011
အလင်းပျောက်နေတဲ့ ကြယ်ပွင့်လေး
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 3:47 AM 12 စာဖတ်သူတို့အမြင်
အမျိုးအစား ရေးမိရေးရာများ
Wednesday, December 7, 2011
တစ်ကိုယ်တော်ဖျော်ဖြေခန်း
မွန်းကျပ်တဲ့စိတ်တွေကိုရွက်လွှင့်
ဖြစ်သင့်တာတွေကိုမျက်ကွယ်ပြု
ဆန္ဒတွေအတိုင်း ငါပာာပြေးလွှားနေမိသူ...
ရူးသွပ်ခြင်းကတဒင်္ဂ ကျန်ခဲ့တာနောင်တ
ရူးမိုက်စွာဆုံးဖြတ်ချက်ချမိတဲ့အချိန်တွေ
နှမျောစွာပြန်တမ်းတရင်း ငါ့စိတ်တွေ တွေဝေမိတယ်
ဆက်လျှောက်မယ့်လမ်းရော ဖြောင့်မှဖြောင့်ရဲ့လားလို့...
လောင်ရီသံခပ်သဲ့သဲ့တွေကြား
ငါရူးချင်ယောင်ဆောင်နေမိတယ်
ပြင်းထန်တဲ့မုန်တိုင်းတွေကို အံတုရင်း
စိတ်ဓါတ်တွေခိုင်မာချင်ယောင်ဆောင်လို့
အနာဂတ်တွေယိမ်းယိုင်ရင်း...
ပြိုလဲလုနိုးနိုး အခြေအနေဆိုးက
အားတင်းဖို့ငါလိုတယ်
လုံးဝအားတင်းဖို့လိုတယ်
ငါ့ရဲ့အနာဂတ်တွေအတွက်...
ငါရဲ့မနက်ဖြန်တွေအတွက်...
ငါ့ရဲ့မျှော်လင့်ချက်တွေအတွက်.....
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 8:26 AM 3 စာဖတ်သူတို့အမြင်
အမျိုးအစား ကဗျာ
Saturday, December 3, 2011
ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်
ဒီစာလေးကတော့ချစ်သူကိုအမြဲလက်တွဲဖို့ရည်ရွယ်ထားတဲ့သူတွေဖတ်ဖို့ရေးလိုက်တာပါ။
ချစ်သူတွေဖြစ်လာပြီးဆိုရင်အချင်းချင်းပဋိပက္ခဖြစ်လို့စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။
ဒါပေမယ့်သင့်ကြောင့်လွန်ကြူးတဲ့စိတ်ညစ်စရာတွေများလာရင်တော့
သင့်ရဲ့ချစ်သူကသင့်ကိုစိတ်ကုန်တဲ့အဆင့်ရောက်လာပါလိမ့်မယ်။
စိတ်ကုန်တာတွေစုလာရင်တော့သင့်ကိုစိတ်ထဲကပါထုက်လိုက်ပါလိမ့်မယ်။
ဒါကြောင့်ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်၊ချစ်သူကိုစိတ်မညစ်စေရအောင်
အတက်နိုင်ဆုံးဂရုစိုက်သင့်ပါတယ်။
အလွန်အမင်းသ၀န်တိုခြင်းကိုရှောင်ကြဉ်ပါ။
တကယ်တော့သ၀န်တိုတယ်ဆိုတာကအချစ်ကြီးလို့ဖြစ်လာရတဲ့ခံစားမှုမျိုးပါ။
သင့်တင့်မျှတသောသ၀န်တိုခြင်းကတော့သင့်ချစ်သူသင့်ကိုပိုချစ်အောင်စွမ်းဆောင်ပေးနိုင်ပေမဲ့၊
သူ့ရဲ့သိက္ခာနဲ့အရှက်ပါထိခိုက်စေလောက်အောင်သ၀န်ကြောင်လာရင်တော့
သင့်ချစ်သူ့ကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။
သဘောထားမကွဲလွဲအောင်ဂရုစိုက်ပါ။
သင့်ချစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုကမမှားဘူးဆိုရင်၊
သင်လက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုမှာပဲဆိုရင်တော့
သင့်သဘောထက်ချစ်သူရဲ့သဘောထားကိုအတက်နိုင်ဆုံးလိုက်လျောပေးပါ။
ဒါမှလဲသဘောထားချင်းကိုက်ညီမှုရပြီးချစ်သူနဲ့အဆင်ပြေနိုင်ပါ။
ဒီနေရာမှာသူ့သဘောတရားကိုလက်ခံနိုင်ရဲ့သားနဲ
ကိုယ့်စိတ်တိုင်းကျမဖြစ်လို့အပြင်းအထန်မဆန့်ကျင်ပါနဲ့။
ချစ်သူကိုနားမလည်ပဲသင်ထင်တာတွေကိုပဲတစ်ယူသန်နေရင်တော့
သင့်ချစ်သူကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်
ချစ်သူကိုလျစ်လျူရှုမထားမိပါစေနဲ့
မင်းအချိန်တွေကိုလဲချစ်သူအတွက်ပေးနိုင်အောင်ကြိုးစားပါ။
တကယ်လို့မင်းကအရမ်းအလုပ်များတဲ့သူဖြစ်ရင်တောင်သီးသန့်အချိန်တော့ပေးနိုင်ပါစေ။
တကယ်လို့ချစ်သူကိုအချိန်မပေးနိုင်တဲ့အကြောင်းပြချက်နဲ့
လျစ်လျူရှုထားမိရင်တော့
သူ့အနေနဲ့ပထမဆုံးဝမ်းနည်းခံစားရမှာပါ။
လျစ်လျုရှုတာ များလာရင် သူ့အနေနဲ့ဝမ်းနည်းတာတွေက
ဒေါသအဖြစ်ပြောင်းလဲပြီးသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 8:08 PM 6 စာဖတ်သူတို့အမြင်
အမျိုးအစား အချစ်