Saturday, December 24, 2011
ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 9:42 AM 13 စာဖတ်သူတို့အမြင်
အမျိုးအစား တဂ်ပို့စ်
Monday, December 19, 2011
အခိုက်အတန့်(သီချင်း)
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 8:37 AM 7 စာဖတ်သူတို့အမြင်
အမျိုးအစား ကြိုက်မိတဲ့သီချင်းများ
Friday, December 16, 2011
ရည်းစားစကားမပြောခင်လေးမှာ
ရည်းစားစကားပြောတယ် ဆိုတာ
တကယ်တော့လွယ်မယောင်နဲ့ တော်တော်ခက်ကြတာ အားလုံးလည်းသိမှာပါ။
ဒီတော့ ကိုယ်ချစ်တဲ့ကောင်မလေးကို ရည်းစားစကား စမပြောခင်မှာ ဘာလုပ်သင့်တယ်ဆိုတာလေး တွေကို အောက်မှာဖတ်ကြည့်ရအောင်နော်။
သူမရဲ့ သူငယ်ချင်းတွေနဲ့ ခင်အောင်ကြိုးစားပါ။
မင်းသူမကို စိတ်ဝင်စားနေပြီဆိုတာနဲ့ သူမနဲ့ ပတ်သက်တဲ့ အခင်ဆုံး သူငယ်ချင်းတွေနဲ့
ခင်မင်အောင်ကြိုးစားပါ။ ဘာလို့လည်းဆိုတော့ ကောင်မလေးတော်တော် များများ(၇၀%)
လောက်ဟာ ရည်းစားရွေးပြီဆိုရင် အခင်ဆုံးသူငယ်ချင်းတွေကို တိုင်ပင်တက်ကြလို့ပါ။
သူမ မင်းကို ယုံကြည်လာအောင်ကြိုးစားပါ။
ယုံကြည်လာအောင်ကြိုးစားပါလို့ ပြောတဲ့နေရာမှာလည်း လိမ်လည်လှည့်ဖြားတာမျိုး
မဟုတ်ဖို့ တော့လိုအပ်ပါမယ်။ဘာလို့လည်းဆိုတော့မိန်းကလေးတွေဟာ
ယောင်္ကျားလေးတွေရဲ့ရုပ်ရည်ထက်၊ သူရဲ့ အပြုအမူ၊ အလုပ်အကိုင်၊ အဆင့်အတန်းတွေကို သူမရဲ့ယုံကြည်မှုမှာထည့်တွေးတက်ကြလို့ပါ။ ဒီအပြုအမူ အဆင့်အတန်းတွေကို
လိမ်ညာထားရင်တော့အဖြစ်မှန်ပေါ်တဲ့ တစ်နေ့မင်းကိုဂွမ်းသွားမှာသေချာပါတယ်။
ဒါကြောင့်မင်းကိုတိုင်မှန်ကန်တဲ့ယုံကြည်မှုပေးနိုင်အောင်ကြိုးစားပါ။
သူမနဲ့တွေ့ရင်ကြင်နာပြပါ။
သူမနဲ့တွေ့ရင်ကြင်နာပြပါဆိုတာကလည်း အရမ်းအိုဗာ ဖြစ်ဖို့တော့မလိုပါဘူး။
တော်သင့်ရုံပေါ့။ ဥပမာ-သူ့မရဲ့ထီးကိုကိုင်ပေးတာမျိုး၊ သူမ စားမဲ့မုန့်ကိုယူ ပေးတာမျိုး၊
သူမသောက်မဲ့ ရေဘူးကို ဖောက်ပေးတာမျိုးပေါ့။ ဒီလိုလုပ်ပေးတဲ့နေရာ မှာလဲ
မင်းရဲ့မျက်လုံးမှာကြင်နာရိပ်လေးတော့ သန်းနေသင့်တာပေါ့နော်……………။
သူမဘက်ကဘယ်လို သဘောထားလည်းလေ့လာပါ။
တကယ်တော့ ကောင်လေးတော်တော်များများဟာ ရည်းစားစကားမပြောခင်မှာ
ကောင်မလေးကကိုယ့်ကိုဘယ်လို သဘောထားလည်းဆိုတာ နားလည်တယ်လို့တော့
ထင်ပါတယ်။အောက်ကအချက်လေးတွေ သူမမှာတွေ့နေရင်တော့ သေချာပါတယ်။
သူမ မင်းကိုပြန်ချစ်မယ်လို့ (55%) ယူဆနိုင်ပါတယ်။
1. တစ်နေရာရာသွားမယ်ဆိုတိုင်း မင်းကိုခေါ်နေပြီဆိုရင်
2. မင်းကသူ့မကို ပိုးပန်းတဲ့ အနေနဲ့ သူ့မရဲ့သူငယ်ချင်းတွေကို မုန့်ကျွေးနေတာကို
သူမကမကြိုက်တဲ့ ပုံစံနဲ့ပြနေရင်
3. မင်းအကြောင်းတွေကို သူ့မသူငယ်ချင်းတွေဆီမှာ မေးနေရင်
4. မင်းစိတ်မကောင်းဖြစ်နေတိုင်း သူမမျက်နှာမကောင်းဘူးဆိုရင်
5. မင်းပျော်နေတဲ့ အခါသူမမျက်နှာ ပြုံးနေရင်
6. “နင်ဒီအကျီင်္နဲ့ မလိုက်ဖူး” စသည်ဖြင့် မင်းရဲ့ဝတ်စားဆင်ယင်မှုတွေမှာ စွက်ဖက်လာပြီဆိုရင်
7. မင်းငွေတွေ အပိုသုံးနေတာတွေကို သူမ မကြိုက်ကြောင်းပြောလာပြီဆိုရင်
8. မင်းတိုးတက်ဖို့ သူမဂရုတစိုက်နဲ့ လမ်းညွှန်မှုတွေ လုပ်လာပြီဆိုရင်
စသည်ဖြင့် မင်းကိုဂရုစိုက်လာခဲ့ရင်တော့ သူမက မင်းကိုပြန်ချစ်ဖို့ သေချာသလောက်ရှိ နေပြီလို့
ယူဆလို့ရပါတယ်။
ဒါဆိုရင်တော့မင်းသူမကိုရည်းစားစကားစပြောလို့ရပါပြီ။
~~~နိုင်ဆိုဒ်တွေမှာတင်ခဲ့ဖူးတဲ့ပို့စ်လေးပါ~~~
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 8:46 PM 7 စာဖတ်သူတို့အမြင်
အမျိုးအစား အချစ်
Thursday, December 15, 2011
မျှော်လင့်ခြင်းဆည်းဆာ
ချောကလက်ကျူးပစ်လေး
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 10:58 PM 4 စာဖတ်သူတို့အမြင်
အမျိုးအစား ရေးမိရေးရာများ
Tuesday, December 13, 2011
ယောက်ျားလေးတွေရဲ့အပျော်ဆုံးအချိန်

ချစ်သူ၏လက်ကိုခပ်တင်းတင်းဆုပ်ထားခွင့်ရသောအချိန်လေးသည်ယောက်ျားလေး
များ၏အပျော်ဆုံးအချိန်ဖြစ်သည်။

ချစ်သူ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးခွင့်ရသောအချိန်လေးသည်ယောက်ျားလေး
များ၏အပျော်ဆုံးအချိန်ဖြစ်သည်။

ချစ်သူ၏ဘေးမှာကာကွယ်စောင့်ရှောက်ခွင့်ရသောအချိန်လေးသည်ယောက်ျားလေး
များ၏အပျော်ဆုံးအချိန်ဖြစ်သည်။

ပျော်ဆုံးအချိန်ဖြစ်သည်။

အပျော်ဆုံးအချိန်ဖြစ်သည်။
ပုံတွေရဲ့မူရင်းလင့်ကဒီနေရာမှာပါ။
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 5:19 AM 11 စာဖတ်သူတို့အမြင်
အမျိုးအစား ရေးမိရေးရာများ
Friday, December 9, 2011
အလင်းပျောက်နေတဲ့ ကြယ်ပွင့်လေး
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 3:47 AM 12 စာဖတ်သူတို့အမြင်
အမျိုးအစား ရေးမိရေးရာများ
Wednesday, December 7, 2011
တစ်ကိုယ်တော်ဖျော်ဖြေခန်း
မွန်းကျပ်တဲ့စိတ်တွေကိုရွက်လွှင့်
ဖြစ်သင့်တာတွေကိုမျက်ကွယ်ပြု
ဆန္ဒတွေအတိုင်း ငါပာာပြေးလွှားနေမိသူ...
ရူးသွပ်ခြင်းကတဒင်္ဂ ကျန်ခဲ့တာနောင်တ
ရူးမိုက်စွာဆုံးဖြတ်ချက်ချမိတဲ့အချိန်တွေ
နှမျောစွာပြန်တမ်းတရင်း ငါ့စိတ်တွေ တွေဝေမိတယ်
ဆက်လျှောက်မယ့်လမ်းရော ဖြောင့်မှဖြောင့်ရဲ့လားလို့...
လောင်ရီသံခပ်သဲ့သဲ့တွေကြား
ငါရူးချင်ယောင်ဆောင်နေမိတယ်
ပြင်းထန်တဲ့မုန်တိုင်းတွေကို အံတုရင်း
စိတ်ဓါတ်တွေခိုင်မာချင်ယောင်ဆောင်လို့
အနာဂတ်တွေယိမ်းယိုင်ရင်း...
ပြိုလဲလုနိုးနိုး အခြေအနေဆိုးက
အားတင်းဖို့ငါလိုတယ်
လုံးဝအားတင်းဖို့လိုတယ်
ငါ့ရဲ့အနာဂတ်တွေအတွက်...
ငါရဲ့မနက်ဖြန်တွေအတွက်...
ငါ့ရဲ့မျှော်လင့်ချက်တွေအတွက်.....
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 8:26 AM 3 စာဖတ်သူတို့အမြင်
အမျိုးအစား ကဗျာ
Saturday, December 3, 2011
ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်
ဒီစာလေးကတော့ချစ်သူကိုအမြဲလက်တွဲဖို့ရည်ရွယ်ထားတဲ့သူတွေဖတ်ဖို့ရေးလိုက်တာပါ။
ချစ်သူတွေဖြစ်လာပြီးဆိုရင်အချင်းချင်းပဋိပက္ခဖြစ်လို့စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။
ဒါပေမယ့်သင့်ကြောင့်လွန်ကြူးတဲ့စိတ်ညစ်စရာတွေများလာရင်တော့
သင့်ရဲ့ချစ်သူကသင့်ကိုစိတ်ကုန်တဲ့အဆင့်ရောက်လာပါလိမ့်မယ်။
စိတ်ကုန်တာတွေစုလာရင်တော့သင့်ကိုစိတ်ထဲကပါထုက်လိုက်ပါလိမ့်မယ်။
ဒါကြောင့်ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်၊ချစ်သူကိုစိတ်မညစ်စေရအောင်
အတက်နိုင်ဆုံးဂရုစိုက်သင့်ပါတယ်။
အလွန်အမင်းသ၀န်တိုခြင်းကိုရှောင်ကြဉ်ပါ။
တကယ်တော့သ၀န်တိုတယ်ဆိုတာကအချစ်ကြီးလို့ဖြစ်လာရတဲ့ခံစားမှုမျိုးပါ။
သင့်တင့်မျှတသောသ၀န်တိုခြင်းကတော့သင့်ချစ်သူသင့်ကိုပိုချစ်အောင်စွမ်းဆောင်ပေးနိုင်ပေမဲ့၊
သူ့ရဲ့သိက္ခာနဲ့အရှက်ပါထိခိုက်စေလောက်အောင်သ၀န်ကြောင်လာရင်တော့
သင့်ချစ်သူ့ကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။
သဘောထားမကွဲလွဲအောင်ဂရုစိုက်ပါ။
သင့်ချစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုကမမှားဘူးဆိုရင်၊
သင်လက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုမှာပဲဆိုရင်တော့
သင့်သဘောထက်ချစ်သူရဲ့သဘောထားကိုအတက်နိုင်ဆုံးလိုက်လျောပေးပါ။
ဒါမှလဲသဘောထားချင်းကိုက်ညီမှုရပြီးချစ်သူနဲ့အဆင်ပြေနိုင်ပါ။
ဒီနေရာမှာသူ့သဘောတရားကိုလက်ခံနိုင်ရဲ့သားနဲ
ကိုယ့်စိတ်တိုင်းကျမဖြစ်လို့အပြင်းအထန်မဆန့်ကျင်ပါနဲ့။
ချစ်သူကိုနားမလည်ပဲသင်ထင်တာတွေကိုပဲတစ်ယူသန်နေရင်တော့
သင့်ချစ်သူကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်
ချစ်သူကိုလျစ်လျူရှုမထားမိပါစေနဲ့
မင်းအချိန်တွေကိုလဲချစ်သူအတွက်ပေးနိုင်အောင်ကြိုးစားပါ။
တကယ်လို့မင်းကအရမ်းအလုပ်များတဲ့သူဖြစ်ရင်တောင်သီးသန့်အချိန်တော့ပေးနိုင်ပါစေ။
တကယ်လို့ချစ်သူကိုအချိန်မပေးနိုင်တဲ့အကြောင်းပြချက်နဲ့
လျစ်လျူရှုထားမိရင်တော့
သူ့အနေနဲ့ပထမဆုံးဝမ်းနည်းခံစားရမှာပါ။
လျစ်လျုရှုတာ များလာရင် သူ့အနေနဲ့ဝမ်းနည်းတာတွေက
ဒေါသအဖြစ်ပြောင်းလဲပြီးသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 8:08 PM 6 စာဖတ်သူတို့အမြင်
အမျိုးအစား အချစ်
Monday, November 28, 2011
လမိုက်ညရဲ့မျှော်လင့်ချက်
ငါပာာ...
လမိုက်တဲ့ညဆိုးတစ်ညပါ.....
ကြယ်လေးတွေအားလုံးလဲ
ငါ့ကိုမသိပာန်ဆောင်လို့.......
လမင်းကြီးကလဲ
မကြည့်ချင်တာလား
မကြည့်ရက်လို့လား
ငါ့ကိုမမြင်နိုင်တဲ့အဝေးဆုံးကိုခရီးနှင်ဆဲ...............
ကောင်းကင်ကြီးကလဲ အလင်းတန်းမရှိတဲ့
ငါ့ရင်ခွင်ကို
မညှာမတာနှိပ်စက်လို့...................
အားလုံးကို
ခေါင်းမော့မကြည့်ရဲတော့တဲ့ဘ၀နဲ့ငါ....
အလင်းရောင်လာမဲ့နေ့ကိုတော့
တိတ်တဆိတ်မျှော်လင့်နေမိဆဲပါ..................

စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 4:57 PM 7 စာဖတ်သူတို့အမြင်
အမျိုးအစား ကဗျာ
Sunday, November 27, 2011
မင်းရဲ့ရွေးချယ်မှုကပြောတဲ့မင်းရဲ့အချစ်
လူအမျိုးမျိုးမှာအချစ်ကပုံစံအမျိုးမျိုးနဲ့ရှိနေတက်ပါတယ်။
မင်းရဲ့အချစ်ကဘယ်လိုအမျိုးအစားထဲကလဲဆိုတာသိရအောင်
အောက်မှာပေးထားတဲ့အချက်လေးတွေထဲက
မင်းရဲ့အချစ်ပေါ်ခံယူချက်တစ်ခုကိုအရင်ဆုံးရွေးလိုက်ပါ။
ပြီးရင်တော့အောက်ကမင်းရွေးထားတဲ့အချက်နဲ့ကိုက်ညီတဲ့စာစုလေးကိုရွေးဖတ်လိုက်နော်။
love is happines.
love is wonder.
love is dream.
love is drug.
love is hope.
love is nothing.
love is happines.
အချစ်ဆိုတာပာာပျော်ရွှင်စရာ၊စိတ်ချမ်းမြေ့စရာလို့မင်းအနေနဲ့ခံယူထားတယ်ဆိုရင်တော့
မင်းရဲ့အချစ်ပာာအမြဲတမ်းပြောင်းလဲနေတက်တဲ့အမျိုးအစားထဲကပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့မင်းပာာချစ်ရတာကိုပျော်တက်လို့
ခဏခဏပြောင်းချစ်တက်သူတစ်ယောက်ဖြစ်နေမှာမလွဲလို့ပါပဲ။
love is wonder.
အချစ်ကိုအံ့သြစရာလို့ယူဆနေရင်တော့
မင်းရဲ့အချစ်ပာာအချစ်ကိုစမ်းကြည့်ဖို့ချစ်ကြည့်တဲ့အချစ်မျိုးပဲဖြစ်မှာပါ။
ဘာကြောင့်လဲဆိုတော့မင်းပာာအချစ်ရဲ့အံ့သြစရာတွေကိုမြည်းစမ်းဖို့
ချစ်နေတဲ့သူဆိုတာကိုမင်းကိုတိုင်လဲသိမှာပါ။
love is dream.
အချစ်ဆိုတာကိုအိမ်မက်တစ်ခုလို့ခံယူထားတယ်ဆိုရင်တော့
မင်းပာာအချစ်ကိုကိုးကွယ်တက်တဲ့အမျိုးအစားထဲကပဲဖြစ်ပါတယ်။
ဒါပေမဲ့အချစ်ကိုအိမ်မက်တစ်ခုလို့ပဲထင်နေရင်
မင်းပာာလက်တွေ့ကြတဲ့အချစ်ပိုင်ရှင်မျိုးမပာုက်ပဲ
အချစ်နဲ့ပတ်သက်လို့လက်တွေ့မှာလဲပျော့ညံ့သူတစ်ဦးပဲဖြစ်မှာပါ။
love is drug.
အချစ်ဆိုတာဆေးဝါးတစ်ခုမြင်နေတယ်ဆိုရင်တော့
မင်းရဲ့အချစ်ပာာပြန်အချစ်မခံရရင်သေဆုံးသွားတော့မယ့်
အရှုးံပေးချစ်တက်တဲ့အချစ်မျိုးပဲဖြစ်ပါတယ်။
မင်းပာာအချစ်ကြောင့်အလဲထိုးခံခဲ့ရဖူးတဲ့သူတစ်ယောက်
်ဖြစ်နေမှာမလွဲမသွေပါပဲ။
love is hope.
အချစ်ဆိုတာမျှော်လင့်ချက်တစ်ခုမှတ်ယူထားတယ်ဆိုရင်တော့
မင်းရဲ့အချစ်ပာာအချစ်ကိုအရှုံးမပေးပဲမရရအောင်ယူမယ်ဆိုတဲ့
ရယူလိုခြင်းတွေနဲ့တည်ဆောက်ထားတဲ့အချစ်မျိုးပဲဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့မင်းပာာအချစ်အတွက်ဘာပဲလုပ်ရလုပ်ရ
အချစ်ကိုပိုင်ဆိုင်ရရင်ပြီးရောဆိုတဲ့လူမျိုးပဲဖြစ်ပါတယ်။
love is nothing.
အချစ်ဆိုတာကိုဘာမှမရှိဗလာနတ္ထိ လို့ယူဆထားတယ်ဆိုရင်တော့
မင်းရဲ့အချစ်ပာာသေဆုံးနေတာကြာပြီဖြစ်ပါတယ်။
ဒီအချစ်တွေကိုပြန်လည်ရှင်သန်အောင်ကြိုးစားလိုက်ပါဦးနော်။
ဘာလို့လဲဆိုတော့အချစ်မရှိရင်ဘ၀မရှိလို့ပါပဲ။

စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 8:05 AM 8 စာဖတ်သူတို့အမြင်
အမျိုးအစား အချစ်
Friday, November 25, 2011
ပထမဆုံးအကြိမ်ချစ်သူနဲ့ချိန်းတွေ့မယ်ဆိုရင်

လောကမှာရှိတဲ့လူတွေအားလုံးအချစ်နဲ့မကင်းတက်ကြပါဘူး။
အရွယ်ရောက်တဲ့သူတိုင်းပဲချစ်သူကိုရှာတက်ကြပါတယ်။
ချစ်သူရည်းစားရပြီဆိုတာနဲ့ပဲချိန်းတွေ့ခြင်းဆိုတဲ့အရာကလဲ
တွဲပါတက်ပါတယ်။
ချိန်းတွေ့တယ်ဆိုတဲ့အချိန်လေးပာာလဲချစ်သူစုံတွဲတိုင်းရင်ခုန်စွာ
စောင့်မျှော်တက်တဲ့အချိန်လေးမို့
တစ်ခါမှမချိန်းဘူးသေးတဲ့သူတွေအတွက်ရှောင်ရန်အချက်လေးတွေကို
တင်ပြပေးလိုက်ပါတယ်။
1.ပထမဆုံးအကြိမ်ချိန်းတွေ့မည့်နေရာကိုအရမ်းလူပြတ်တဲ့နေရာမဖြစ်ပါစေနဲ့ ။
ချစ်သူအချင်းချင်းယုံကြည်မှုကိုလျော့နည်းစေတက်ပါတယ်။
2.တစ်ခါမှမ၀တ်ရသေးတဲ့အင်္ကျီအသစ်ကိုမ၀တ်ပါနဲ့။
မိမိနဲ့လိုက်ဖက်တယ်လို့ခံစားရတဲ့ဝတ်ဖူးပြီးသားအင်္ကျီများကိုသာဝတ်ဆင်ပါ။
အင်္ကျီအသစ်နဲ့အဆင်ပြေပါ့မလားဆိုတဲ့အတွေးက
မင်းရဲ့စိတ်ကိုကြဉ်းကြပ်စေပြီးတွေ့ဆုံမှုမှာအဆင်မပြေဖြစ်တက်ပါတယ်။
3.ခံတွင်းနံ့ကင်းစေရန်ဂရုစိုက်ပါ။
တကယ်လို့ခံတွင်းနံ့တွေနံနေခဲ့ရင်၊အနီးကပ်စကားပြောရမှာဖြစ်လို့
ပထမဆုံးအကြိမ်မှာပဲမင်းရဲ့ချစ်သူကမင်းအပေါ်အထင်ကြီးမှုကိုလျော့နည်းစေပါတယ်။
4.အနံပြင်းတဲ့ရေမွှေးတွေမသုံးပါနဲ့။
အနံပြင်းတဲ့ရေမွှေးတွေပာာလဲအနီးကပ်နေရမဲ့မင်းရဲ့ချစ်သူကို
အနှောက်အယှက်ဖြစ်စေတက်ပါတယ်။
5.မျက်နှာမှာအဆီတွေပျံမနေအောင်ဂရုစိုက်ပါ။
တကယ်လို့မင်းမျက်နှာမှာအဆီတွေပျံနေရင်ပထမဆုံးအကြိမ်မှာပဲ
မင်းရဲ့ချစ်သူကမင်းကိုစိတ်ကုန်မှာမလွဲမသွေပါပဲ။
6.အပိုစကားတွေမပြောပါနဲ့။
ချစ်သူအချင်းချင်းစိတ်ကျေနပ်စေမဲ့စကားမျိုးသာရွေးပြောပါ။
တကယ်လို့အပိုစကားတွေများနေရင်ပထမဆုံးအကြိမ်မှာပဲ
မင်းရဲ့ချစ်သူကမင်းကိုစိတ်ညစ်သွားပါလိမ့်မယ်။
7.ခပ်စိမ်းစိမ်းအမူအရာမျိုးမလုပ်မိပါစေနဲ့။
ချစ်သူကိုနူးညံ့တဲ့အမူအရာနဲ့ကြင်နာပာန်လေးမင်းဆီမှာထင်ပာပ်နေပါစေ။
ဒါပာာလဲပထမဆုံးချိန်းတွေ့စဉ်မှာပဲမင်းရဲ့ချစ်သူကမင်းကိုပိုချစ်သွားစေပါတယ်။

စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 7:45 AM 6 စာဖတ်သူတို့အမြင်
အမျိုးအစား အချစ်
Wednesday, November 16, 2011
စုန်ရေစီးသံ
~~~~~~~~~~~~~~~~~~~~~~~~~
အေမီခပ်လျော့လျော့အသံနဲ့ကျွန်တော့်ကိုအံ့အားသင့်စွာမော့ကြည့်ရင်းပြောလိုက်တယ်။
ပာုက်တယ်..အေမီကလေးမှာအပြစ်မရှိပေမယ့်သူ့ကြောင့်ငါဘ၀မှာအစွန်းအထင်းအဖြစ်မခံချင်ဘူး….ပြီးတော့လဲသတ္တ၀ါတစ်ခုကံတစ်ခုပါပဲကွာ….သုံးလဆိုတာလဲကလေးအကောင်အထည်မပေါ်သေးဘူးလေကွာ…မင်းရောလင်ကောင်မပေါ်တဲ့ကလေးကိုမွေးနိုင်လို့လား..ငါကတော့မင်းကိုလက်မထပ်နိုင်ဘူးဆိုတာမင်းသိပါတယ်နော်…ငါမင်းအတွက်ပြောနေတာပါ…ကွာ နားလည်လိုက်စမ်းပါနော်… ပြီးတော့ဒီပြသနာကိုသိတာကလဲမင်းနဲ့ငါနဲ့ပဲရှိတာလေ… …
ကောင်းပြီလေမောင်…မောင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရပါ့မယ်….ဒါပေမဲ့ အပြစ်မဲ့ကလေးတစ်ယောက်ကိုသတ်ဖို့ အဓိကတွန်းအားပေးခဲ့ သူပာာမောင်ဆိုတာ တစ်သက်လုံးမမေ့ပါနဲ့….
နာကြည်းစွာပြောရင်းကြောခိုင်းသွားတဲ့အေမီ့ကြောပြင်ကိုကျွန်တော်ငေးကြည့်နေမိတယ်………။ကျွန်တော်များမှားသွားလား…။အိုဗျာ..ကျွန်တော်မှားတယ်လို့ပြောလို့မရပါဘူး…လူတိုင်းမှာကိုယ်ဖြစ်ချင်တာတစ်ခုအတွက်ရင်းရတာတော့ရှိမှာပါ…ပာုက်တယ်မလား။ ခုလဲအေမီကလေးကိုဖျတ်ချဖို့သဘောတူလိုက်ပြီဆိုတော့….ဘာမှမလိုအပ်တော့ဘူးလေ…။ ကျွန်တော်ပေါ့ပါးစွာနဲ့အိမ်ပြန်ဖို့နောက်ကိုလှည့်လိုက်မိပါတယ်..နောက်မှာရောက်နေတာကကျွန်တော်လုံးဝထင်မှတ်မထားတဲ့..ဂျူး။
~~~~~~~~~~~~~~~~~~~~~~~~~~~
ဂျူးကခပ်အေးအေးလေသံကျွန်တော့်ကိုပြုံးကြည့်ရင်းပြောလိုက်ပါတယ်…။
ကိုတကယ်ပဲကလေးကိုဖျက်ချလိုက်စေချင်တာလား၊အပြစ်မဲ့ကလေးတစ်ယောက်ကိုကို့ရဲ့ဘာမပာုက်တဲ့ကိစ္စတစ်ခုအောက်မှာ စတေးခံဖြစ်စေမှာလားကို….?
မပာုက်ဘူးဂျူး..ကိုယ်တို့နှစ်ယောက်ပေါင်းစည်းဖို့ကိစ္စလောက်ဘယ်ပာာကအရေးကြီးဦးမှာလဲကွာ…ကိုယ်တို့နှစ်ယောက်ရဲ့စေ့စပ်ထားတာကဘာမပာုက်တဲ့ကိစွလို့ပြောလို့ ရလို့လားဂျူးရယ်..
ရတယ်..ကို….စေ့စပ်ပွဲတစ်ခုပာာလူ့အသက်တစ်ချောင်းနဲ့ယှဉ်လိုက်ရင်..ဘာမှမပာုက်ပါဘူး…အထူးသဖြင့်အပြစ်မဲ့ကလေးတစ်ယောက်ရဲ့အသက်နဲ့ယှဉ်လိုက်ရင်ပေါ့…… ကို ကစေ့စပ်ထားလို့ ဂျူးကိုငဲ့နေရတယ်ဆိုရင်တော့ ကို အေမီ့ဆီပဲ သွားလိုက်ပါ…….ကိုတကယ်ငဲ့ရမှာကအေမီနဲ့မမြင်ရသေးတဲ့ကလေးကိုပါ…လူတစ်ယောက်မျက်နှာနဲ့လူနှစ်ယောက်မျက်နှာ ကို လူနှစ်ယောက်မျက်နှာကိုပဲကြည့်သင့်တယ်လို့ဂျူးထင်တယ်............
တည်ငြိမ်စွာပြောနေတဲ့ဂျူးရဲ့စကားတွေကိုကျွန်တော်ဆွံ့အစွာနားထောင်နေမိတယ်…။
လောကမှာအပြစ်မဲ့ဆုံးသူတွေကဘာမှမသိသေးတဲ့ကလေးတွေပါကိုရယ်….ပြီးတော့လူ့လောကအကြောင်းတောင်မသိသေးတဲ့ကလေးတစ်ယောက်ကိုရောကို့ရဲ့ဖိအားပေးမှုနဲ့အသက်ဆုံးရှုံးစေမှာလား…….လူ့ပြည်ပစ်တင်လိုက်တဲ့အပ်တစ်ချောင်းနဲ့ဗြဟ္မပြည်ကကျလာတဲ့အပ်တစ်ချောင်းတို့ထိဖို့ကလွယ်ပါတယ်…လူဖြစ်ဖို့ကမလွယ်ဘူးလေ..ရခဲလှတဲ့လူအသက်တစ်ချောင်းကိုကိုဘာလို့ဖျက်ဆီးချင်ရတာလဲ….သားသမီးဆိုတာရတနာတစ်ပါးပါ………ဘယ်မိဘမှသားသမီးကိုစွန့်ပစ်ရိုးထုံးစံမရှိပါဘူးကိုရယ်……လောကမှာဘယ်သတ္တ၀ါမှကိုယ့်သားသမီးအပေါ်မှာသေစေလိုတဲ့စိတ်မရှိကြဘူးနော်…ကိုကရောမမြင်ရသေးတဲ့ကိုယ့်ကလေးအပေါ်မှာသေစေလိုတဲ့စိတ်ရှိနေတယ်လား…….ဒါဆိုရင်တော့ကိုပာာတိရစ္ဆာန်တစ်ကောင်လောက်တောင် အဆင့်ရှိတဲ့သူဖြစ်မှာမပာုက်တော့ဘူး………
ဆက်ပြောနေတဲ့ဂျူးရဲ့စကားတွေကိုကျွန်တော်ကြားနိုင်စွမ်းမရှိတော့ပါဘူး……………..။ကျွန်တော်မှားသွားပြီ….အကြီးအကျယ်ကိုမှားသွား..ပြီ…ကျွန်တော်ပာာအပြစ်မဲ့ကလေးကိုသတ်မဲ့အဓိကတရားခံ…………တိရစ္ဆာန်တစ်ကောင်လောက်တောင်အဆင့်မရှိတဲ့သူ………ကျွန်တော်ဘာလုပ်ရမလဲ... ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချပြီး ကျွန်တော့်ခြေလှမ်းတွေရဲ့ဦးတည်ချက်ကိုပြောင်းလိုက်မိတယ်…..အေမီ့ဆီကို…………ဂျူးလဲကျေနပ်နေမှာပါ……ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကိုပေါ့………..။
~~~~~~~~~~~~~~~~~~~~~~~
ဘယ်မိဘမှသားသမီးကိုစွန့်ပစ်ရိုးထုံးစံမရှိပါဘူးကွာ…စိတ်ဆိုးနေတုန်းခဏပါ…..လို့ …။
စုန်ရေစီးသံဆိုတဲ့နာမည်လေးကိုရွေးပေးတဲ့
ကျွန်တော့်အကိုကြီးကိုအလင်းသစ်ကိုကျေးဇူးအများကြီးတင်ပါတယ်..။
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 11:21 AM 7 စာဖတ်သူတို့အမြင်
အမျိုးအစား ရေးမိရေးရာများ
Tuesday, November 15, 2011
အချစ်ဆိုတာ...ပန်းချီဆန်ပြီး စိမ်းလန်းတယ်...
အချစ်ဆိုတာလှပတယ်
အချစ်ဆိုတာသိမ်မွေ့တယ်
အချစ်ဆိုတာနူးညံ့တယ်
သက်ရှိတိုင်းအချစ်ကိုရှာတယ်….
လိုအပ်လို့……
အမျိုးမျိုးအဓိပ္ပာယ်တော့ဖွင့်တယ်… အချစ်ကို
အချို့က ပေးဆပ်ခြင်း
အချို့က ရယူခြင်း
အချို့က ပျော်ရွှင်ခြင်း
အချို့က ၀မ်းနည်းခြင်း..စသည်ဖြင့်စသည်ဖြင့်….
မှားတယ်…လို့ထင်တယ်….
တကယ်တော့ အချစ်ဆိုတာ
လိုသလိုချယ်မှုန်းလို့ရတဲ့
ပန်းချီကင်းဗက်စအဖြူထည်တစ်ခုပဲ….
ချယ်မှုန်းသူပေါ်မူတည်ပြီး ပုံစံပြောင်းလဲတယ်...
အချစ်ဆိုတာ ဒီလိုပြောချင်သေးတယ်…
အချစ်ကြောင့်
သက်ရှိတွေဆုံတွေ့တယ်…….
မျိုးဆက်သစ်တွေဖြစ်ထွန်းတယ်….
သေကြေတယ်....
မြေသြဇာရတယ်…
တောင်သဘာဝပတ်ဝန်းကျင်ကိုစိမ်းလန်းစေတယ်…
ဒါကြောင့်
အချစ်ဆိုတာ...ပန်းချီဆန်ပြီး စိမ်းလန်းတယ်...
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 9:23 PM 6 စာဖတ်သူတို့အမြင်
အမျိုးအစား ကဗျာ
Monday, November 14, 2011
အဝေးရောက်ချစ်သူသို့
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 10:04 AM 3 စာဖတ်သူတို့အမြင်
အမျိုးအစား ကဗျာ
Saturday, November 12, 2011
ညဉ့်နက်ထဲကဆန္ဒတစ်စုံ
တစ်ချက်ချက်မြည်ပီားနေတဲ့
တစ္ဆေရဲ့ညဆိုးတွေ
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 12:40 AM 5 စာဖတ်သူတို့အမြင်
အမျိုးအစား ကဗျာ
Monday, November 7, 2011
အဖေ့ရဲ့အင်အား
ကျွန်တော်လူ့လောကမရောက်ခင်
အမေ့ဗိုက်ထဲမှာ.....
အဲဒီအချိန်တုန်းက အဖေပြောခဲ့တယ်တဲ့ သားလေးကလဲ ကြာလိုက်တာ...
လူလောကထဲရောက်လာတော့မယ့် ကျွန်တော့်ကို ရင်ခုန်စွာနဲ့
အဖေစောင့်စားဖူးတယ်
သူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အားသစ်တစ်ခုကို စောင့်သလိုမျိုး....
ကျွန်တော်ငါးနှစ်
ကလောသွားတယ်........
ပြန်လာတော့ အဖေကပြောတယ် သားကိုလွမ်းလိုက်တာ.....
ရက်တိုခရီးသွားတဲ့ ကျွန်တော့်ကို လွမ်းတဲ့စိတ်နဲ့
အဖေမျှော်ခဲ့ဖူးတယ်
သူဘ၀ရဲ့ မျှော်လင့်ခြင်း အင်အားတစ်ခုကို တောင့်တသလိုမျိုး......
ကျွန်တော်ဆယ်နှစ်
ကျောင်းကပေးတဲ့ဆုရတယ်.....
ဆုရတော့ အဖေပြောတယ် သားကတော်လိုက်တာ.......
ဆုရခဲ့တဲ့ ကျွန်တော့်အတွက် ဂုဏ်ယူတဲ့စိတ်နဲ့
အဖေပျော်ခဲ့ဖူးတယ်
သူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အင်အားတစ်ခု ပိုပြီးကြီးမားလာသလိုမျိုး......
ကျွန်တော်ဆယ်ငါးနှစ်
ရန်ဖြစ်တယ်....
ရန်ဖြစ်လို့ အဖေပြောတယ် မင်း မိုက်လိုက်တာ....
လူမိုက်ဆန်တဲ့ ကျွန်တော့်အတွက် ၀မ်းနည်းတဲ့စိတ်နဲ့
အဖေဒေါသထွက်ခဲ့ဖူးတယ်
သူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အင်အားတစ်ခု ယိုင်နဲ့သွားသလိုမျိုး.......
ကျွန်တော့်အသက်ဆယ်ခြောက်နှစ်
ဆယ်တန်းအောင်တယ်.....
အဲဒီတော့ အဖေကပြောတယ် မင်းဘာလုပ်မလဲ.......
ခြေလှမ်းသစ်စတော့မယ့် ကျွန်တော့်အတွက် ဂုဏ်ယူတဲ့စိတ်နဲ့
အဖေကျေနပ်ခဲ့ဖူးတယ်
သူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အင်အားတစ်ခု ပိုပြီးမြင့်တက်လာသလိုမျိုး......
ကျွန်တော်ဆယ်ရှစ်နှစ်
အဝေးမှာပညာသင်တယ်......
အိမ်ပြန်တဲ့ခါ အဖေပြောတယ် သားကိုစောင့်နေတာ....
အိမ်အပြန်နောက်ကျခဲ့တဲ့ ကျွန်တော့်ကို တောင့်တတဲ့စိတ်နဲ့
အဖေ အကြာကြီးကြည့်ခဲ့ဖူးတယ်
သူ့ဘ၀ရဲ့ ထားရစ်ရတော့မယ့် မျှော်လင့်ခြင်း အင်အားတစ်ခုကို နောက်ဆုံးကြည့်သလိုမျိုး....
ကျွန်တော်ဆယ်ကိုးနှစ်
အဖေသာရှိနေရင်ဘာပြောမလဲ.........
ဘယ်လိုခံစားမှုတွေ ကျွန်တောကြောင့် သူခံစားရဦးမလဲ
သိချင်လိုက်တာဗျာ...
အဖေ့ဘ၀ရဲ့ မျှော်လင့်ခြင်းအင်အားက ကျွန်တော်တဲ့
ကျွန်တော့် ဘ၀ရဲ့မှီခိုရာ မဏ္ဍိုင်ပာာလဲ အဖေပါပဲ
ကျွန်တော့် ဘ၀ရဲ့ မှီခိုရာ အဖေပျောက်ဆုံးသွားပေမယ့်
အဖေ့ရဲ့ အားသစ်တစ်ခုတော့ ကျွန်တော် ဖြစ်ချင်သေးတယ်......အဖေရယ်
စာရေးသူ ချောကလက်ကျူးပစ်လေး ပို့စ်ရေးချိန် 7:36 PM 2 စာဖတ်သူတို့အမြင်
အမျိုးအစား ကဗျာ