Friday, August 24, 2012

Facebook ပေါ်မှာတင်မိတဲ့တိုလီမိုလီများ(1)

ဒီဘလော့လေးကိုပစ်ထားမိသလိုဖြစ်နေတာကြာပါပြီ။အလုပ်ကတစ်ဖက်နဲ့မအားလပ်တော့မ၀င်ဖြစ်နေတာပါ။
 ဒီကြားထဲကွန်ပြူတာပျက်နေတော့ပိုဆိုးနေပါတယ်။ဘလော့ပေါ်ကမောင်နှမတွေမှတ်မိရဲ့လားတောင်
မသိတော့ပါဘူး။အခုလိုအေးအေးဆေးဆေးဝင်ဖြစ်တဲ့အချိန်မှာလဲတင်စရာပို့စ်လဲမရှိတော့Facebookမှာ
ကျွန်တော်ရေးဖြစ်တဲ့Noteလေးတွေကိုစုပြီးတင်လိုက်ပါတယ်ဗျာ။
















ကောင်မလေးတွေကသူတို့ရဲ့အချစ်ကို
အပြုံးမှာဖော်ပြတယ်။
ကောင်လေးတွေကသူတို့အချစ်ကို
မျက်လုံးမှာဖော်ပြတယ်။
ဒါကြောင့်

ကောင်မလေးတစ်ယောက်ကိုသင်ချစ်မိရင်
သူမအပြုံးတွေကို ရှင်သန်အောင်ကြိုးစားပါ။
ကောင်လေးတစ်ယောက်ကိုသင်ချစ်မိရင်
သူ့ရဲ့မျက်လုံးတွေနဲ့ ဆုံနိုင်အောင်ကြိုးစားပါ။

~~~♥♥♥~~~






















အချစ်ကိုပိုင်ဆိုင်ခွင့်ရတာပာာ
နှင်းဆီတစ်ပွင့်ကို ဆုပ်ကိုင်ထားရသလိုပါပဲ...

လွင့်မြောဖွယ်ချိုအီအီရနံ့နဲ့ နှစ်လိုဖွယ်ကောင်းပေမဲ့
အမှတ်တမဲ့သတိမမူမိချိန်တော့ နာကျင်ခံစားရအောင်
ခပ်ရိုင်းရိုင်းဆူးတွေက ဒုက္ခပေးတက်လေရဲ့...

~~~♥♥♥~~~

























အချစ်ဆိုတာကို...
စမ်းသပ်လိုစိတ်ကြောင့်
အချစ်ဆိုတာကို...
မြည်းစမ်းလိုစိတ်ကြောင့်
အယောင်ဆောင်အချစ်တွေကြားမှာ
တစ်ခါတစ်လေ စမ်းတ၀ါးဝါး မြောပါဖူးမှာပါ...။

ဘယ်လိုပဲဖြစ်ဖြစ် ချစ်တယ် ဆိုတဲ့စကားက
ထာဝရအတွက် မပာုက်ရင် မပြောသင့်ပါဘူး။
အချစ်စစ်ဆိုတာလူတစ်ယောက်အဖို့
တစ်သက်မှာ တစ်ကြိမ်သာ ပေါ်တက်တာကြောင့်ပါ။
~~~♥♥♥~~~


www.facebook.com/Chocolatecupidlay