Thursday, January 19, 2012

ယနေ့တိုင်~သီချင်း





ဆယ်တန်းနှစ်လောက်မှာတစ်ယောက်ယောက်ကိုချစ်ခဲ့မိဘူးလား?
ငယ်ချစ်ဦးကိုခုထက်ချစ်နေသေးလား?
မေ့လို့ရောရရဲ့လား?
မျှော်လင့်နေမိသေးလား?
သူမအကြောင်းတစ်ယောက်ယောက်ပြောသံကြားတဲ့အခါမျိုး
တစ်ခုခုတော့ခံစားမိမှာပါ။
တိုက်ဆိုင်တဲ့သူတွေအတွက်ရည်ရွယ်ပြီး
သီချင်းတစ်ပုဒ်တင်လိုက်ပါတယ်။
မတိုက်ဆိုင်တဲ့သူတွေလဲကြိုက်မယ်ထင်ပါတယ်။
သီချင်းနာမည်က ယနေ့တိုင်
ဆိုထားတဲ့သူက၀ိုင်ဝိုင်းပါ။
ဒီနေရာလေးမှာဒေါင်းယူနိုင်ပါတယ်။



Wednesday, January 18, 2012

အတ္တရဲ့သားကောင်


သောကကိုအခြေခံ လောကဓံကိုအံ့တု
မဲ့ပြုံးကိုအားတင်းပြုံးလို့ ခပ်ရှုပ်ရှုပ်ဘ၀ထဲမှာ
ကိုယ်ကောင်းစားဖို့ ကိုယ်ကြံမိတယ်

အဲဒါ အတ္တ လား

အတ္တလို့ပြောပါစေ ငါကျေနပ်နေတယ်
အတ္တရဲ့သားကောင်လို့ လှောင်ပြောင်စွာနဲ့ နာမည်ပေးကြတယ်
ငါသေတောင်ဂရုမစိုက်နိုင်ဘူး
ရုန်းကန်ခဲ့ရဘ၀ပေး ခဏလေးတောင်ငါပြန်မစဉ်းစားရဲဘူး
ပတ်ဝန်းကျင်ရဲ့ပြောစကား သေတောင်ငါ့နားထဲမထည့်ထားဘူး
ရူးမူးစွာကြိုးစားခဲ့တဲ့အချိန် ခပ်လိန်လိန်နဲ့ရှိခဲ့တာ ဘယ်သူသိလဲ
အဆိပ်တွေနဲ့ညဆိုး အများကြီးငါ့အပေါ်စိုးမိုးခဲ့တာ ဘယ်သူသိလဲ

ဘယ်သူမှ မသိဘူးမပာုက်လား..?
မသိချင်ယောင်ဆောင်ခဲ့ကြတာမပာုက်လား..?

ခုမှ အတ္တရဲ့သားကောင် ဖြစ်ရပြန်လေတယ်

လာရွှီးမနေနဲ့ ငါ့နည်းနဲ့ငါ့ပာန်
ငါ့မနက်ဖန်တွေလှဖို့ ငါကြံမယ်
ဒါငါ့အလုပ် မဆိုင်ရင်ဝင်မရှုပ်နဲ့..။



Monday, January 9, 2012

တစ်နေ့တာ (Tag)


အမသမံစီးရဲ့သေနက်ထောက်ပြီးခြိမ်းခြောက်မှုကြောင့်ဒီပို့စ်လေးရေးဖြစ်လိုက်တာပါ။
တဂ်ထားတာတော့သုံးလေးရက်လောက်ရှိပြီ။ပျင်းလို့ပုန်းနေတာ...။
ခုတော့ကြောက်လွန်းလို့ရေးလိုက်ပါပြီအစ်မတော်သမံစီး (ခ) ဂျင်ဆန်မှီရေ..။
မေးခွန်းလေးတွေအဆင်သင့်ဆိုတော့
မေးတစ်ကြောင်းဖြေတစ်ကြောင်းခပ်ရှင်းရှင်းလေးပဲလုပ်လိုက်ပါတယ်။
ကဲ..စဖြေပြီဗျာ......။

♥ အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
►အိမ်သာပြေးပြီး အီးအီးပါတယ်။
♥ မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
►အစုံစားတယ်။အားလုံးကြိုက်မှကြိုက်ပဲ...။
♥ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
►နိုးလာရင်မနက်စာစားချိန်ကျော်နေလို့မနက်စာလွတ်တဲ့နေ့တွေကပိုများတယ်။
အခုတလောစောစောနိုးတဲ့နေ့တွေဆိုရင်တော့ အုန်းနို့ခေါက်ဆွဲ နဲ့ ကျဆိမ့်ကို မရိုးတမ်းစားဖြစ်နေတယ်။
♥ နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
►နယ်ကအိမ်မှာစားရတာအကြိုက်ဆုံးပဲ။
လွတ်လွတ်လပ်လပ်ကြိုက်သလိုတွယ်ပဲ။ရှက်စရာမလိုဘူး..:P
♥ အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
►အမေချက်ကျွေးတက်တဲ့မြေပဲကြော်၊ငါးခူငါးပိချက်ချဉ်ချဉ်လေးနဲ့တို့စရာတွေ (သရေယိုလာပြီကွာ....ရှလွှတ်)
♥ အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
►ကော်ဖီမသောက်တက်ပါ။အလုပ်လဲမရှိသေးပါဗျာ..။
♥ ညနေစာကိုဘယ်မှာစားတတ်ပါလဲ
►လမ်းထိပ်ကထမင်းဆိုင်လေးမှာအများဆုံးစားတယ်။တစ်ခါတစ်လေကြုံရာကျပန်းစားတယ်။
♥ ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
အိမ်မှာဆိုပာင်းတွေဒီထက်ကောင်းမှာလို့...။
♥ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
►အလုပ်မရှိသေးပါဘူးဆိုမှ..ဇွတ်ပဲဗျာ...။
♥ အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
►အင်္ကျီလဲတယ်။
♥ ဒုတိယလုပ်မိတာလေး..
►ကွန်ပြူတာဖွင့်တယ်ပြီး..အွန်လိုင်းပေါ်မှာဖလမ်းဖလမ်းလုပ်ပါတယ်။
♥ ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
►ကော်ဖီကြိုက်ပါဘူးဆိုဗျာ...။
♥ ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
►ဘုရားရှိခိုးတယ်။ပြီးတော့တစ်နေ့တာဖြစ်ရပ်တွေကိုချရေးတယ်။
♥ အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
►အွန်လိုင်းပေါ်မှာ လျှောက်ပတ်ပြီး ပိာုလိုဒီလိုလို ယောင်ခြောက်ဆယ် လုပ်နေတက်တယ်။
♥ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
►စားချင်တာတွေအ၀စားပြီးအားတင်းတက်တယ်။
♥ အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
►ဖုန်း၊ပိုက်ဆံနဲ့အခန်းသော့။
♥ မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
►အမေ
♥ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
►မရှိသေးပါ။(ယုံလိုက်ရင် ဒုက္ခပေးတက်လွန်းလို့ ဘယ်သူ့မှမယုံချင်တော့ဘူး)
♥ အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
►လောလောဆယ်မရှိသေးပါ။
♥ ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
►အချစ်ဆုံး လက်တော့ပ်စိမ်းစိမ်းလေး
(ဒင်းလေးကြောင့်ကျွန်တော်ဘ၀စိုပြည်နေတာ..လောလောဆယ်အနေအထားကိုပြောတာပါ..ပီားး)
♥ လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
►စေတနာနဲ့ပေးတာတွေမိုလို့အကုန်ကြိုက်တယ်(အလကားရလို့လဲပါတယ်...:p)
♥ ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
►ကျွန်တော်လုပ်သမျှအကောင်းမြင်ပေးတက်တဲ့ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ
♥ အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
►MMDCတက်ချင်တယ်။မတက်ရရင်လဲအလုပ်လိုချင်နေပါတယ်..ရှာပေးကြဗျာ..။




အားလုံးပဲသာယာပျော်ရွှင်တဲ့နေ့ရက်လေးဖြစ်ပါစေဗျာ။
ချောကလက်ကျူးပစ်လေး


Wednesday, January 4, 2012

ကိုယ့်ရဲ့ကောင်မလေးကိုယ့်ကိုပိုချစ်စေဖို့


ချစ်သူရှိတဲ့ကောင်လေးတိုင်း ကိုယ့်ရဲ့ကောင်မလေးကိုယ့်ကို ပိုချစ်လာတာခံချင်ရင်
အောက်မှာပေးထားတဲ့ အချက်လေးအတိုင်း ဂရုတစိုက်နေထိုင်ပြုမူကြည့်ပါ။
ရည်းစားရှိတဲ့သူငယ်ချင်းကောင်မလေးတွေကိုသူတို့ရဲ့ချစ်သူကောင်လေးတွေရဲ့
ဘယ်လိုအပြုအမူကိုသဘောကျလဲလို့မေးပြီးဒီပို့စ်လေးကိုရေးထားတာဖြစ်လို့
တော်တော်များများသောကောင်မလေးတွေလိုချင်တဲ့အပြုအမူနဲ့တော့တိုက်ဆိုင်မယ်ထင်ပါတယ်။





  • သူမက အရမ်းလှတယ် အရမ်းဆွဲဆောင်အားကောင်းတယ် ဆိုတာ မကြာခဏ ပြောပေးပါ။
  • သူမရဲ နဖူးလေးကို မကြာခဏ ညင်ညင်သာသာ နမ်းပေးပါ။
  • မနက်အိပ်ယာထချိန်တိုင်း သူမ လူကိုယ်တိုင်မပာုက်ရင်တောင် မက်ဆေ့ နဲ့ပဲဖြစ်ဖြစ် နှိုးပေးပါ။ 
  • တခြား သူငယ်ချင်းကောင်မလေးတွေနဲ. အပြင်သွားမယ်ဆိုတိုင်း သူမကို အမြဲ ခေါ်သွားပါ။ 
  • သူမ ဆံပင်လေးတွေကိုလဲ မကြာခဏ ခပ်ဖွဖွလေးသပ် ပေးပါ။
  • မင်းအသံ ဘယ်လောက်ဆိုးဆိုး သူမကို မကြာခဏသီချင်းဆိုပြ ပါ။ 
  • သူမကို မချီပြီးတော့ပဲဖြစ်ဖြစ် ပွေ့ဖက်ကလိထိုးပြီးတော့ပဲဖြစ်ဖြစ် မကြာခဏ ကစားပေးပါ။ 
  • ရီစရာကောင်းတဲ့ ဟာသလေးတွေကို မကြာခဏ သူမကို ပြောပေးပါ။ 
  • သူမကို ဘယ်လိုချစ်ကြောင်း ဖွဲ့နွဲ့ပြီး အမြဲပြော ပေးပါ။ 
  • တစ်ခါတစ်ရံ သူမကို ကုန်းပိုးပြီးတော့ လမ်းလျှောက်ပါ။ 
  • သူမ အထီးကျန်နေတဲ့ အချိန်ဆိုရင်လဲ သူငယ်ချင်းတစ်ယောက်လို အားပေးပါ။ 
  • သူမရဲ့   မျက်လုံးလေးတွေကို မကြာခဏ  ပြုံးပြီးစိုက်ကြည့်ပါ။
  • သူမနဲ ကျမှ ဘယ်လိုချစ်တက်သွားတယ်ဆိုတာကို ကို မကြာခဏပြောပေးပါ။


ချောကလက်ကျူးပစ်လေး